Friday, June 14, 2024

ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံခြားသား ၃၆၃ ဦး ရှိပြီး ထိုအထဲတွင် နိုင်ငံခြား သား ၁၁၄ ဦးပါဝင်

Narinjara
ဂျွန်နသန်၊ ဇွန် ၁၄/၂၀၂၄ 

(၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၂၄ ခုနှစ် မေလအထိ ရိုဟင်ဂျာ ၉၉၄ ဦးကို ရာဇ၀တ်မှုများဖြင့် ဖမ်းဆီးထား)

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံခြားသား ၃၆၃ ဦး အကျဉ်းကျလျက်ရှိပြီး ထိုအထဲတွင် မြန်မာနိုင်ငံသား ၁၁၄ ဦး ပါဝင်သည်ဟု The Financial Express က သတင်းဖော်ပြသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရာဇ၀တ်မှုအမျိုးမျိုး၊ကျူးလွန်ခဲ့မှုများအတွက် နိုင်ငံခြားသား (၃၆၃) ဦးသည် အကျဉ်းထောင်များတွင် အကျဉ်းကျလျက်ရှိကြောင်း၊ ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ် ထောင်အသီးသီးတွင် ထိန်းသိမ်းထားကြောင်း ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က နိုင်ငံ၏ လွှတ် တော်တွင် ဇွန် ၁၂ ရက် တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များတွင်အကျဉ်းကျ နေသည့် နိုင်ငံခြားသား (၃၆၃)ဦး မှာ အိန္ဒိယ နိုင်ငံ သား (၂၁၂)ဦး၊ မြန်မာနိုင်ငံသား(၁၁၄) ဦး၊ ပါကစ္စတန်နိုင်ငံသား (၇)ဦး၊ မလေးရှားနိုင်ငံသား (၆)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား (၆) ဦးနှင့် ဘီလာရုနိုင်ငံသား (၄) ဦး တရုတ်နိုင်ငံသား(၄) ဦး တို့ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသား(၁၁၄) ဦးအား မည်သည့် အကျဉ်းထောင်များတွင် ထိန်းသိမ်းထားခြင်းကို ဖော်ပြထားခြင်း မရှိချေ။

၎င်းအပြင်၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၂၄ ခုနှစ် မေလအထိ ရိုဟင်ဂျာ ၉၉၄ ဦးကို ရာဇ၀တ်မှုဆိုင်ရာ မှုခင်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးထားကြောင်းလည်း ၄င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

ယခုဖမ်းဆီးခံထားသူ ၉၉၄ ဦးသည် နိုင်ငံခြားသား အကျဉ်းသား (၃၆၃) ဦးတွင်ဘကျုံးဝင်မှုမရှိဘဲ သီး ခြား ဖမ်းဆီးခံထားရသူများဖြစ်ကြသည်။

မြန်မာနိုင်ငံက ထွက်ပြေးလာသည့် မွတ်ဆလင်စခန်းများတွင် ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါ ဝင်နေသည့် အုပ်စုအများအပြားကို တရားဥပဒေစိုးမိုးရေးအေဂျင်စီများက ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ထောက်လှမ်းရေး အေဂျင်စီများသည် ရိုဟင်ဂျာဒုက္ခသည် စခန်းအတွင်းရှိ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထား အချက်အလက်များကို ရှာဖွေ စုံးစမ်း ထောက်လှမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက လွှတ်တော်တွင် ဖြေကြားပြော ဆိုခဲ့သည်။ 

Source/ The Financial Express and Photo by BBC

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */