Tuesday, April 27, 2021

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ဘရူနိုင်း အဆိုပြု ထား

ဧပြီ ၂၆၊ ၂၀၂၁
M-Media
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါ

-အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါကို ခန့်အပ်ဖို့ ဘရူးနိုင်းက စီစဉ်နေပါတယ်။

ဘရူနိုင်းဟာ လက်ရှိ အာဆီယံ ဥက္ကဌပါ။ စနေနေ့ ဂျကာတာမှာလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အချက် ၅ ချက်ကို အဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြပါတယ်။

အဲဒီ ၅ ချက်ထဲမှာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ကာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့လည်း ပါဝင်ပါတယ်။

ဟာဆန် ဝီရာဂျူဒါဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဘရူနိုင်းရဲ့ ဒီအဆိုပြုမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို အကြောင်းကြားထားပါတယ်။

စင်ကာပူနဲ့ ထိုင်းတို့ကလည်း မြန်မာ့အရေးအတွက် ကိုယ်စားလှယ်လောင်းခန့်အပ်ဖို့ အဆိုပြုထားသူတွေရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

၂၀၁၇ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကလုပ်တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာအမျာအပြားသေဆုံးပြီး၊ လူသိန်းချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့ကိစ္စအတွက် ဟာဆန် ဝီရာဂျူဒါက ဝေဖန်ခဲ့ဖူးပါတယ်။


Ref: Nikkei Asia

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */