" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သံပုံးတီးကမ်ပိန်း. Show all posts
Showing posts with label သံပုံးတီးကမ်ပိန်း. Show all posts

Wednesday, February 3, 2021

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နယ် ပြည်သူတွေ သံပုံးတီးကမ်ပိန်း ပြုလုပ်

မဇၹ်ိမ

By AFP
03 February 2021
 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးလို့ ဒုတိယရက်မြောက် ညမှာ ရန်ကုန်မြို့နေ ပြည်သူတွေဟာ အာဏာသိမ်း မှုကို ဆန့်ကျင်တဲ့အနေနဲ့ သံပုံးတွေနဲ့ မီးဖိုချောင်သုံး ဒန်အိုး ဒန်ခွက် ပစ္စည်းတွေကို တီးပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒဖော်ထုတ်ဖို့အတွက် လူမှုမီဒီယာကနေတစ်ဆင့် အချင်းချင်း ဆော်ဩခဲ့ကြတာဖြစ်ပြီး ည ၈ နာရီ ထိုးမှာ သံပုံးတွေ စတင်တီးခဲ့ကြတာဖြစ်ပါတယ်။ တချို့က လမ်းမပေါ်ထွက်တီးကြသလို တချို့က နေအိမ်ထဲ ကနေ သံပုံးတီးကမ်ပိန်းမှာ ပါဝင်ဆင်နွှဲခဲ့ပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်အထိ ကြာမြင့်ခဲ့ပါတယ်။  

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */