" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 9, 2023

ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါး လိုက်ပါတဲ့လှေ အင်ဒိုနီးရှား မှာ ဆိုက်ကပ်

RFA
RFA Burmese
2023.01.08

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဆိုက်ရောက်လာသည့် လှေပေါ်တွင် လိုက်ပါလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ Reuter

အမျိုးသမီးနဲ့ကလေးအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါးကို တင်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားအနောက်ဘက်ကမ်းကို မနေ့က ဆိုက်ကပ်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မနှစ်က နိုဝင်ဘာကစလို့ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေကို တင်ဆောင်ပြီး ဆိုက်ကပ်လာတဲ့ ငါးစင်းမြောက်လှေ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဆိုက်ရောက်လာသည့် လှေပေါ်တွင် လိုက်ပါလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: AFP)
 
အမျိုးသား ၆၉ ယောက်၊ အမျိုးသမီး ၇၅ ယောက်နဲ့ ကလေးအယောက် ၄ဝ လိုက်ပါလာတဲ့ လှေဟာ ဒေသစံ တော် ချိန် မနက် ၂ နာရီခွဲလောက်မှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်ကို ရောက် လာ တာလို့ ဒေသဆိုင်ရာ ရဲမှူးက မနေ့က ပြောပါတယ်။
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဆိုက်ရောက်လာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: AFP)

ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မနှစ်က ဒီဇင်ဘာ ၁၀ ရက်က ထွက်ခွာလာတာလို့ လှေပေါ်မှာ ပါလာတဲ့ ရိုဟင်ဂျာတစ်ယောက်က ပြောပါတယ်။ အားလုံး ကျန်းမာပုံရပေမယ့် ကိုယ်ဝန်ဆောင် တစ်ယောက်ပါပြီး လူ လေး ယောက်က ဖျားနေတယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေကို ဒေသအစိုးရပိုင် အဆောက်အအုံကို ပို့မယ်လို့လည်း ပြောပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */