" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, June 4, 2021

ရိုဟင်ဂျာဒုက္ခသည် ၈၀ နီးပါး အင်ဒိုနီးရှားကျွန်းတခုမှာ ရောက်သွား

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဇွန်၊ 2021
Indonesia Rohingya
အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀ လောက် အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုး တန်း က ကျွန်းတခုကို ဒီကနေ့ပဲ ရောက်လာခဲ့တဲ့အကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့က ပြောပါတယ်။
ဒုက္ခသည်တွေစီးလာတဲ့ စက်လှေဟာ ကပ္ပလီပင်လယ်ပြင်မှာ စက်ပျက်ပြီး ပင်လယ်ထဲမှာ ရက်ပေါင်း ၁၁၃ ရက်ကြာ မျောနေခဲ့ပြီးတော့မှ ခုလို အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေကို ရောက်လာတာလို့ ဒုက္ခသည်အရေး ဆောင် ရွက်နေသူတွေကို ကိုးကားပြီး AFP နဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲကနေ ပိုမို ကောင်းမွန်တဲ့ ဘဝသစ် ထူထောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မလေးရှားနိုင်ငံကို ဦးတည်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဒီဒုက္ခသည်တွေ ထွက်ခွာလာကြတာလို့ လည်း ပြောပါတယ်။

ဒီဒုက္ခသည်တွေ ဆိုက်ရောက်လာတဲ့သတင်းကို သူတို့ သိရှိထားကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR က ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောသေးပါဘူး။ အင်ဒိုနီးရှားအစိုးရကလည်း ဒီဒုက္ခသည်တွေ ရောက်ရှိလာတာနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာ မပြောသေးပါဘူး။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေပြီး လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ဒေသတွင်း စီးပွားရေးကောင်း မွန်တဲ့နိုင်ငံတွေမှာ အခြေချနေထိုင်ခွင့်ရဖို့ ပင်လယ်ပြင်ကိုဖြတ်ပြီး ခုလို သွားရောက်လေ့ ရှိကြတာပါ။ မြန်မာ နိင်ငံမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် သုံးနှုန်းပြောဆိုတာ မရှိပေမယ့် ဒုက္ခသည် နေရပ်ပြန်နိုင်ရေး ကြိုးပမ်း မှုတွေတော့ ရှိခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */