" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စိတ်ကြွဆေး. Show all posts
Showing posts with label စိတ်ကြွဆေး. Show all posts

Tuesday, January 7, 2020

နယ်ခြားစောင့်ရဲဝန်ထမ်းနှစ်ဦးအား စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိဟု AA ထုတ်ပြ

နိရဉ္စရာ
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၄ /၂၀၂၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ နယ်ခြားစောင့်ရဲဝန်ထမ်းနှစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ထုတ်ပြန်လိုက်သည်။

ဖမ်းဆီးရမိသူ ၂ ဦးမှာ ဘူးသီးတောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းမှ တပ်ကြပ် အောင်ကျော်
ကျော် (ကိုယ်ပိုင်အမှတ် - လ/၂၁၁၀၇၂)နှင့် တပ်သား ဝင်းမိုးသန်း (ကိုယ်ပိုင်အမှတ် - လ/၂၇၄၅၈၉)တို့ဖြစ် သည်။

Thursday, June 13, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံနေသူနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၂၉၅၀၀ ဖမ်းဆီးရမိ

မြန်မာ့အလင်း သတင်းစာ
နေပြည်တော် ဇွန် ၁၁

မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနှစ်ဦးထံမှ စိတ်ကြွ ဆေးပား နှစ်သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဇွန် ၁၁ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ လှော်ခတ်နေသော လှေ တစ်စင်းကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ရာ လှေပေါ်တွင် လဘာရှေးရာ ဒုက္ခသည်စခန်း၊ တက္ကနဖ့်မြို့နယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ဂျဟတ်တူဆောင်း (ဖ) ရော်ရှီတာမောက်နှင့် ဂျဘူရာမန်(ဖ) မာ မောက် ဟူဆိန်းတို့အား ဆာလာအိတ် နှစ်အိတ်ဖြင့် ထည့်လျက် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂၂၉၅၀၀ (တစ်ပြားလျှင်ကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ်ကျပ်သိန်း ၄၅၉၀) ကို သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန် မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်

Saturday, March 23, 2019

မောင်တော၌ ကျပ်သိန်း သုံးသောင်းလေးထောင် ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

မြန်မာတိုင်းမ်
ကျော်ကြီး 23 Mar 2019 | မြန်မာတိုင်းမ်နေ့စဉ်


                                       အေးမင်းအောင်နှင့်သက်သေပစ္စည်းများ

ဓာတ်ပုံ -မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အင်းဒင်စစ်ဆေးရေး ဂိတ်၌ ကျပ်သိန်းသုံးသောင်းလေးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း မူး ယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

Monday, March 26, 2018

( 26.03.2018 ) ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စာတန်းပါ စိတ်ကြွရူး သွပ်ဆေးပြား ၆၄၉၆၀၀ ပြား ဖမ်းဆီးရမိ ( အင်္ဂလိပ် - မြန်မာ )



ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၉၆၀၀ ပြား ဖမ်းဆီးရမိ

မတ် ၂၆၊၂၀၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်း၌ ရေချမ်းပြင်မှ ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ် ကမ်းသို့ သွားရောက်မည့် မေယုဘုရင် ဇက်ရေယာဉ်ပေါ်ရှိ မော်တော်ယာဉ် တစ်စီးပေါ်၌ တင်ထားသည့် SCG ဆင်တံဆိပ် ဘိလပ်မြေအိတ်များအတွင်းမှ ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စိတ်ကြွ ရူးသွပ်ဆေးပြား ၆၄၉၆၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */