" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပိတ်ရန်စီစဉ်. Show all posts
Showing posts with label ပိတ်ရန်စီစဉ်. Show all posts

Friday, February 14, 2020

လုံခြုံရေး အခြေအနေကြောင့် ရခိုင် မြို့နယ် ၉ ခုမှ တက္က သိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန ၂ဝ ကို ပိတ်ရန် စီစဉ်

နိရဉ္စရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဖဖေဖေါ်ဝါရီ ၁၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ တိုက်ပွဲ ဖြစ်ပွားနေသော မြို့နယ် ၉ ခုမှ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၂ဝ ကို လုံခြုံရေး အ ရ ယခုနှစ်တွင် ယာယီ ပိတ်ရန် စီစဉ်နေပြီး စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တစ်ခြား စာစစ်ဌာနများသို့ ပြောင်းရွှေ့ ဖြေဆိုရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက “ စုစုပေါင်း မြို့နယ် ၉ ခုက ကျောင်းပေါင်း ၂ဝ လောက်ကို ယာ ယီပိတ်ဖို့ ပြည်နယ် အစိုးရကို တင်ပြထားပါတယ်။ အဲဒီတင်ပြထားချက်ကို မြန်မာနိုင်ငံ စာစစ်ဌာကိုလည်း အကြောင်းကြားထားပါတယ်။ လုံခြုံရေးအရ ရခိုင်ပြည်နယ် အစိုးရရဲ့ စီမံမှုအောက်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြို့နယ်၊ ခရိုင် ပညာရေးမှူးတွေနဲ့ ညှိနိုင်းပြီး ယာယီပိတ်ဖို့ တင်ပြထားပါတယ်” ဟု ပြော ကြား သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */