ဧရာဝတီ
by ဟိန်းထူးဈာန်
16 March 2024
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်သောအခါ AA သည် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် အဓိက ထိုးစစ် ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်များ၊ အခြားတော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်း တိုက်ခိုက်နေသည်မှာ တလခန့် ရှိပြီဖြစ်သည်။
သို့သော် AA ၏ မကြာသေးမီက စစ်ရေးလှုပ်ရှားမှုများကို ထိုအဓိက ထိုးစစ်ကြီး နှစ်ခုတွင်သာ တွေ့ရသည် မဟုတ်ပေ။ AA သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ စစ်ကောင်စီကို ကချင်ပြည်နယ်နှင် စစ်ကိုင်းတိုင်းကဲ့သို့သော နိုင်ငံ၏ အခြားအစိတ်အပိုင်းများတွင်လည်း တိုက်ခိုက်နေသည်။
AA သည် ပထမတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့များကို သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်တွင် အံ့သြစရာကောင်းသော အောင်မြင်မှုများ မကြာသေးမီက ရသောကြောင့် AA ၏ တိုးတက်မှုအတွက် မြန်မာနိုင်ငံတဝန်းမှ ပြည်သူများ စိတ်အားတက်ကြွ ကြသည်။
AA သည် ပထမတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့များကို သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်တွင် အံ့သြစရာကောင်းသော အောင်မြင်မှုများ မကြာသေးမီက ရသောကြောင့် AA ၏ တိုးတက်မှုအတွက် မြန်မာနိုင်ငံတဝန်းမှ ပြည်သူများ စိတ်အားတက်ကြွ ကြသည်။
AA သည် စစ်ကောင်စီ စခန်းများနှင့် အခြေစိုက်စခန်းများကို နေ့စဉ်နီးပါး သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်မှ စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ပွဲအရှိန်သည် အလျင်အမြန် မြင့်မားလာသည်။ AA သည် မကြာသေးမီကအထိ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် အခိုင်အမာရှိသော မြို့များကိုပင် သိမ်းပိုက်နိုင်သည်။
AA သိမ်းပိုက်ထားသည့် မြို့များ
စစ်ကောင်စီနှင့် လေးလကြာ တိုက်ပွဲများအတွင်း ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က မြို့ ၉ မြို့ သိမ်းပိုက်နိုင်ခဲ့သည်
ယနေ့အထိ AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းမှ မြို့ ကိုးမြို့ကို သိမ်းပိုက်ထားသည်။ ချင်းပြည်နယ် တောင်ပိုင်းတွင် AA သည် ပလက်ဝ တမြို့လုံးကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်များကို သိမ်းပိုက်ထားသည်။
အထက်ပါမြို့နယ်များတွင် AA က အပြည့်အဝ ထိန်းချုပ်ထားသည်။ AA သည် တောင်ပြိုလက်ဝဲမြို့နှင့် ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားသော်လည်း ထိုမြို့များ တည်ရှိသည့် မြို့နယ်များဖြစ်သည့် ဘူးသီးတောင်နှင့် ရမ်းဗြဲကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။
အဓိက စစ်အခြေစိုက်စခန်းများကို သိမ်းပိုက်
လွန်ခဲ့သော လေးလအတွင်း AA သည် အဓိကကျသည့် အခြေစခန်း အနည်းဆုံး ၁၆ ခု အပါအဝင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်ရဲများ၏ ရာပေါင်းများစွာသော စခန်းများ၊ ဗျူဟာကုန်းများနှင့် အခြေ စိုက်စခန်းများကို သိမ်းပိုက်သည်။
ထိုအဓိကကျသည့် စစ်အခြေစိုက်စခန်းများတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းနှင့် အမှတ် ၂၇၀ ခြေလျင်တပ်ရင်း၊ မြောက်ဦးမြို့နယ်မှ အမှတ် ၃၇၇၊ ၃၇၈ နှင့် ၅၄၀ ခြေမြန်တပ်ရင်းများနှင့် မင်းပြားတို့ ပါဝင်သည်။ ထိုစစ်အခြေစိုက်စခန်းများသည် ရခိုင်ပြည်နယ်မှ စစ်ကောင်စီ၏ အရေးအပါဆုံး ကွပ်ကဲမှုဌာနချုပ်များ ဖြစ်သည်။

အဓိကကျသော မြို့တမြို့ဖြစ်သည့် ကျောက်တော်တွင် စစ်ကောင်စီ အခြေစိုက်စခန်း အများအပြားရှိပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ပလက်ဝမှတဆင့် ဆက်သွယ်ထားသော လမ်းကြောင်းပေါ်မှ အချက်အချာနေရာ ဖြစ်သောကြောင့် ပထဝီအရ အရေးပါသည်။ ကျောက်တော်တွင် AA သည် အ မှတ် ၃၇၄၊ ၃၇၅၊ ၃၇၆ နှင့် ၅၃၉ ခြေမြန်တပ်ရင်းများနှင့် အမှတ် ၃၇၇ အမြောက်တပ်ရင်းတို့ကို သိမ်းပိုက်ထားသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတွင် AA သည် အမှတ် ၃၀၈ ခြေမြန်တပ်ရင်းနှင့် အမှတ် ၂၈၉ ခြေ လျင်တပ်ရင်းတို့ကို သိမ်းပိုက်သည်။
AA နှင့် လေးလကြာ တိုက်ပွဲအတွင်း စစ်ကောင်တပ်နှင့် နယ်ခြားစောင့်ရဲ ၁,၂၀၀ ကျော်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်
ထိုအဓိကကျသည့် စစ်စခန်းများအပြင် AA သည် မင်းပြားမြို့နယ်မှ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေးကျောင်းကိုလည်း သိမ်းပိုက်သည်။ ထိုကျောင်းကို ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက အုပ် ချုပ်ပြီး ထိုဒေသတွင် စခန်းချနေသည့် စစ်ကောင်စီစခန်း အများအပြားကိုလည်း ချေမှုန်းသည်။စစ်သားများ ထွက်ပြေးနေ
ရေတပ်သင်္ဘောများ ဖျက်ဆီးခံရ
ရခိုင်ပြည်နယ်မှ မြစ်များတွင် စစ်ကောင်စီသည် ရေတပ်သင်္ဘောများ ဖြန့်ကြက်ထားပြီး AA က ထိန်းချုပ်ရန် ကြိုးစားနေသည့် မြို့များနှင့် ရွာများမှ အရပ်ဘက်နေရာများကို အမြောက်ဖြင့်ပစ်သည်။ ထို့ကြောင့် အရပ်သား အများအပြား သေဆုံးသည်။
တုံ့ပြန်သည့်အနေဖြင့် AA က စစ်ကောင်စီ၏ ရေတပ်သင်္ဘော အနည်းဆုံး ခုနစ်စီးနှင့် ကမ်းကပ်ရေ ယာဉ် နှစ်စီးကို လွန်ခဲ့သော လေးလအတွင်း ရခိုင်ပြည်နယ်တွင် ဖျက်ဆီးလိုက်သည်။ ထိုတိုက်ခိုက်မှုများ အပြီးတွင် AA သည် သင်္ဘောမြုပ်သွားသောကြောင့် ရေနစ်နေသည့် စစ်ကောင်စီစစ်သား အများအပြားကိုလည်း ကယ်ဆယ်ခဲ့ရသည်။
စစ်တပ်အဆင့်မြင့်အရာရှိများ ဆုံးရှုံး
AA သည် စစ်ကောင်စီ အဆင့်မြင့်အရာရှိ အနည်းဆုံး ခုနစ်ဦးကို သုတ်သင်ပြီး အခြား အဆင့်မြင့်အရာရှိ အနည်းဆုံး ခြောက်ဦးကို တိုက်ပွဲတွင် ဖမ်းမိသည်။
ဖေဖော်ဝါရီလက ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအနီး စစ်ကောင်စီရေတပ်၊ ကြည်းတပ်တို့နှင့် ပြင်းထန်သော တိုက်ပွဲများအတွင်း AA တိုက်ခိုက်ရေးသမားများသည် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် သူ၏တပ်သားအချို့ကို မြစ်အတွင်းမှ ကယ်ဆယ်ရသည်။
AA သည် အခြားတိုက်ပွဲများတွင် ဒဏ်ရာရသည့် စစ်ကောင်စီ အဆင့်မြင့်အရာရှိများ အပါအဝင် စစ် သားအချို့ကို ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ပေ။ အမှတ် ၁၁ ခြေမြန်တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် ထိုသို့ သေဆုံးသူများတွင် ပါဝင်သည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် စစ်ကောင်စီ အမာခံစခန်းများကို အောင်မြင်စွာ ထိုးစစ်ဆင်ပြီးနောက် AA သည် ပလက်ဝမြို့နယ်၊ နှုံးဘူးတောင် ဗျူဟာကုန်းမှ ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ဗညားပိုင်စိုး၏ အလောင်းကို တွေ့ခဲ့သည်။
အမှတ် ၃၄၄ ခြေမြန်တပ် ဒု တပ်မှူး ဗိုလ်မှူး သန့်ဇင်ထွန်း၊ အမှတ် ၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး ညီညီဝင်း၊ အမှတ် ၂၉၉ ခြေလျင်တပ်မှ ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဗိုလ်မှူး ဇော်လင်းထွန်း၊ အမှတ် ၃၇၈ ခြေမြန်တပ်မှ တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးတို့သည် AA ကစစ်ဆင်ရေးများအတွင်း ဖမ်းမိသူများတွင် ပါဝင်သည်။
လက်နက်ခဲယမ်းများနှင့် ရဟတ်ယာဉ်တစင်း
စစ်ကောင်စီတပ်များနှင့် လွန်ခဲ့သော လေးလကြာ တိုက်ပွဲများအတွင်း AA သည် အလွန် များပြားသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းမိသည်။ ထိုမျှ များပြားလှသော လက်နက်များတွင် ပစ္စတိုမှ ကြီးမားသော ဒုံးကျည်ပစ်လက်နက်များအထိ ပါဝင်သည်။ သိမ်းဆည်းမိသော ခဲယမ်းများတွင် လက် နက် ငယ် ကျည်ဆံများမှသည် ၁၀၀ မမ အထက် အမြောက်ဆံများအထိလည်း ပါဝင်သည်။ AA သည် ပလက်ဝမှ ပြင်းထန်သော တိုက်ပွဲအတွင်း စစ်တပ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစင်းကိုလည်း ပစ်ချနိုင်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဟိန်းထူးဈာန်၏ Nine Towns in Four Months: the AA’s War in Rakhine ကို ဘာသာပြန်သည်။)
You may also like these stories:
- မြန်မာနိုင်ငံအနောက်ပိုင်း ပကတိအခြေအနေကို အိန္ဒိယ စ နားလည်လာပြီလား
- ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ
- စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ
- အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ
- KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ
No comments:
Post a Comment