" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 2, 2024

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများကူညီ

နိရဉ္စရာ
လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၂ / ၂၀၂၄

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများမှအကူညီ ပေးခဲ့ကြောင်း သတင်း ရရှိသည်။

“ ဘယ်လိုသဘောမှ မဟုတ်ပါဘူး၊ကျွန်တော်တို့ ဒေသမှာလက်နက်ကြီး ကျလို့သော်လည်းကောင်း၊လေယာဉ်နဲ့ဗုံးကြဲလို့သော်လည်းကောင်း၊ ကျွန်တော်တို့က ကိုယ်လက် အင်္ဂါပျက်စီးတဲ့သူတွေကို မိတ်ဆွေသူငယ်ချင်းတွေစုပြီးတော့ ကျွန်တော်တို့လက်လှမ်း မီသလောက် ကူညီပေးတာပါ” ဟု ဦးဆောင်ကူညီသူ ရခိုင်အဆိုတော် ရွှေလူးကပြောသည်။

ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင်လူမျိုးများ၏ ပြဿနာတချို့ရှိ သော်လည်း ကျောက်တော်မြို့တွင်မူ ပြဿနာမရှိကြောင်း သူကပြောသည်။

ရခိုင်လူမျိုးများသည် လေယာဉ်ကဗုံးကြဲချခြင်းကြောင့် ခြေထောက်ပြတ်သွားသော ကျောက်တော် (အပေါက်ဝ)မှ မွတ်ဆလင်လူမျိုး လူငယ်တစ်ဦးအတွက် ဂျိုင်းထောက်တစ်စုံ နှင့် အလှူငွေငါးသောင်းကျပ်ပေးလှူခဲ့ပြီး စစ်ကောင်စီလေယာဉ်က ဗုံးကြဲချ၍ လင် နှင့် အသက်(၁၇)နှစ်အရွယ်သား တစ်ယောက်ကို ဆုံးရှုံးလိုက်ရသော မွတ်ဆလင် အမျိုးသမီး တစ်ဦးကိုလည်း အလှူငွေ ငါးသောင်းကျပ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။

“ ဒီပတ်ဝန်းကျင်မှာရှိနေတာ ကျွန်တော်တို့မိသားစုတွေပဲ။ လူမျိုးမတူလို့၊ ဘာသာမတူလို့ အခွင့်အရေးမရတာတော့မရှိဘူးပေါ့။ ကူညီတာလည်း အဲ့လိုပါပဲ ဉယျာဉ်တစ်ခုမှာ ပန်းတစ်မျိူးထဲနဲ့ မပြည့်စုံဘူးလေ” ဟု ရခိုင်အဆိုတော် ရွှေလူးကပြောသည်။

ထိုအပြင် ရခိုင်အဆိုတော် ရွှေလူးဦးဆောင်သောအဖွဲ့ သည် အခြားဂျိုင်းထောက်လိုအပ်သူများ၊ ဗုံးကြဲ၍ ကိုယ် လက်အင်္ဂါထိခိုက်သူများကို ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီမှ လူမျိုးရေးပြဿနာဖြစ်စေရန်ပြုလုပ်မှုများရှိနေချိန်တွင် ထိုသို့လူမျိုးရေးမခွဲခြားဘဲ ကူညီနေခြင်းသည် မွန်မြတ်သောလုပ်ရပ်အဖြစ် ပရဟိတသမားများက ပြောဆိုချီးကျူးကြကြောင်းသိရသည်။

ဓာတ်ပုံ- ရွှေလူး

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */