" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆတ်ရိုးကျချောင်း. Show all posts
Showing posts with label ဆတ်ရိုးကျချောင်း. Show all posts

Saturday, July 6, 2019

ဆတ်ရိုးကျမှ ဖမ်းဆီးခံသမ္ဗာန်လုပ်သား ၉ ဦး အာမခံ ဖြင့် ပြန်လွတ်လာ

နိရဉ္စရာ
နောင်ခိုင်အောင်
စစ်တွေ၊ ဇူလိုင် ၆/ ၂ဝ၁၉ 


ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဆိပ်ကမ်းမှ သဗ္ဗာန် လှေလုပ်သား ၉ ဦးကို ဇူလိုင် ၅ ရက်နေ့က ဖမ်းဆီးပြီး အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၉ ဦးမှာ ဦးဆန်းဝင်း (၄၁) နှစ်၊ ဦးအောင်ကျော်ထွန်း (၃၂) နှစ်၊ ဦးဘသိန်းချေ (၄၃) နှစ်၊ ဦးရွှေလှ (၄၄) နှစ်၊ ဦးမောင်သိန်းနု (၅၇) နှစ်၊ ဦးစောရွှေသိန်း (၅၃) နှစ်၊ ဦးသိန်းမောင် (၅၂) နှစ်၊ ဦးအငြိမ်းချေ (၅၂) နှစ်နှင့် ဦးကျော်ထွန်းစိန် (၃၁) နှစ်တို့ဖြစ်ကြသည်။

Sunday, June 23, 2019

AA အဖွဲ့က ပင်လယ်သွားတွဲဆွဲရေယာဉ်ကို ရှော့ တိုက်ဒုံးနှင့် ပစ်ခတ်သဖြင့် နှစ်ဦးသေတစ်ဦးဒဏ်ရာရ

မြန်မာတိုင်းမ်နေ့စဉ်
23 Jun 2019
ဓာတ်ပုံ - တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး 

စစ်တွေမြို့အရှေ့ဘက် ဆတ်ရိုးကျချောင်းဝအနီးတွင် ကျောက်ချရပ်နားထားရှိသော ပင်လယ်သွားတွဲ ဆွဲ ရေယာဉ်တစ်စီးကို ဇွန် ၂၂ ရက်နံနက် ၃ နာရီ ၄၅ မိနစ်ခန့်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှော့ တိုက်ဒုံးနှင့် လာရောက်ပစ်ခတ်သဖြင့် နှစ်ဦးသေတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။

Saturday, June 22, 2019

တပ်မတော်(ရေ) ကို AA တိုက်ခိုက်တာကြောင့် စစ် သည်အချို့ ထိခိုက်ဒဏ်ရာရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-22
ပစ်ခတ်မှုဖြစ်ပွားတဲ့ ဆတ်ရိုးကျချောင်းဝကိုတွေ့ရစဉ်
Photo: RFA 
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝအနီးမှာရှိတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီး ဒီနေ့မနက်က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခံရတာကြောင့် ရေယာဉ်ရဲ့ကိုယ်ထည်ပိုင်း အနည်းငယ်ထိ ခိုက် ပျက်စီးသွားသလို စစ်သည်အချို့လည်း ဒဏ်ရာရသွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကိုပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */