" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ဘေးရှောင်. Show all posts
Showing posts with label စစ်ဘေးရှောင်. Show all posts

Sunday, August 18, 2019

စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၃ဝကိုစစ်တွေ တွင်ဆက်လက်ပညာသင်ကြားနိုင်ရန် စီစဉ်

နိရဉ္စရာ
နီမင်းထွန်း
နိရဉ္စရာ ၊ သြဂုတ် ၁၈/၂ဝ၁၉



ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ပညာသင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသား ကျောင်းသူ ၃ဝ ကို စစ်တွေမြို့တွင် ပညာဆက်လက် သင်ကြားခွင့်ရရှိနိုင်ရန် စီစဉ်နေသည်ဟု သတင်းရရှိ သည်။

Friday, July 5, 2019

စစ်ဘေးရှောင်စခန်း မြစ်ရေလျှံလို့ နေရာပြောင်းရွှေ့ရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-05
မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းဘေးက စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ရေကြီးနေတာကို ၂၀၁၉ ဇူလိုင် ၄ ရက်နေ့ကတွေ့ရစဉ် Photo: Khine Murn Chun-Mrauk U

                                       
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အရှေ့ဘက်မှာရှိတဲ့ လေးမြို့မြစ်ဟာ တောင်ကျရေတွေကြောင့် ပြည့်လျှံ လာ ခဲ့ တာဖြစ်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းကိုလည်း အရေးပေါ်နေရာပြောင်းရွှေ့နေရတာဖြစ်ပါတယ်။

Saturday, June 8, 2019

ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်စစ်ရှောင်စခန်း သို့ ၀င်ရောက်ခိုလှုံလာသူ ၃၀၀၀ ကျော်ထိ မြင့်တက်

နိရဉ္စရာ
နောင်ခိုင်အောင်
စစ်တွေ၊ ဇွန် ၇/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် စစ်ဘေးရှောင် စခန်းသို့ ထွက်ပြေးခိုလှုံလာသူ ၃၀၀၀ ကျော်ထိ မြှင့်တက်လာကြောင်း သတင်းရရှိသည်။

“ အခုက လက်ရှိ ကျေးရွာ ၉ ရွာကနေ စစ်ရှောင်ပြည်သူ (၃၄ဝဝ)ခန့်ရောက်ရှိလာပါတယ်။ ဇွန်လ ၄ ရက်နေ့ က စစ်ဘေးရှောင် ၁၅၁၇ ယောက်ရှိတယ်။ ၅ ရက်နေ့မှာတော့ ခနောင်းကြီးနဲ့ စေတီပြင်ကြားမှာ တိုက်ပွဲဖြစ် တယ်။ အဲဒီတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူ ၃၄၀၀ လောက်ရှိမယ် ” ဟု ပေါက်တောပြင်စခန်းတွင်း အ တွင်းရေးမှူးတာဝန်ယူဆောင်ရွက်နေသည့် ဦးသဘာဝနဒီက နိရဉ္စရာသတင်းဌာနကို ပြောသည်။

Sunday, May 26, 2019

ရခိုင်စစ်ဘေးဒုက္ခသည်အရေး UNHCR ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန) 
26 မေ၊ 2019
မသိင်္ဂီထိုက်
ရခိုင်ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist))
ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်နေကြရသူတွေ၊ နောက် မူဆလင် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ဆက်လက် ထောက်ပံ့ ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မ ဟာမင်းကြီးက မြန်မာခရီးစဉ် အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။ စစ်ရှောင်နေကြရသူတွေ၊ ဒုက္ခ သည် တွေ နေရပ်ရင်းတွေကို ပြန်နိုင်ခွင့်ရရေး အရေးကြီးတယ်လို့လည်း ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂ မဟာမင်း ကြီးက အလေးထား ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

Monday, May 13, 2019

တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မြန်မာ့အလင်း
စစ်တွေ မေ ၁၂

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်


ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင် တက်ရောက်၍ ထောက်ပံ့ပေးအပ်သည်။

Sunday, May 12, 2019

ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ အခြေအနေ

Narinjara TV
Posted by Narinjara on Sunday, May 12, 2019

ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ အခြေအနေနှင့် ပတ်သက်ပြီးCSO ပေါင်း စုံ စစ်ဘေး ရှောင် များကူညီစောင့်ရှောက်ရေးအဖွဲ့(ရသေ့တောင်မြို့နယ်)
ဥက္ကဋ္ဌ ဦးကျော်သာခင်နှင့် တွေ့ဆုံ မေးမြန်းခန်း

Narinjara TV
ရသေ့တောင်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ အခြေအနေနှင့် ပတ်သက်ပြီး CSO ပေါင်းစုံ စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးအဖွဲ့(ရသေ့တောင်မြို့နယ်) ဥက္ကဋ္ဌ ဦးကျော်သာခင်နှင့် တွေ့ဆုံ မေးမြန်းခန်း
Posted by Narinjara on Sunday, May 12, 2019

Saturday, May 4, 2019

ရခိုင်စစ်ရှောင်များအား NGO နှင့် INGO များ ကူညီ ခွင့်ပေးရန် တိုက်တွန်း

DVB
By ဒီဗွီဘီ
4 May 2019
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ် ဘေးဒုက္ခသည်တွေကို INGO နဲ့ NGO တို့အပါအဝင် အရပ်ဘက်အဖွဲ့တွေရဲ့ အကူညီတွေ ဆက်လက်ကူညီ ခွင့်ပေးဖို့ ပြည်နယ်အစိုးရကို တိုက်တွန်ကြောင်းအဆိုကို မေလ ၂ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင် သွင်းခဲ့ပါတယ်။

Wednesday, April 24, 2019

ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း သောက်သုံးရေ လိုအပ်နေ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီလ ၂၄/၂၀၁၉


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ဆင်ခုန်းတိုင် စစ်ဘေးရှောင်ကယ် ဆယ်ရေးစခန်းတွင် သောက်သုံးရေ လိုအပ်နေကြောင်း သတင်းရရှိသည်။

"ရွာမှာက လူဦးရေ လေးရာကျော်လောက်ရှိပါတယ်။ စစ်ဘေးရှောင်စခန်း မှာက လူဦးရေတစ်ထောင်ကျော် ရှိပါတယ်။ အကုန်လုံးပေါင်းလိုက်ရင် လူနှစ်ထောင်နီးပါးရှိပါတယ်။ အရင်တုန်းက ရွာသားသက်သက်သုံးခဲ့ တာတောင် နွေရာသီရေခန်းတတ်ပါတယ်။ ခုအရေးတကြီးလိုအပ်နေတာက သောက်ရေပါ။ သောက်လည်း သောက်/ သုံးလည်းသုံးနေရတော့ နောက်တစ်ပတ်လောက်ဆိုရင် ကန်မှာရေရှိတော့မှာ မဟုတ်ပါဘူး" ဟု ဆင်ခုန်းတိုင်ကျေးရွာ ရယကစာရေး ဦးဘစောက နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။

Saturday, April 6, 2019

ရခိုင် စစ်ဘေးရှောင်အတွက် အလှူခံနေသည့်အဖွဲ့ကို ရဲတပ်ဖွဲ့ တားမြစ်

DVB
By ဒီဗွီဘီ
6 April 2019

ရခိုင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အလှူခံနေတဲ့ မျိုးဆက်ရင်းသွီးပရဟိတ လူငယ်များ အသင်းကို ရဲတပ်ဖွဲ့တွေက လာရောက်တားမြစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မျိုးဆက်ရင်သွီးပရဟိတလူငယ်များအသင်းက ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေနဲ့ စားနပ် ရိက္ခာထောက်ပံမှုတွေပြုလုပ်ဖို့ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်က စစ်တွေမြို့ မြို့မ ဈေးအနီး လာရောက်အလှူခံခဲ့တာပါ။

Monday, April 1, 2019

ဘူးသီးတောင်ဒေသ လက်နက်ကြီးကျည်ကျ၊ ရွာခံများ တိမ်းရှောင်ရ

MYANMAR NOW
By အောင်ငြိမ်းချမ်း
1/04/2019

၂၀၁၉ ဇန်နဝါရီလက တွေ့ရသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ စစ်ရှောင် ဒေသခံတချို့ (ဓာတ်ပုံ-အောင်ငြိမ်းချမ်း/Myanmar Now)


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ စံဂိုးတောင်ကျေးရွာအုပ်စုအတွင်း မတ် ၃၁ နံနက်ပိုင်းက လက်နက်ကြီးကျည် အလုံး ၂၀ ခန့် ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ရွာ ၄ ရွာမှ ဒေသခံတို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထိုဒေသမှ လွှတ်တော်အမတ်များက ပြောသည်။

မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်မှာ ပစ်ခတ်မှု တွေ ကြောင့် စစ်ဘေးရှောင် ၂၀၀၀ ထပ်တိုး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန် ၊30 မတ်၊ 2019

ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ရပ်ရွာအတွင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျာ် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ မနေ့က မြောက် ဦးမြို့နယ် အောက်သကန်ရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုခံရအပြီး အောက်သကန် အပါအ၀င် အနီးနားရွာ က ရွာသား ၈၀၀ နီးပါး ရပ်ရွာ ကနေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဘူးသီး တောင်မြို့နယ်ဘက်မှာလည်း တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ရွာသား ၁၂၀၀ ကျော် ရွာကနေ တိမ်းရှောင်နေရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်စစ်ဘေးရှောင်ဦးရေ ၂၃၀၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)  
မဆုမွန်၊ 30 မတ်၊ 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားနားက ရေတွင်းမှာ ဒေသခံတွေ ရေလာခပ်စဉ် (သြဂုတ်၊ ၀၄၊ ၂၀၁၅)


ရခိုင် လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်တွင်း စစ် ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော် အထိ ရှိလာနေပြီး ဒီ စစ်ပြေး ဒုက္ခသည်တွေအတွက် သောက်သုံးရေ ရှား ပါးပြတ်လပ်နေပြီး ရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ယာယီစခန်းတွေထဲ လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေ တနေ့ထက် တနေ့ပိုတိုးလာနေပြီး စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး စောင့်ရှောက်မှုတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်း ထားပါတယ်။

Saturday, March 30, 2019

ရခိုင်မှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သရွေ့ICRC က ထောက်ပံ့ကူညီမည်ဟုဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝ မြေ)
နိရဉ္စရာ၊ မတ် ၃ဝ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ မပြန်နိုင်သေးသရွေ့ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)က ပြောသည်။

"

Wednesday, March 27, 2019

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု စာရင်း ANP ပါတီ ကောက်ယူ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-27
မသက်စုအောင်

 ရခိုင်အမျိုးသားပါတီ ANP ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဦးဆောင်တဲ့အဖွဲ့ မြောက်ဦးမြို့နယ်အတွင်း ကွင်းဆင်းစုံစမ်းစဉ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးမှု စာ ရင်းတွေကို ရခိုင်အမျိုးသားပါတီ ANP က ကောက်ယူနေတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် တွေရဲ့ အခြေအနေတွေ၊ စစ်ပွဲကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ ဖမ်းဆီးခံရတာ
တွေ နဲ့ မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို ကွင်းဆင်းစုံစမ်းပြီး စာရင်း ကာက် တာတွေ ဆောင်ရွက်နေတာလို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါ တယ်။

Tuesday, March 5, 2019

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် တရက်တည်း ဒေသခံထောင်ချီထွက်ပြေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံများထွက်ပြေး (ဓါတ်ပုံ ခရက်ဒစ်- Khine Murn Chun)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း မနေ့ ညပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေအပြီးမှာပဲ ရွာ သား(၂၅၀၀) ခန့် နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ရှောင်တွေနဲ့အကူညီပေးရေးအဖွဲ့တွေက ပြော ပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အတွင်း တချိန်တည်း တပြိုင်တည်းမှာ စစ်ဘေးတိမ်းရှောင်ရသူ ပမာဏအများဆုံးဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်း အိန်ကနေ သတင်းပေးပို့ ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */