" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 25, 2020

Aceh ခရိုင်ကမ်းလွန်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲ ကလေးငယ် အယောက် ၃၀ ပါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 ဇွန်၊ 2020
အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဇွန် ၂၅၊ ၂၀၂၀)

အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါး ထဲမှာ ကလေးငယ် အယောက် ၃၀ ပါတယ်လို့ Aceh မြောက်ပိုင်းခရိုင် ရဲချုပ်ကပြောပါတယ်။

"အခုထိ ကယ်ဆယ်ထားတဲ့ သူတွေထဲ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄၉ ဦး နဲ့ ကလေး အယောက် ၃၀ မှာ ယောကျ်ားလေး ၁၀ ယောက်နဲ့ မိန်းကလေး အယောက် ၂၀ ပါတယ်။" လို့ ရဲချုပ် Tri Hadiyanto ကပြောပါ တယ်။



အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဇွန် ၂၅၊ ၂၀၂၀) 
 
ပင်လယ်ထဲတွင်းမျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာ အယောက် ၁၀၀ နီးပါးကို ဗုဒ္ဓဟူးနေ့မှာ အင်ဒိုနီးရှား ငါးဖမ်းသမားတွေက တွေ့ခဲ့ပြီးတဲ့နောက် Aceh ခရိုင် အာဏာပိုင်တွေ ကယ်တင်ခဲ့တာပါ။

စက်လှေ ကမ်းကပ်ပြီးတာနဲ့ ဒုက္ခသည်တွေကို ဆေးစစ်ဖို့နဲ့ စာရင်းကောက်ယူသွားဖို့ စီစဉ်သွားမယ်လို့ ရဲချုပ် Tri Hadiyanto ကပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ARSA အကြမ်းဖက် လက်နက်ကိုင် အ ဖွဲ့ကြား တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတာမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလား aဒ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေ မဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံသွားဖို့ ကတိပြုထားပါတယ်။
 
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ အနေအစားဆင်း ရဲတဲ့အတွက် ဒုက္ခသည်တွေဟာ အရင်ကလည်း မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားကို စက်လှေတွေနဲ့ သွား ရောက်ခဲ့ကြတာတွေ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၁,၀၀၀,၀၀၀ ကျော်ဟာ ကြပ်ကြပ် ညပ် ညပ် နဲ့ သန့်ရှင်းမှု မရှိတဲ့ စခန်းတွေမှာ နေထိုင်ကြရပြီး တချို့နေရာတွေမှာ ရေနဲ့ ဆပ်ပြာတောင်အသုံးပြုဖို့ မလွယ်ကူဘဲ နေထိုင်နေကြရတဲ့ အခြေအနေမှာ ရှိပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */