" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, May 2, 2024

စစ်ကောင်စီ၏ ပယောဂကြောင့် ရိုဟင်ဂျာနှင့် ရခိုင်တို့၏ တဒင်္ဂချစ်ကြည်ရေး ပြိုလဲပြီလော

Myanmar Now
ရောင်နီ
May 1, 2024

စစ်ကောင်စီသည် ခေတ်အဆက်ဆက်က ၎င်းတို့ဖိနှိပ်ခဲ့သော ရိုဟင်ဂျာမွတ်စလင်များကို လက်နက်တပ်ဆင်ပေး၍ တစ်ဖုံ၊ ဆန္ဒပြခိုင်း၍ တစ်နည်း အသုံးချကာ ဒေသခံများ၏ အားပေးထောက်ခံမှုရနေသော AA ကို တိုက်ခိုက်ရန်၊ ဒေသတွင်းပဋိပက္ခဖန်တီးရန် အပြင်းအထန် ကြိုးပမ်းနေသည်။

ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေး ပြတ်တောက်နေမှုသည် အာရက္ခတပ်တော် (AA) အင်အား အတော်အတန်ကြီးထွားလာသည့် ၂၀၂၁ နောက်ပိုင်းတွင် အဆုံးသတ်နိုင်ခဲ့သည်။

Tuesday, April 23, 2024

ဘူးသီးတောင်ကို လက်မလွှတ်ရရန် စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချ

Myanmar Now
April 23, 2024


အင်အားကြီးထွားလာသည့် ရခိုင်တပ် AA ကို တန်ပြန်ရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် စစ်တပ်က ရိုဟင်ဂျာအပါအဝင် မွတ်စလင်များကို စစ်သင်တန်းနှင့် လက်နက်များ ပေးကာ ၎င်းတို့နှင့်အတူ မြို့ကို ထိန်းချုပ်ခိုင်းထားသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက စွပ်စွဲလိုက်ပြီး ယင်းဒေသမှ ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

Sunday, April 21, 2024

ရိုဟင်ဂျာများအား အဓမ္မစစ်သားစုဆောင်းခြင်း၊ AA အားဆန့်ကျင်ကြောင်းဆန္ဒပြပွဲအတုများ စသည့်စစ်ကောင်စီ၏လုပ်ရပ်များအား သတိထားရန် NUG ထုတ်ပြန်

လူထုနွေဦး
မောင်မောင်/ People’s Spring
2024.04.21  

(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓာတ်ပုံ - စစ်​ကောင်စီ)

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုး(NUG) က ယနေ့ (ဧပြီ ၂၁ရက်)တွင် ကြေညာချက်ထုတ်ပြန်ရာ နိုင်ငံရေးလှည့်ကွက်များအပါအဝင် စစ်ကောင် စီ၏ လုပ်ရပ်များအား သတိထားကြရန် တိုက်တွန်းထားသည်။

Thursday, April 18, 2024

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

ဧရာဝတီ
၂၀၁၇ ခုနှစ်က ဘူးသီးတောင်မြို့တွင် တွေ့ရသည့် စစ်သားများ
 
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၂ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံထောင်နှင့်ချီ ဖမ်းဆီးခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

Tuesday, April 9, 2024

ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား

ဧရာဝတီ
8 April 2024
ဆောင်းပါး

ဧပြီလ ၁ ရက် နေပြည်တော်တွင် တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ကြစဉ်


ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့၌ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းခဲ့ပြီး တရုတ်စီမံကိန်းဧရိယာများ ပိတ်ဆို့ကန့်သတ်ခံလာရချိန် တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ဧပြီ ၁ ရက်တွင် နေပြည်တော်သို့လာရောက်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့်အပြင် တရုတ်စစ်တပ်ကလည်း မြန်မာနယ်စပ်အနီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

Sunday, April 7, 2024

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ခန့်

ဧရာဝတီ
6 April 2024


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘိရှော့ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ဧပြီလ ၅ ရရက်နေ့တွင် ခန့်အပ်လိုက်သည်။

Thursday, April 4, 2024

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ဧရာဝတီ
အေးချမ်းဆု
2 April 2024
ဆောင်းပါး
ပလက်ဝ သိမ်းပြီးသည့် ဇန်နဝါရီလ ၁၄ ရက်မှစ၍ ရသေ့တောင် သိမ်းပြီးသည့် မတ်လ ၁၇ ရက်နေ့အထိ နှစ်လခန့်အား ရခိုင်ထိုးစစ် ဒုတိယအဆင့်ဟု ဆိုရမည် / AA Info Desk

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ်ပြီးနောက် ရက္ခိုင့်တပ်တော် (AA) သည် တဖက်က ဒေသအုပ်ချုပ်ရေး၊ စည်းရုံးရေး၊ တရားစီရင်ရေး၊ တပ်သားသစ်များ လေ့ကျင့်ဖွဲ့စည်းရေးများ ပြုလုပ်ခဲ့သကဲ့သို့ တဖက်ကလည်း ရခိုင်စစ်မျက်နှာသို့ လက်နက်ခဲယမ်းစုပုံပြီး ရခိုင်စစ်မျက်နှာ ထိုးစစ်အတွက် ပြင်ဆင်ခဲ့၏။

Saturday, March 30, 2024

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

ဧရာဝတီ
by Paul Greening
30 March 2024
သူ့အတွေး သူ့အမြင်

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ရိုဟင်ဂျာများ ဆန္ဒပြနေစဉ်

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးစုအရေးဖဲချပ်ကို ထုတ်သုံးနေပြီး ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးမှ အများအပြားမှာ ထပ်မံ လှည့်ဖျားခံနေရသည်။ ထိုကိစ္စကို ရှင်းပြရမည်ဆိုပါက စစ်ကောင်စီ ရုပ်သေးရုပ်အဖြစ် ကပြ အသုံးတော်ခံနေသူများသည် လူမှုအသိုက်အဝန်း နှစ်ခုလုံးမှ အစွန်းရောက်များဖြစ်သည်။

Myanmar Pressphoto Agency
MPA CJ009
Mar 29, 2024
ဆောင်းပါ

ရက္ခိုင်ပြည်မြောက်ပိုင်း၌ ၁၉ ရာစု အစကပင် နေထိုင်ခဲ့သည့် ရိုဟင်ဂျာဟု ခေါ်တွင်သော လူမျိုးစု တစ်စုသည် မြန်မာနိုင်ငံအတွင်း ယခင် ဆယ်စုနှစ် သုံးခုစာမျှ ၎င်းတို့ လူမျိုးစု၏ အမည်နာမအား အုပ်ချုပ်သူ အာဏာပိုင်များက အသုံးမပြုစေရန် ပိတ်ပင်တားဆီးခြင်းကို ခံနေခဲ့ရသည်။

Friday, March 22, 2024

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဧရာဝတီ
21 March 2024
မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရိုဟင်ဂျာ ၇၀၀ ခန့် ဆန္ဒပြခဲ့ / ဟန်ငြိမ်းဦး 

တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့၌ မတ်လ ၁၉ ရက် နေ့လည်က ရိုဟင်ဂျာ ၇၀၀ခန့်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

Sunday, March 17, 2024

၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA အောင်မြင်နေ

ဧရာဝတီ
by ဟိန်းထူးဈာန်
16 March 2024

စစ်ကောင်စီနှင့် လေးလကြာ တိုက်ပွဲများအတွင်း ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က မြို့ ၉ မြို့ သိမ်းပိုက်နိုင်ခဲ့သည်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအများစုမှ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်စခန်းများကို အဓိကကျသည့် ထိုးစစ်ဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ပြီး ရက္ခိုင့်တပ်တော် (AA) သည် လူသားချင်းစာနာမှုအရ ၂၀၂၂ ခုနှစ်တွင် ရယူထားသည့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်လိုက်သည်။

Friday, March 15, 2024

၄၅ နှစ်ကျော်အကြာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ

ဧရာဝတီ
သူ့အတွေး သူ့အမြင်

Tony Waters နှင့် R.J. Aung
14 March 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ဆန်၊ ရေနှင့် စားသုံးဆီ ရရှိရန် စောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP 


ရိုဟင်ဂျာများကို ပြန်လည် ပို့ဆောင်ရေး ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားပြီး တလအကြာတွင် မြန်မာမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကိုယ်စားလှယ်များသည် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး ဆွေးနွေးရန် စစ်ကောင်စီ ပညာရေးဝန်ကြီးကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံသည်။

Saturday, March 2, 2024

❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့ ❞

 မင်း သေ့
February 29 at 4:36 AM  ·
❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့  ❞

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းကို အကြီးအကျယ် လှုပ်ရမ်းပစ်နိုင်ခဲ့ပါတယ်။ အဲသည့် အလှုပ်အရမ်းတွေထဲမှာ၊ “အိုက်ဒေါ - အပြောင်းအလဲ” ဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ လူထုတွေထဲမှာ လူငယ်ထုရဲ့ ထက်သန်ပြင်းပြမှုဟာ အင်မ တန် အံ့ဩစရာ ကောင်းခဲ့ပါတယ်။ ဒီထက်သန်ပြင်းပြမှုကို ရိုက်ချိုးဖို့အတွက်၊ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ဦးကျိုးအောင် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဦးမကျိုးဘဲ ခေါင်းထောင်ဖို့အတွက် မြန်မာလူငယ်တွေဟာ နည်း နာ နိဿယကို ပြောင်းလဲခဲ့ကြတယ်။ အဲဒါကတော့ အကြမ်းမဖက်လူထုတော်လှန်ရေးနည်းမှသည် လက်နက်ဆွဲကိုင်တော်လှန်တဲ့ လက်နက်ကိုင်လမ်းစဉ်အဖြစ် လှည့်ပြောင်းခဲ့ကြပါတယ်။ 

Wednesday, February 28, 2024

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

ဧရာဝတီ
24 February 2024

၂၀၁၈ ခုနှစ်င်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး တဘက်က ရိုဟင်ဂျာများ/AFP
 
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး စာရင်းကောက်ယူမှုသည် စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးချရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အမျိုး သား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။

Tuesday, February 27, 2024

နိုင်ငံတော် အတိုင်ပင်ခံ၏ ဟိဂ် ခရီးစဉ်

ယောနသံ
by Hla Soewai -
Feb 27 2024

ယင်း နှင့် ပတ်သက်၍ မြန်မာ ပြည်သူ အများစု မှ ၎င်းတို့၏ ခေါင်းဆောင် အပေါ် အနောက်တိုင်း၏ ဝေဖန် ပြစ်တင်ခဲ့မှုများသည် မှားယွင်းစွာ သုံးသပ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြပြီး ဖြစ်သည်ဟု Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ဒဲရက် တွန်ကင် မှ မည်မျှအထိမှားယွင်း ခဲ့သည်ကို ယခုလို ထောက်ပြ ရေးသားသွားခဲ့သည်။

Sunday, February 25, 2024

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

ဧရာဝတီ
24 February 2024

၂၀၁၈ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး တဘက်က ရိုဟင်ဂျာများ/AFP

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး စာရင်းကောက်ယူမှုသည် စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးချရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။
                                                      

Wednesday, February 21, 2024

မြန်မာ့တော်လှန်ရေးထဲမှ တရုတ်၏ အကျိုးအမြတ်နှင့် အနောက်အုပ်စု၏ အရှုံး

ASIA TIMES
[စောသန္တာအေး ဘာသာပြန်ပါသည်။]

 Asia Times တွင်ဖော်ပြထားသော David Scott Mathieson ၏ China success, Western failure in revolutionary Myanmar ကို စောသန္တာအေး ဘာသာပြန်ဆိုပါသည်။ မူရင်းဓာတ်ပုံ - ရှမ်းမြောက်ရှိ ရှေ့တန်းတစ်နေရာသို့ သွားရောက်မည့် မန္တလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာကြီး၌ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အမေရိကန် ပြည်တွင်းနိုင်ငံရေး အမှိုက်ပုံးမီးလောင်မှု အစရှိသည့် ဖြစ်ရပ်ကြီးများကြား၌ မြန်မာ့အရေးသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရခဲ့ပေ။ကမ္ဘာ ပေါ်၌ အရေးစိုက်မခံရဆုံး ပဋိပက္ခဖြစ်သည့် ဆူဒန်ပဋိပက္ခနှင့် တန်းတူလိုက်နေသော မြန်မာ့အရေးသည်လည်း အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်သည် ရှေ့မတိုးနောက်မဆုတ် အခြေအနေ၌ ပိတ်မိနေပြီဟူသော အယူအဆမှားဖြင့် ဘေးထိုးခံနေခဲ့ရသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများရဲ့ မီးဘေး သံသရာ

Myanmar Now
ကျော်မင်းထွန်း
February 21, 2024

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဒုက္ခသည်စခန်းတွေ မကြာခဏ မီးလောင်နေတာကို ဟန့်တားကြရမှာ ဖြစ်သလို ဒုက္ခ သည်ကို ပိတ်ပင်ထားတာတွေကိုလည်း ဖြေလျှော့ပေးဖို့ အရေးတကြီး လိုအပ်လာနေပါတယ်။

၂၀၀၆ ခုနှစ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ရသော ရိုဟင်ဂျာဒုက္ခသည်နှစ်ဦး (ဓာတ်ပုံ - Myanmar Now)

စခန်းထဲ မီးလောင်နေပြီ ဆိုတဲ့ ဗလီအသံချဲ့စက်က သတိပေးသံကြောင့် ကျွန်တော်တို့မိသားစု အလန့်တကြား နိုးလာကြတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ ညသန်းခေါင်မှာပါ။ ကျွန်တော်တို့ ကြောက်လန့်ပြီး အပြင်ကို အမြန်ထွက် ပြေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ လောင်နေတဲ့ မီးတောက်ကြီးကြောင့် မနက်မိုးလင်းနေသလားလို့တောင် ထင်မှတ်ရလောက်အောင်ပါပဲ။

Monday, February 12, 2024

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်

ဧရာဝတီ
11 February 2024

၂၀၂၄ ဇန်နဝါရီ ၂၇ရက်က မန္တလေး ပြည်သူ့စစ် ၇/ ၂၀၂၄ သင်တန်းဆင်းပွဲ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယမန်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အရွယ်ရောက် ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြရမည်ဆ်ိုသော ပြည်သူ့စစ်မှုထမ်းဥပဒေကိုလူအများ လက်မခံဘဲ ဝေဖန်မှုများရှိနေသည်။

Saturday, February 10, 2024

စစ်ကောင်စီတပ်တွေ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်းစစ်မျက်နှာ

မိုးမခ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ 


ပေါက်တော၊ ပလက်ဝ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ မြို့တွေ နဲ့ အဆိုပါ မြို့တွေရှိတဲ့ နေရာဒေသတွေမှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေ၊ စကခ လို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်တွေ၊ ဗျူဟာအရ အချက်အချာကျပြီး မြေပြင်အနေအထားအရ အပေါ်စီးရတဲ့ ဗျူဟာကုန်းလို စစ်စခန်းတွေကို လွန်ခဲ့တဲ့ ၂ လကျော်အတွင်း Arakan Army, AA က တခုပြီးတခု၊ တမြို့ပြီး တမြို့ သိမ်းယူခဲ့တာ သတင်းတွေထဲ တွေ့မြင်နေရတာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */