" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 7, 2022

အင်ဒိုနီးရှားကို ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်လာ

DVB
2022-03-07

 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဘီရွန်းမြို့ကို မတ်လ ၆ ရက် မနေ့မနက်အစာပိုင်းက ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ဦး စက်လှေနဲ့ ရောက်ရှိလာပါတယ်။

ဒုက္ခသည်တွေကြားမှာ ကလေး ၃၅ ယောက်ပါဝင်ပြီး ကျေးရွာထဲဝင် လုံခြုံမှုအကာအကွယ်ပေးဖို့ တောင်းခံ ပါ တယ်။

ရွာခံတဦးက “ပင်လယ်ကို ဘယ်လောက်ကြာအောင် ဖြတ်ခဲ့သလဲဆိုတာ မသိရသေးဘူး၊ အစိုးရလက်ထဲပဲ လွှဲပေး ရမှာပါ၊ လူသားချင်းစာနာ အကူညီပေးရမယ့်ကိစ္စပဲ၊ ဒီက လက်မခံဘူးဆိုရင် သူတို့ ဘယ်သွားမလဲ” လို့ ပြောပါ တယ်။


ဒုက္ခသည်တချို့က ကျန်းမာရေးအခြေအနေမကောင်းဘူးလို့လည်း စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

မနှစ်က ဒီဇင်ဘာမှာ အင်ဒိုနီးရှားက ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို လက်ခံခဲ့တာပါ။ အင်ဒိုနီးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ဒုက္ခသည် တွေကို လက်ခံလေ့မရှိပါဘူး။

အခုရောက်လာတဲ့ ရိုဟင်ဂျာတွေက တတိယနိုင်ငံတခုခုမှာ အမြဲ နေထိုင်ခွင့်ရရှိဖို့အတွက် အင်ဒိုနီးရှားမှာ ယာယီ ခိုလှုံတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */