" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 10, 2024

စစ်ကောင်စီတပ်တွေ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်းစစ်မျက်နှာ

မိုးမခ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ 


ပေါက်တော၊ ပလက်ဝ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ မြို့တွေ နဲ့ အဆိုပါ မြို့တွေရှိတဲ့ နေရာဒေသတွေမှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေ၊ စကခ လို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်တွေ၊ ဗျူဟာအရ အချက်အချာကျပြီး မြေပြင်အနေအထားအရ အပေါ်စီးရတဲ့ ဗျူဟာကုန်းလို စစ်စခန်းတွေကို လွန်ခဲ့တဲ့ ၂ လကျော်အတွင်း Arakan Army, AA က တခုပြီးတခု၊ တမြို့ပြီး တမြို့ သိမ်းယူခဲ့တာ သတင်းတွေထဲ တွေ့မြင်နေရတာ ဖြစ်ပါတယ်။

ပလက်ဝ နဲ့ ပေါက်တောမြို့တို့က စတင်ခဲ့တဲ့ တိုက်ပွဲတွေက မင်းပြား၊ ကျောက်တော်၊ မြောက်ဦးတို့က နေ တဖြည်း ကျယ်ပြန့်လာခဲ့ပြီး စစ်ကောင်စီတပ်ရင်းတွေ ကိုလည်း တခုပြီးတခု သိမ်းယူနေတဲ့ အနေ အထားမျိုးဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်းမှာတော့ မောင်တောမြို့နယ် အပိုင်ထဲက တောင်ပြို လက်ဝဲ၊ တောင်ပြိုလက်ယာတို့မှာ ရှိတဲ့နယ်ခြားစောင့်ရဲကင်းတွေကို AA ကသိမ်းယူခဲ့ပြီးအဆိုပါနယ်ခြားစောင့် ရဲကင်းက ရာနဲ့ချီတဲ့ စစ်ကောင်စီရဲ့ ရဲတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက် သွားခဲ့တဲ့သတင်း တွေ ဆက်တိုက်ဆိုသလို တွေ့မြင်ကြားသိနေရတာ ဖြစ်ပါတယ်။ အခုရက်ပိုင်းအထိ ဆိုနယ်ခြားစောင့်ရဲ ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ပြီးဖြစ်ပါတယ်။ တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာ စတဲ့ စခန်းတွေက နတ်မြစ်ရဲ့ အထက်ပိုင်း ဘင်္ဂလားဒေ့ရှ်မြန်မာ နှစ်နိုင်ငံနယ်စပ်မျဥ်းအနီးက နယ်ခြားစောင့်စခန်းတွေ ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက်အကျဆုံးမြို့၊ အနောက်တံခါးလို့ တင်စားခေါ်ဝေါ်ကြတဲ့မြို့နဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုတွေဖြစ်ပွားပြီးနောက် ပြန်လည်လက်ခံရေး စခန်းတွေ တည်ဆောက်ကာ ခုချိန်ထိ မအောင်မြင်သေးတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲထွက်ပြေး တိမ်းရှောင်သွားခဲ့တဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမယအစီအ စဥ် တွေနဲ့ပတ်သက်ပြီး သတင်းတွေထဲ မကြာခဏပါရှိတဲ့မြို့လည်း ဖြစ်ပါတယ်။

AA တပ်ဖွဲ့တွေ ရဲ့ ဝိုင်းပိတ်ဆို့ တိုက်ခိုက်မှု ခံရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်းက လုံ ခြုံရေးတပ်ဖွဲ့က တပ်သားတွေရော အရာရှိတွေပါ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်သွားတဲ့ ဗီဒီယိုတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အရပ်သားတွေက ရိုက်ယူကြပြီး ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ဝေနေကြတာလည်း တွေ့နေရတာဖြစ်ပါတယ်။

နယ်ခြားစောင့်ကင်းစခန်းက လက်နက်ခဲယမ်းတွေကို တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အယ်လ်ဖတ် အိမ်စီးကား တစီးနဲ့ အပြေးအလွှား သယ်ယူနေကြတဲ့ ဗီဒီယိုအတိုတခုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖေ့စ်ဘုတ်သုံးသူတချို့က တင်ထားကြတာဖြစ်ပြီး AA ရဲ့ သတင်းထုတ်ပြန်မှုမှာတော့ စစ်ကောင်စီ နယ်ခြားစောင့်ကင်းစခန်းက ရဲမှူးက ARA အမည်ရှိတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ကို အဆိုပါ စခန်းဆုတ်ခွာတော့မယ့် အခြေအနေမှာ လက်နက်ခဲယမ်းတွေ သယ်ယူဖို့ နှုတ်သဘောတူညီမှုနဲ့ ရောင်းချထားတာတွေ ဖြစ်တယ်လို့လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က လူနေကျေးရွာတွေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်အကျဆုံး နယ်ခြားစောင့်ကင်းစခန်းတွေက လှမ်းမြင်နေရတဲ့ အနေအထားအထိ နီးနီးကပ်ကပ် တည်ရှိနေကြတာ ဖြစ်ပြီး ဒီဘက်က ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်ရဲကင်းက လက်နက်ကိုင်တွေ ထွက်ပြေးလာတာကို တဖက်နိုင်ငံက ကျေးရွာသား အများအပြားက ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်က နယ်ခြားစောင့် ကင်းစခန်းတွေကနေ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက စွန့်ခွာထွက်ပြေးနေရချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့၊ ကျောက်တော်မြို့တွေက တပ်ရင်း တပ်စခန်းတွေကိုလည်း လက်လွှတ်ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ကျောက်တော်မြို့ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ တပ်မိသားစုဝင်တွေ ကုလားတန်မြစ်ကြောင်းအတိုင်း ရေတပ်က အစီအစဥ်နဲ့ ရေလမ်းကြောင်းက ဆုတ်ခွာနေရတဲ့ သတင်းတွေ ဖေဖေါ်ဝါရီ ၇ ရက်နေ့က စလို့ ဆက်တိုက်ဆိုသလို ဖေါ်ပြလာနေတာ တွေ့ရပါတယ်။ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာတော့ စစ်တပ်ဘက် ဝါဒဖြန့် တယ်လီဂရန်နဲ့ အချို့သောဖေ့စ်ဘုတ် အကောင့်တွေက ကျောက်တော်က ထွက်ပြေးလာတဲ့ စစ်တပ်နဲ့ မိသားစုဝင်တွေစီးနင်းလာတဲ့ ကမ်းထိုးရေယာဥ် တိုက်ခိုက်ခံရပြီးနောက်မှာ မြစ်ထဲကနေ ကမ်းဘက်ကို အသက်ရှင်ဖို့ ကူးခတ်လာတဲ့ စစ်တပ်မိသားစုဝင်၊ ရဲမေတွေကို ကုလားတန်မြစ်ကမ်းအနီး ကျေးရွာသားတွေက ဒါးနဲ့ခုတ်တယ်ဆိုတဲ့ သတင်းတွေကို စတင်ဖြန့်ဝေခဲ့ကြပြီး ရခိုင်လူမျိုးနဲ့ ဗမာလူမျိုးအကြား အမုန်းတရားတွေ များပြားလာအောင် လှုံ့ဆော်နေကြတာ တွေ့ရပါတယ်။ ဒီလှုံ့ဆော်မှုက အချက်အလက်တွေ မမှန်ကန်ကြောင်း စစ်ကောင်စီထောက်ခံတဲ့ လော်ဘီ တယ်လီဂရန်တချို့က ဖြေရှင်းနေကြတာလည်း တွေ့ရပါတယ်။

AA လက်နက်ကိုင် အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ခိုက်မှုတွေဟာ ၂၀၁၈-၁၉ မှာ တကြိမ်၊ ၂၀၂၂ ခုနှစ်မှာ တကြိမ် လနဲ့ချီဖြစ်ပွားခဲ့ပြီး အဲဒီစစ်ပွဲ နှစ်ကြိမ်လုံးကို နှုတ်အားဖြင့် အပစ်ရပ်သဘောတူပြီး ရပ်ဆိုင်းခဲ့ပေမယ့် အခုတကြိမ်ကတော့ အရင် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ကွဲပြားပြီး AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ နယ်မြေ အားလုံး မဟုတ်သည့်တိုင် ရာခိုင်နှုန်းအတော်များများကို ထိန်းချုပ်ဖို့ ရည်မှန်းချက်ထားပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ AA အနေနဲ့ ယခင် ၂ ကြိမ်ကထက် လက်နက်နဲ့ လူအင်အား သာလွန်နေတဲ့ အနေအထားရှိသလို စစ်ကောင်စီ အနေနဲ့ အရင် ၂ကြိမ်ဖြစ်ပွားတဲ့ ကာလတွေနဲ့ မတူပဲ နိုင်ငံနေရာ အနှံ့အပြားမှာ တပြိုင်နက်ထဲ စစ်မျက်နှာဖွင့် ရင်ဆိုင်တိုက်ခိုက်နေရတဲ့ အခြေအနေ၊ စခန်းစွန့် ခွာ ထွက်ပြေးတာ၊ လက်နက်ချတာတွေ တခုပြီးတခု ဖြစ်ပျက်နေချိန် စိတ်ဓါတ်ရေးအရ သိသိသာသာ ကျဆင်းနေချိန် ဖြစ်လို့ AA အဖို့ အခွင့်အခါကောင်းကို လက်မလွှတ်ဘဲ ရခိုင်ပြည်နယ် အားလုံးကိုထိန်း ချုပ်ဖို့ အထိ ရည်မှန်းထားနိုင်ပြီး ၁၀၀ ရာနှုန်း မအောင်မြင်ခဲ့ရင်တောင် ၇၀/ ၈၀ ရာနှုန်းလောက် အောင်မြင်နိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။

ကုန်းတွင်းပိတ်မဟုတ် ပြည်နယ်၊ သယံဇာတ အားဖြင့် ပင်လယ်ပြင် သဘာဝဓာတ်ငွေ့သိုက်တွေ ရေ နက် ဆိပ်ကမ်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက် စွမ်းအင်သယ်ယူရေး လမ်းကြောင်း၊ ရေထွက်ပစ္စည်းထုတ်လုပ်နိုင်တဲ့ ငါးဖမ်းလုပ်ငန်းတွေ နဲ့ နယ်စပ်ကုန်သွယ်ရေး တွေရှိတဲ့ ရခိုင် ပြည်နယ် အနေအထားက လက်နက်ကိုင် ပဋိပက္ခတွေ အလွန်မှာ အနာဂတ်မျှော်လင့်ချက်တွေ ရှိတဲ့ဒေ သလို့ဆိုနိုင်ပြီး ရှမ်းမြောက်က ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ နှိုင်းယှဥ်ရင် အခွင့် အလမ်းကောင်းတွေ ရှိတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ရခိုင်ပြည်နယ်ဟာ စစ်မြေပြင် ဖြစ်နေဆဲ၊ အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ် ရာရနေဆဲ၊ နေအိမ်တွေက ထွက်ပြေးတိမ်းရှောင်နေကြရဆဲ အနေအထားကို ကျော်ဖြတ်နေရဆဲ အ ခြေအနေ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */