လွတ်လပ်တဲ့ အာရှအသံ
2019-04-11
မသီရိမင်းဇင်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ဟာ တစ်ဖြည်းဖြည်းနဲ့
များပြားလာနေပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃ သောင်းနီးပါးကို
ရောက်ရှိ နေပြီ ဖြစ်ပါတယ်။
ဒုက္ခသည်တွေဟာ တိုက်ပွဲလွတ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေနဲ့
ဘုန်းကြီးကျောင်းတွေအပြင် နီး စပ်ရာဆွေမျိုးအိမ်တွေမှာ
ယာယီသွားရောက်ခိုလှုံနေကြရတာပါ။