" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 30, 2024

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

ဧရာဝတီ
by Paul Greening
30 March 2024
သူ့အတွေး သူ့အမြင်

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ရိုဟင်ဂျာများ ဆန္ဒပြနေစဉ်

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးစုအရေးဖဲချပ်ကို ထုတ်သုံးနေပြီး ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးမှ အများအပြားမှာ ထပ်မံ လှည့်ဖျားခံနေရသည်။ ထိုကိစ္စကို ရှင်းပြရမည်ဆိုပါက စစ်ကောင်စီ ရုပ်သေးရုပ်အဖြစ် ကပြ အသုံးတော်ခံနေသူများသည် လူမှုအသိုက်အဝန်း နှစ်ခုလုံးမှ အစွန်းရောက်များဖြစ်သည်။

လွန်ခဲ့သော ခြောက်နှစ်အတွင်း ရိုဟင်ဂျာများနှင့် ရခိုင်များအကြား ဆက်ဆံရေး သိသိသာသာ တိုးတက်လာသည်။ ဖြစ်ရပ် အများအပြားနှင့် ဂရုဏာသက်သော အပြုအမူများကြောင့် ဖြစ်သည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စစ်တပ်က ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်သောအခါ ရိုဟင်ဂျာများက ရခိုင်များကို အစားအသောက်နှင့် သယ်ယူပို့ဆောင်ရေးအတွက် ကူညီခဲ့သည်။ ရိုဟင်ဂျာ လှေသမားများက ထွက်ပြေးလာသော ရခိုင်များကို ကုလားတန်မြစ် တဖက်ကမ်းသို့ ပို့ဆောင်ပေးသည်။

လူမှုအသိုက်အဝန်းများအကြား ၎င်းတို့ကိုယ်တိုင် သို့မဟုတ် AA က စီစဉ်ပေးသည့် ငြိမ်းချမ်းသော အားကစားပြိုင်ပွဲများ ရှိလာသည်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါ အပြီးတွင် ရိုဟင်ဂျာများသည် ၎င်းတို့ရရှိသည့် အနည်းငယ်မျှသော အကူအညီများကို ရခိုင်များနှင့် ၎င်းတို့ လူမှုအသိုက်အဝန်းများကိုပါ ခွဲဝေပေးသည်။ ယခုအခါ ရိုဟင်ဂျာများသည် စစ်တွေမြို့တဝိုက်တွင် ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။

သို့သော် ပညာရေး၊ ဝေဖန်ဆန်းစစ် တွေးခေါ်မှု၊ အခြား လူမှုအသိုက်အဝန်းများနှင့် အဆက်အသွယ် ကင်းမဲ့သူများတွင် အငြိုးအတေးများ ဆက်လက်ရှိနေသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်လျှင် အမုန်းတရားကို ဆက်လက် ဖော်ပြနေသူများသည် ရခိုင်ပြည်နယ်ပြင်ပတွင် အချိန်ကာလတခုနေထိုင်သူ၊ ပြည်ပတွင် မွေးဖွားသူများ ဖြစ်ပုံရသည်။

ယခု X ဟုခေါ်သည် Twitter အသုံးပြုသူတဦး၏ အသုံးပြုသူအမည်သည် ရန်စသလိုဖြစ်နေပြီး “ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာပြည်နယ် ဖြစ်သည်” ဟု အမည်ပေးထားပြီး အခြားတဦးကလည်း Twitter တွင် တိုက်ပွဲ မရှိလျှင် တရားမျှတမှု ရမည် မဟုတ်ကြောင်း ရေးသားသည်။

ပညာရေး၊ ဝေဖန်ဆန်းစစ် တွေးခေါ်မှု၊ အခြား လူမှုအသိုက်အဝန်းများနှင့် အဆက်အသွယ် ကင်းမဲ့သူများတွင် အငြိုးအတေးများ ဆက်လက်ရှိနေသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်လျှင် အမုန်းတရားကို ဆက်လက် ဖော်ပြနေသူများသည် ရခိုင်ပြည်နယ်ပြင်ပတွင် အချိန်ကာလတခုနေထိုင်သူ၊ ပြည်ပတွင် မွေးဖွားသူများ ဖြစ်ပုံရသည်။

ထိုသို့ လုပ်ဆောင်ခြင်းက ရိုဟင်ဂျာများသည် သီးခြားပြည်နယ် လိုချင်သည်ဆိုသည့် ဒုတိယ ကမ္ဘာစစ်အပြီးက ရခိုင်များအကြား စတင်ခဲ့သော ကာလကြာမြင့်ပြီဖြစ်သည့် စိုးရိမ်မှုကို ပိုမိုမြင့်မားစေသည်။ အများစုမှာ ၎င်းတို့ နိုင်ငံသားဖြစ်ခွင့် ပြန်လည်ရရှိပြီး ငြိမ်းချမ်းစွာနေလိုသူများဖြစ်သည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးနေသောကြောင့် စစ်ကောင်စီသည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် လူမျိုးရေး ဖဲချပ်ကို ထပ်မံ ထုတ်ကစားလာသည်။

မကြာသေးမီက စစ်တွေမှ ရိုဟင်ဂျာများနေသည့် အောင်မင်္ဂလာရပ်ကွက်မှ ဓားပြတိုက်မှု၊ ပစ်ခတ်မှုများအတွက် AA ကို အပြစ်တင်ခဲ့သော်လည်း နောင်တွင် ထိုလုပ်ရပ်များကို စစ်ကောင်စီ လက်ဝေခံဖြစ်နေသည့် ရခိုင်လွတ် မြောက်ရေးတပ် (ALA) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီသည် စစ်တွေ ပြည်တွင်းနေရပ်စွန့်ခွာ (IDP) စခန်းများမှ ရိုဟင်ဂျာ ၄၀၀ ကို စစ်သားသစ်စုဆောင်းရေးအတွက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စုဝေးခေါ်ဆောင်သည်။ သက်ကယ်ပြင်ကျေးရွာ အနီး စစ်စခန်းတခုတွင် နှစ်ပတ်ကြာ လေ့ကျင့်ပေးပြီး ထိုသို့ လေ့ကျင့်ပေးခြင်းကို ဝါဒဖြန့်ချိရန် မှတ်တမ်းရိုက်ကူးထားကာ အင်အားကြီးမားသည့် ရခိုင် AA တပ်၏ သတ်ဖြတ်မှုခံရစေရန် ထိုသူများကို ရှေ့တန်းသို့ လွှတ်လိုက်သည်။

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများကို စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ပြီးနောက် ရိုဟင်ဂျာများသည် စစ်တပ်နှင့် မပူးပေါင်းလိုကြောင်း ထင်ရှားသော်လည်း ရခိုင်အချို့က ရိုဟင်ဂျာများ စစ်တပ်နှင့် ပူးပေါင်းသည်ဟု ယုံကြည်ကြပြီး ထိုလေ့ကျင့်ရေး ဗီဒီယိုထွက်လာပြီးနောက် အချို့က ၎င်းတို့ စစ်တပ်နှင့် ပူးပေါင်းခြင်းအတွက် ပုတ်ခတ်စော်ကား ခြိမ်းခြောက်ကြသည်။
စစ်ကောင်စီသည် စစ်တွေ ပြည်တွင်းနေရပ်စွန့်ခွာ (IDP) စခန်းများမှ ရိုဟင်ဂျာ ၄၀၀ ကို စစ်သားသစ် စုဆောင်းရေးအတွက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စုဝေးခေါ်ဆောင်သည်။ သက်ကယ်ပြင်ကျေးရွာ အနီး စစ်စခန်းတခုတွင် နှစ်ပတ်ကြာ လေ့ကျင့်ပေးပြီး ထိုသို့ လေ့ကျင့်ပေးခြင်းကို ဝါဒဖြန့်ချိရန် မှတ်တမ်းရိုက်ကူးထားကာ အင်အားကြီးမားသည့် ရခိုင် AA တပ်၏ သတ်ဖြတ်မှုခံရစေရန် ထိုသူများကို ရှေ့တန်းသို့ လွှတ်လိုက်သည်။
ထို့ကြောင့် ရိုဟင်ဂျာအများအပြားသည် မြို့ဈေးသို့သွားရာတွင် သတိပြန်ထားလာကြသည်။ ရိုဟင်ဂျာများ AA ကို ဆန့်ကျင်ဆန္ဒပြရန် စစ်တပ်က ဘူးသီးတောင်မြို့နယ်တွင် မတ်လ ၁၉ ရက်နေ့က အတင်းအကျပ် စေခိုင်းသည်။ အိမ်ထောင်စု တစုလျှင် တဦး ထိုဆန္ဒပြပွဲသို့ သွားရောက်ရပြီး ၎င်းတို့ပေးထားသည့် စာတန်းများကို ဝှေ့ယမ်းရသည်။ မတ်လ ၁၉ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် ရိုဟင်ဂျာ ၅၀ ခန့်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုရန်အတွက် မောင်တောမြို့နယ် ကရင်တန်းကျေးရွာတွင် ဖမ်းဆီးသည်။

ရိုဟင်ဂျာများသည် ၎င်းတို့ကို လူမျိုးတုံးသတ်ဖြတ်သည့် စစ်တပ်နှင့်အတူ တိုက်ခိုက်လိုသည်ဟု ရခိုင်အများအပြားက မယုံကြည်ကြသော်လည်း အချို့သည် ထိုအချက်ကို အံ့သြစရာ ကောင်းလောက်အောင် ယုံကြည်နေကြသည်။ ဥပမာအားဖြင့် ဆိုရပါက ဘူးသီးတောင် ဆန္ဒပြပွဲအပြီး AA ကို ဆန့်ကျင်သည့် ရိုဟင်ဂျာများအား ပုတ်ခတ်သော ဗီဒီယိုတခု TikTok တွင် တင်ပြီး အလွန်နှိမ်ချသည့် စကားလုံးဖြစ်သည့် ကုလား ဆိုသော စကားလုံးသုံးကာ ခြိမ်းခြောက်သည်။

မွတ်ဆလင် ၃၀၀ ခန့်သည် ဗလီတခုမှ ထွက်လာပြီး ‘ဂျီဟတ်’ ဟု အော်ကြောင်း လူမျိုးရေး အစွန်းရောက် ဘုန်းကြီးတပါး ဖော်ပြခဲ့သည်ကိုလည်း တွေ့ရသည်။ နောက်တကြိမ် AA ဆန့်ကျင်ရေး ဆန္ဒပြပွဲ လုပ်သည့်နေရာမှာ စစ်တွေမှ ရိုဟင်ဂျာ ရပ်ကွက်ဖြစ်သည့် အောင်မင်္ဂလာတွင်ဖြစ်ပြီး စီစဉ်ထားသော ရိုဟင်ဂျာ ဆန္ဒပြပွဲကို ကြည့်ရှုရန် မီဒီယာများကို ဖိတ်ခေါ်ခဲ့သည်။

ဆက်စပ် ပြဿနာတခုမှာ ဘူးသီးတောင်တွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် အချို့သည် ရိုဟင်ဂျာများကို သင်တန်းပေးနေသည်ဟု ဖော်ပြနေကြသည်။ စစ်တပ်သည် ထိုအချက်ကို သတိပြုမိပြီး စစ်ကောင်စီသည် ARSA နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများလည်း ရှိနေသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ARSA စတင် ပေါ်ပေါက်လာစဉ်ကပင် မြန်မာစစ်တပ်နှင့် ARSA အကြား အချိတ်အဆက်ရှိသည်ဆိုသည့် ကောလာဟလများလည်း ရှိနေသည်။ မတ်လ ၂၀ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အမှတ် ၅ ရပ်ကွက်တွင် ရိုဟင်ဂျာအိမ်များ မီးရှို့ခံရကြောင်းနှင့် ရိုဟင်ဂျာ တထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း ရိုဟင်ဂျာ WhatApp အုပ်စုတခုက ဖော်ပြသည်။
ဆက်စပ် ပြဿနာတခုမှာ ဘူးသီးတောင်တွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် အချို့သည် ရိုဟင်ဂျာများကို သင်တန်းပေးနေသည်ဟု ဖော်ပြနေကြသည်။ စစ်တပ်သည် ထိုအချက်ကို သတိပြုမိပြီး စစ်ကောင်စီသည် ARSA နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများလည်း ရှိနေသည်။

AA သည် ထိုမီးရှို့မှုတွင် ရခိုင်အစွန်းရောက်များနှင့် ပူးပေါင်းခဲ့သည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့နေသည်။ မီးရှို့မှုကို စာရေးသူအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိဘဲ ထိုအချက်သည်ပင် စစ်ကောင်စီ ကစားကွက်က ကောလာဟလနှင့် လူမျိုးရေး ပဋိပက္ခကို မည်သို့ လှုံဆော်နိုင်ကြောင်း ပြသသည့် ဥပမာတခုဖြစ်သည်။ တိုင်းရင်းသား သွေးကွဲမှုဖြစ်စေရန် စစ်ကောင်စီ၏ ဗြောင်ကျသည့် အားထုတ်မှုများအနက် အချို့၏ ရိုက်ခတ်မှုမှာ AA အကြီးအကဲက ရိုဟင်ဂျာများ ကျောက်တော်မြို့သို့ ရက်သတ္တပတ်အနည်းငယ် မသွားဘဲနေရန် မေတ္တာရပ်ခံခြင်းတွင် တွေ့မြင်နိုင်သည်။

နောက်ဆုံးပြုလုပ်ခဲ့သည့် AA ဆန့်ကျင်ရေး ဆန္ဒပြပွဲသည် စစ်တွေမြို့မှ ရိုဟင်ဂျာ ရပ်ကွက်ဖြစ်သော ဘုမေ ရပ် ကွက်တွင်ဖြစ်ပြီး ယခင်အတိုင်း စစ်ကောင်စီက စီစဉ်ခြင်းဖြစ်သည်။ အိမ်ထောင်စု တစုလျှင် တဦး မလာမနေရဘဲ ဆိုင်းဘုတ်များ စာတန်းများ ကိုင်စေကာ မီဒီယာကို ဖိတ်ခေါ်သည်။ ယခုတကြိမ်တွင် ရိုဟင်ဂျာများ ထိုဆန္ဒပြပွဲသို့ မလာပါက အတင်းအကျပ် စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည်။

ထိုဆန္ဒပြပွဲသည် နံနက် ၉ နာရီမှ ၁၀ နာရီအထိ ကြာပြီး ပါဝင်သူ ၁၀၀၀ ခန့်ရှိကာ အများစုသည် ကလေးများ ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ရခိုင် ၁၀၀ ခန့်ကိုလည်း ထိုဆန္ဒပြပွဲဝင် အတင်းအကျပ် ပါဝင်စေသည်ဟု ဒေသခံတဦး ပြောကြားခြင်း ဖြစ်သည်။ အရပ်ဝတ်ရဲများက ထိုဆန္ဒပြပွဲကို စောင့်ကြည့်ပြီး စစ်ကောင်စီ လူမှုကွန်ရက်အတွက်လည်း မှတ်တမ်းတင်သည်။
စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်ရန် နီးကပ်လာသောကြောင့် ရခိုင်ပြည်နယ်တွင် ဆက်လက် ရပ်တည်နိုင်ရန် အပြင်းအထန် ကြိုးစားရင်း စစ်ကောင်စီသည် လူမျိုးရေးသွေးကွဲမှုကို မြန်နိုင်သမျှ အမြန်ဆုံး မီးထိုးပေးနေသည်။
စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်ရန် နီးကပ်လာသောကြောင့် ရခိုင်ပြည်နယ်တွင် ဆက်လက် ရပ်တည်နိုင်ရန် အပြင်းအထန် ကြိုးစားရင်း စစ်ကောင်စီသည် လူမျိုးရေးသွေးကွဲမှုကို မြန်နိုင်သမျှ အမြန်ဆုံး မီးထိုးပေးနေသည်။ မေးစရာရှိသည့် မေးခွန်းမှာ ရခိုင်များနှင့် ရိုဟင်ဂျာများအကြား ပြန်လည်သင့်မြတ်မှုသည် မည်မျှအထိ နက်ရှိုင်းသနည်း၊ စစ်ကောင်စီ၏ ကစားကွက်ကို မည်သည့် အတိုင်းအတာအထိ သိမြင်ပြီး ပယ်ချနိုင်သနည်း။ စစ်ကောင် စီ၏ ရုပ်သေးရုပ်အဖြစ် သူတို့ကိုယ်သူတို့ မည်မျှလောက် ခွင့်ပြုမည်နည်းဆိုသည့် မေးခွန်းသာဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Paul Greening ၏ Myanmar’s Junta Plays Both Rakhine and Rohingya for Fools ကို ဘာသာပြန်သည်။ Paul Greening သည် ကုလသမဂ္ဂ၏ အကြီးတန်း အငြိမ်းစားဝန်ထမ်းတဦးဖြစ်ပြီး အာရှနိုင်ငံခြောက်နိုင်ငံ၌ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) လေးခုအတွက် အလုပ်လုပ်ခဲ့သည်။)


You may also like these stories:


 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */