" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 9, 2024

ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား

ဧရာဝတီ
8 April 2024
ဆောင်းပါး

ဧပြီလ ၁ ရက် နေပြည်တော်တွင် တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ကြစဉ်


ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့၌ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းခဲ့ပြီး တရုတ်စီမံကိန်းဧရိယာများ ပိတ်ဆို့ကန့်သတ်ခံလာရချိန် တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ဧပြီ ၁ ရက်တွင် နေပြည်တော်သို့လာရောက်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့်အပြင် တရုတ်စစ်တပ်ကလည်း မြန်မာနယ်စပ်အနီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

တိန့်ရှီကျွင်း၏ ခရီးစဉ်နှင့်ပတ်သက်ပြီး နယ်စပ်ဒေသအပါအဝင် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ကူညီပေးမှုအခြေအနေများ၊ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
 
ထို့ပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုများ ပပျောက် ရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

တိန့်ရှီကျွင်းခရီးစဉ်အပြီး ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် တရုတ်စစ်တပ် တောင်ပိုင်းစစ်ဒေသ (PLA) က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာနှင့် မကြာသေးမီက အပြီးသတ် ထိန်းချုပ်လိုက်သည့် လွယ်ဂျယ်မြို့တို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ ရင်ကျန်နှင့် လုံချွမ်ခရိုင်၌ စစ်ရေးလေ့ကျင့်ခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး အမျိုးမျိုးသောအရေးပေါ်အခြေအနေများအား တုံ့ပြန်နိုင်ရေး၊ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရန် အမြဲတမ်းအသင့်ရှိနေကြောင်း တောင်ပိုင်းစစ်ဒေသ (PLA) ပြောခွင့်ရှိသူ တီယန်ကျွင်လီက ပြောသည်။

တိန့်ရှီကျွင်းနှင့်ဆွေးနွေးမှုများအပေါ် စစ်ကောင်စီဘက်က အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခအား တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းနေသော တရုတ်အနေဖြင့် လတ်တလော စစ်ရေးအရှိန်မြင့်တက်နေသည့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း အပစ်အခတ်ရပ်စဲရေး အတွက် ဦးစားပေးလုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

တိန့်ရှီကျွင်းခရီးစဉ်အပြီး ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် တရုတ်စစ်တပ် တောင်ပိုင်းစစ်ဒေသ (PLA) က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာနှင့် မကြာသေးမီက အပြီးသတ် ထိန်းချုပ်လိုက်သည့် လွယ်ဂျယ်မြို့တို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ ရင်ကျန်နှင့် လုံချွမ်ခရိုင်၌ စစ်ရေးလေ့ကျင့်ခဲ့သည်။

ရခိုင်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးဖေသန်းက “ တရုတ်က မြန်မာပြည်ရဲ့ စစ်ရေးမှာနှစ်ဖက်ကိုညှိနှိုင်းပြီး ဆောင်ရွက်နေတာ ရှိတယ်၊ အထူးသဖြင့် စစ်ကောင်စီက တရုတ်ကို ကြားခံအနေနဲ့ အကူအညီတောင်းပြီးတော့ အသုံးချနေတာပေါ့။ တရုတ်ကလည်း ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်တဲ့ဒေသတွေ၊ နယ် စပ်ဒေသတွေ တည်ငြိမ်အေးချမ်းရေး၊ ကူးသန်းရောင်းဝယ်ရေးတွေနဲ့ ပတ်သက်ပြီးတော့ နယ်စပ်ဒေ သမှာဖြစ်နေတဲ့ တိုက်ပွဲတွေရပ်တန့်စေချင်တယ်၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်စေချင်နေတယ်” ဟု သုံးသပ်သည်။

ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်မှုကြောင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက တပ်ရင်းဌာနချုပ်များနှင့် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲမြို့တို့အား လက်လွတ်ခဲ့ရသည့်အပြင် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူနှင့် မဒေးကျွန်းသည်လည်း လမ်းကြောင်းများ ပိတ်ဆို့ထိန်းချုပ်ခံထားရပြီဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာချိတ်ဆက်ပေးသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် အဓိက အစိတ်အပိုင်းဖြစ်ပြီး တရုတ်၏ မဟာဗျူ ဟာမြောက်ဖြစ်သော ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်(BRI) ၏ အရေးပါသည့် စီမံကိန်းတခုလည်း ဖြစ်သည်။ထို့ပြင် ကျောက်ဖြူသည် တရုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အစပြုရာနေရာလည်းဖြစ်သည်။

ကျောက်ဖြူနှင့်ထိစပ်နေသည့် ရမ်းဗြဲမြို့အား သိမ်းပိုက်ထားပြီဖြစ်သည့် AA အနေဖြင့် တရုတ်၏ အရေး ပါသော စီမံကိန်းများရှိရာ ကျောက်ဖြူအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသေးသော်လည်း တရုတ်ရေနံပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းဖြစ်သည့် အမ်း-ပဒါန်းတောင်ကြားလမ်းကိုမူ အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဧပြီ ၂ ရက်က ကြေညာခဲ့သည်။


ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်မှုကြောင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက တပ် ရင်းဌာနချုပ်များနှင့် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲမြို့တို့အား လက်လွတ်ခဲ့ရသည့်အပြင် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူနှင့် မဒေးကျွန်းသည်လည်း လမ်းကြောင်းများ ပိတ်ဆို့ထိန်းချုပ်ခံထားရပြီဖြစ်သည်။

AA ထိုးစစ်ကြောင့် ပြည်နယ်မြို့တော်စစ်တွေနှင့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူတို့အပြင် အ နောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ပါ ခြိမ်းခြောက်ခံနေရသည့်အခြေအနေတွင် စစ်ကောင်စီအနေဖြင့် ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအား အကာအကွယ်ပေးနိုင်၊ မပေးနိုင်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ လက်ရှိအခြေအနေအရ တရုတ်က ကြားဝင်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ပေါ်ပေါက်ရေး အဓိကထားပြီး လုပ်ဆောင်လိမ့်မယ်ထင်ပါတယ်၊ ရခိုင်ရဲ့ အခြေအနေဟာ စစ်ကောင်စီတပ်တွေ ဆက်လက်ရပ်တည်နိုင်ရေး အတော်လေး ခြိမ်းခြောက်ခံနေရတဲ့ အနေအထားဖြစ်တဲ့အတွက် အဲဒီဒေသမှာ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တရုတ်က ဦး တည်ပြီး လှုပ်ရှားလိမ့်မယ်ထင်တယ်” ဟု ပြောသည်။

AA ဘက်ကမူ ရမ်းဗြဲမြို့အား သိမ်းပိုက်ကာ တရုတ်စီမံကိန်းရှိရာနေရာများအား ထိန်းချုပ်လိုက်ပြီးနောက် မတ်လ ၂၅ ရက် တွင် ရခိုင်ဒေသတွင် လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် စီမံကိန်းများ ဆက်လက် လည်ပတ်နိုင်ရေး အတွက် ၎င်းတို့နှင့် ပူးပေါင်းရန်အသိပေး ထုတ်ပြန်ခဲ့သည်။

“ အာရက္ခ(ရခိုင်)ဒေသအပေါ် စစ်မှန်သည့် စေတနာရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်းသည့် ရင်းနှီးမြုပ်နှံမှု လုပ်ကိုင်လိုကြသောသူများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်” ဟု AA က ပြောသည်။


AA ဘက်ကမူ ရမ်းဗြဲမြို့အား သိမ်းပိုက်ကာ တရုတ်စီမံကိန်းရှိရာနေရာများအား ထိန်းချုပ်လိုက်ပြီးနောက် မတ်လ ၂၅ ရက် တွင် ရခိုင်ဒေသတွင် လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် စီမံကိန်းများ ဆက်လက် လည်ပတ်နိုင်ရေး အတွက် ၎င်းတို့နှင့် ပူးပေါင်းရန် အသိပေး ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအများအပြား ထိန်းချုပ်ထားသည့် AA ၏ သတိပေးမှုသည် ပြည်နယ်အတွင်း မည်သည့်စီမံကိန်းမဆို AA ၏ အကူအညီနှင့်သဘောတူညီမှု မရှိပါက ရပ်တည် လည်ပတ်ရန် ခက်ခဲမည့်အခြေအနေကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ် ဒေသအများအပြားအား ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေ သော်လည်း တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် ရေးတပ်ဌာနချုပ်များအခြေစိုက်ထားသည့် စစ်တွေ၊ ကျောက်ဖြူနှင့် အမ်းတို့ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ ၎င်းတို့သိမ်းပိုက်ထားသည့် မြို့ ရွာများမှာလည်း လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခံနေရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုအား ရပ်တန်ရန် တရုတ်အနေဖြင့် ဖိအားပေးလာမည်ဆိုပါက AA အနေဖြင့် ၎င်းတို့ ၏ အနာဂတ်အကျိုးစီးပွားနှင့် စစ်ရေးရည်မှန်းချက်အပေါ်တွင်သာ ရပ် တည်စဉ်းစားမည်ဖြစ်ကြောင်း ဦးဖေသန်းက ပြောသည်။

၎င်းက “ မြို့အများစုကို ထိန်းချုပ်မှုရမှ တရုတ်ရဲ့ ဖိအားပေးမှု၊ ကြားဝင်စေ့စပ်မှုကို လက်ခံမယ့်သဘော ရှိတယ်၊ အောက်ကြေးကနေပဲ မြို့နယ်အနည်းစုကို အုပ်ချုပ်ခွင့်ရမယ်ဆိုရင် စစ်ကောင်စီက ကျန်တဲ့မြို့တွေကို အခိုင်အမာ တည်ဆောက်ပြီးတော့ ပြန်ပြီးထိုးစစ်ဆင်လာနိုင်တဲ့ အန္တရာယ်လည်းရှိတယ်။ ရခိုင်ကတော့ တရုတ်ရဲ့ဖိအားပေးရုံလောက်နဲ့ မဟုတ်ဘဲ AA စစ်ရေးအမြင်အပေါ်မှာပဲ မူတည်ပြီးတော့ လက်ခံကောင်း လက်ခံနိုင်တယ်” ဟု ပြောသည်
ရခိုင်ပြည်နယ်အတွင်းက ထိုးစစ်ဆင်မှုများကဲ့သို့ပင် တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၌ KIA က ဖော်ဆောင်နေသည့် ထိုးစစ်တွင်လည်း စစ်ကောင်စီက အထိနာလျက်ရှိသည့်အပြင် အဓိကနယ်စပ်ကုန်သွယ်မြို့ဖြစ်သည့် လွယ်ဂျယ်ကို လက်လွတ်ခဲ့ရပြီး ကုန်သွယ်ရေးများ ရပ်တန့်နေသည့်အတွက် တရုတ်အနေဖြင့် ကြားဝင်ညှိနှိုင်းရန် လုပ်ဆောင်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသူများက ပြော သည်။

မတ်လ ၇ ရက်နေ့က စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်တွင် ဌာနချုပ်လိုင်ဇာအား ခြိမ်း ခြောက်နေသည့် တပ်စခန်းများအပါအဝင် စစ်တပ်စခန်းအကြီး အသေး စုစုပေါင်း ၆၀ ကျော်အား KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။


ရခိုင်ပြည်နယ်အတွင်းက ထိုးစစ်ဆင်မှုများကဲ့သို့ပင် တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၌ KIA က ဖော်ဆောင်နေသည့် ထိုးစစ်တွင်လည်း စစ်ကောင်စီက အထိနာလျက်ရှိသည့်အပြင် အဓိကနယ်စပ်ကုန်သွယ်မြို့ဖြစ်သည့် လွယ်ဂျယ်ကို လက်လွတ်ခဲ့ရပြီး ကုန်သွယ်ရေးများ ရပ်တန့်နေသည့်အတွက် တရုတ်အနေဖြင့် ကြားဝင်ညှိနှိုင်းရန် လုပ်ဆောင်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

လက်ရှိတွင် လွယ်ဂျယ်ကို ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသော်လည်း စစ်ကောင်စီတပ်သား၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်တိုင်က ရုံးဌာနများအား စွန့်ခွာကာ မြို့အနီးကတပ်စခန်း၌ သွားရောက်ပူးပေါင်းခဲ့သည့်အတွက် မြို့အား KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဖြစ်သည်။

တရုတ်နယ်စပ်အနီး KIA က ပြင်းထန်သည့်တိုက်ပွဲများဖော်ဆောင်နေသော ကာလအတွင်း မတ်လ ၂၈ ရက်တွင် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလတ်နှင့် KIO/KIA နှင့် KNU၊ KNPP၊ CNF တို့ပါဝင်သော K3C မဟာမိတ်အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကလည်း တရုတ်နှင့် စစ်ကောင်စီတို့အား သတိပေးချက်တခု ဖြစ်စေခဲ့သည်။

ထိုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး K3C ဘက်က တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ဒဲရစ်ချောလတ်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာကတဆင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီလိုအပ်နေသူများအား အကူအညီပေးအပ်မှု တိုးမြှင့်နိုင်ရန်နှင့် မြန်မာပြည်သူများအတွက် ပိုကောင်းမွန်သည့်အနာဂတ်ဖြစ်ရန် လုပ်နိုင်မည့် ခြေလှမ်းများအား ဆွေးနွေးခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့သည်။

KIA ၏ နိုင်ငံရေးအရ နိုင်ငံတကာထိတွေ့ဆက်ဆံမှု၊ လွယ်ဂျယ်မြို့အား သိမ်းပိုက်ထိန်းချုပ်တို့နှင့် တပြိုင်နက် ပေါ်ပေါက်လာသည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်းပြည်သူများအပေါ် ခြိမ်းခြောက်သည့်သဘော သက်ရောက်နေကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(KHRW) ပြောခွင့်ရှိသူ ဂျက်ကော့က ပြောသည်။

နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် တစုံတရာဩဇာလွမ်းမိုးမှုရှိသော တရုတ်အနေဖြင့် မကြာခဏ ဝင်ရောက်စွက်ဖက်လေ့ရှိသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြိမ်ကြိမ် ကျူးလွန်နေသည့် စစ်ကောင်စီဘက်က ရပ်တည်ကာ စွက်ဖက်လာမည်ဆိုပါက လက်ခံနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းကပြောသည်။

၎င်းက “ လူ့အခွင့်အရေး ကြီးကြီးမားမားချိုးဖောက်နေတဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေးတွေကို တရုတ်ကိုအားကိုးပြီးမှ လုပ်တာအချိန်က လွန်နေပြီလို့ ယူဆလို့ရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီကို တရုတ်ကနေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း ပံ့ပိုးကူ ညီနေတာက ထင်ထင်ရှားရှားဖြစ်နေတာဆိုတော့ သူ့ရဲ့ကြားဝင်ညှိနှိုင်းမှုတွေကို ပြည်သူလူထုရော ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကရော လက်ခံမှာမဟုတ်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် တစုံတရာဩဇာလွမ်းမိုးမှုရှိသော တရုတ်အနေဖြင့် မကြာခဏ ဝင်ရောက်စွက်ဖက်လေ့ရှိသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြိမ်ကြိမ် ကျူးလွန်နေသည့် စစ်ကောင်စီဘက်က ရပ်တည်ကာ စွက်ဖက်လာမည်ဆိုပါက လက်ခံနိုင်မည် မဟုတ်
ရှမ်းမြောက်ဒေသ၌ ညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ကာ နယ်မြေအများအပြားသိမ်းပိုက်ပြီး စစ်ကောင်စီစစ်ရေးအရ ရှုံးနိမ့်နေချိန် ၂၀၂၃ခုနှစ် နိုဝင်ဘာတွင် တရုတ်စစ်တပ် သည် ယခုကဲ့သို့ မြန်မာနယ်စပ်အနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ဖူးသည်။

ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ထိုးစစ်များရပ်တန့်ရန် ညီနောင်မဟာမိတ်အဖွဲ့အား ဖိအားပေးခဲ့ပြီး ရှမ်းမြောက်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းပေးခဲ့သည့်အတွက် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရန်သဘော တူညီခဲ့ကြသည်။

လက်ရှိ ကချင်နှင့် ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီတပ်အထိနာနေချိန်၌ပြုလုပ်သည့် တရုတ်စစ်ရေးလေ့ကျင့်မှုနှင့် အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းခရီးစဉ်မှာလည်း အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရန်အတွက် အကြောင်းအချက်တခုဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကပြောသည်။

၎င်းက “ အဲဒီကိစ္စတွေနဲ့(အပစ်အခတ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းဖို) လာတာပဲနဲ့တူတယ်၊ သူတို့က အ စောကြီးထဲက အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ ဆွေးနွေးပွဲတွေဖြစ်အောင်လုပ်မယ်လို့ ပြောထားတာဆိုတော့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေဖြစ်အောင် လုပ်ဖို့လာတာဖြစ် မှာပါ။ KIA ကလည်း ကချင် ပြည်နယ်တခုလုံးက တရုတ်နဲ့ ထိစပ်နေတာဆိုတော့ ရပ်ဆိုလည်း ရပ်သွားမှာပဲ၊ ကိုယ့်အင်အား ပြန်စုတာ၊ ရ ထားတဲ့အခြေခံဒေသတွေ ခိုင်မာအောင် ပြင်ဆင်တာ လုပ်စရာတွေကအများကြီးပဲ၊ AA အနေနဲ့လည်း တရုတ်နဲ့နယ်နိမိတ် မထိစပ်ပေမယ့် အခြေခံက လိုင်ဇာမှာဆိုတော့ တရုတ်ပြောတာကို တစုံတရာ ထည့်သွင်းစဉ်းစားရမယ့် အခြေအနေရှိပါတယ်” ဟု သုံးသပ်သည်။

လက်ရှိတွင်မူ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် KIA နှင့် AA တို့၏ ထိုးစစ်ဆင်မှုများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ တပ်စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်နေကြောင်း သိရသည်။

KIA ပူးပေါင်းတပ်များသည် ဧပြီ ၂ ရက်က မိုးမောက်မြို့အရှေ့ဘက် ကျောက်စခန်းအထက်ဘက်ရှိ Hka Wan Bang စခန်းနှင့် ဧပြီ ၃ ရက်နေ့တွင် ဗန်းမော်မြို့နယ်အတွင်းရှိ မိုင်ဆပ်ကောင့်တပ်စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း လိုင်ဇာတီဗွီက ဖော်ပြခဲ့သည်။

လက်ရှိတွင်မူ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် KIA နှင့် AA တို့၏ ထိုးစစ်ဆင်မှုများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ တပ်စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်နေသည်။
AA အနေဖြင့်လည်း ဘူးသီးတောင်အခြေစိုက် စကခ-၁၅ လက်အောက်ခံ ခမရ-၅၆၄ တပ်ရင်း ဌာန ချုပ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့်စခန်းနှင့် အမ်းမြိုနယ်အတွင်းရှိ စကခ-၅ လက်အောက်ခံ တောဟိန်းတောင်ဗျူဟာစခန်းနှင့် မြေမုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဘက်ရှိ ပွိုင့် ၂၅၇ တောင်ကုန်းစခန်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဧပြီ ၃ ရက်က သတင်းထုတ်ပြန်ထားသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */