" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တွေမြီု့. Show all posts
Showing posts with label စစ်တွေမြီု့. Show all posts

Friday, August 7, 2020

စစ်တွေမြို့နယ်တွင် မွတ်ဆလင်နှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများပြော

DMG
သက်ပိုင် | DMG
သြဂုတ် ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အတွင်းမြောင်ရွာအနီးတွင် သြဂုတ် ၃ ရက် ည ၁၀ နာရီကျော်အချိန်က မွတ်ဆလင်အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုတွင် သက္ကာယ်ပြင်ကျေးရွာနေ ကိုလိုလူယာဆိဒိခ် ၄၅ နှစ်မှာ ရင်ဘက်၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးသွားခဲ့ကာ ရာဘာကွင်းဒုက္ခသည်စခန်းတွင်နေထိုင်သူ ကိုအာဘူးကာ ၃၅ နှစ်မှာ နောက်စေ့မှ ကျည်ဖောက်ဝင်ကာ ယာဘက်မျက်လုံးမှဖောက်ထွက်သွားသည့် ဒဏ်ရာရရှိခဲ့ကြောင်း ကိုအာဘူးကာ၏ ယောက်ဖဖြစ်သူ ဦးရွှေမောင်ကဆိုသည်။

Tuesday, May 19, 2020

စစ်တွေမြို့ ရိုဟင်ဂျာရပ်ကွက်ဟောင်းမှာ နေထိုင်သူတွေ ဖယ်ရှားဖို့ အမိန့်ထုတ်


VOA
ဗွီအိုအေ (မြန်မာဌာန) 
စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ တွေ့ရတဲ့ အိမ်တချို့ (ဓာတ်ပုံ - Morn Kaung)
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်အိမ်ပေါင်း ၁,၂၅၅ လုံးကို အချိန်သုံးလအတွင်း ဖယ်ရှားဖို့ မြို့နယ်အာဏာပိုင်တွေ သတိပေးထားတဲ့အကြောင်း တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအို အေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြထားပါတယ်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက် (ဓာတ်ပုံ - Morn Kaung)

စစ်တွေမြို့ စက်ရုံစုရပ်ကွက်ဟာ ယခင်က ရိုဟင်ဂျာမွတ်ဆ လင်တွေ နေထိုင်ခဲ့တဲ့ ရပ်ကွက်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ရခိုင် မြောက်ပိုင်း အကြမ်းဖက်မှု ပဋိပက္ခတွေမှာ အဲဒီဒေသခံမွတ် ဆလင်တွေ တိမ်းရှောင်သွားတဲ့ နောက် အနယ်နယ် အရပ် ရပ်က လူတွေ အခြေချဝင်ရောက်လာတာ ၇ နှစ်ကျော်လာပြီး ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */