" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဦးအောင်ကျော်မိုး. Show all posts
Showing posts with label ဦးအောင်ကျော်မိုး. Show all posts

Wednesday, July 3, 2024

■ အာရက္ခဒေသမှာ လူမျိုးရေးပဋိပက္ခ ပြန်ဖြစ်/မဖြစ်

DMG
2024 02' July
ခိုင်ရိုးလ ရေးသည်။
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်အတွင်း စစ်ရေးအသာစီးရနေခြင်းနှင့်အတူ မတူညီသည့်လူမျိုးစုအကြား လူ့အခွင့်ရေးချိုးဖောက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဂျီနိုဆိုက်အထိကျူး လွန်မှုရှိသည်ဟု စွပ်စွဲခံနေရသည်။ 

Monday, June 17, 2024

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၇ ဇွန်၊ ၂၀၂၄ 

ယခင်မှတ်တမ်းရုပ်ပုံ | စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄
 
မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမှာ နေထိုင်ကြတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ စစ်ပွဲတွေကြား ပိတ်မိမှာကို စိုးရိမ်နေကြတာပါ။ AA အဖွဲ့ကတော့ မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပြီး ဒေသခံတွေ မနေ့ညက နောက်ဆုံးထား ထွက်ခွာကြဖို့ သတိပေးထားပါတယ်။

Friday, May 31, 2024

ဦးအောင်ကျော်မိုးပြောပြတဲ့ ရိုဟင်ဂျာတွေရဲ့ဘဝ

RFA
လွတ်လပ်တဲ့အာရှအသံ
မေလ ၃၁ ရက် ၂၀၂၄ 


 ■ RFA ရဲ့ “ဒီတစ်ပတ်မှာ ပြောချင်စရာ” Podcast အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးပြောပြတဲ့ ရိုဟင်ဂျာတွေရဲ့ ဘဝအကြောင်း ကြားရပါမယ်။

Link : Here

Sunday, May 19, 2024

ရခိုင်မှာ ခွဲခြားမှုမရှိ အားလုံးကို အကာအကွယ်ပေးဖို့ AA အာမခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ မေ၊ ၂၀၂၄ 

စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
 
အာရက္ခတပ်တော် (AA)အနေနဲ့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် Twan Mrat Naing က သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ မေလ ၁၈ ရက် စနေနေ့က ပြောပါတယ်။

Sunday, April 21, 2024

လူမျိုးရေးပဋိပက္ခ ဖန်တီးနေတာကို သတိထားဖို့ NUG ပြော

FRA
RFA Burmese
2024.04.2

စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းတွင် တွေ့ရစဉ်။AFP

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ လက်နက် ကိုင်ခိုင်းပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။‌

Thursday, April 4, 2024

ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီ စစ်ကောင်စီ

RFA
RFA Burmese
2024.04.03 

ရခိုင်ပြည်နယ် စစ်တွေမြို့ လေဆိပ်အနီးတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂ဝရက်နေ့က တွေ့ရစဉ်။Photo: AFP

“ဘူးသီးတောင်ဗျူဟာက အမှတ် ၅ ရပ်ကွက်ကို လူအယောက် ၁၀၀ စာရင်းနဲ့လာပြီးတော့ အ ယောက် ၃၀ လောက်ကိုခေါ်သွားတယ်။ ရိုဟင်ဂျာတွေကို ဘူးသီးတောင်ဗျူဟာက လာဖမ်းတယ်။ လာဖမ်းတဲ့အခါ တချို့လူတွေက ခြံတံခါးကို ဖောက်တဲ့အသံကြားလို့ ထွက်ပြေးသွားတယ်။ တချို့လူတွေကိုတော့ ဖမ်းသွားတယ်။ အဖမ်းခံရတဲ့ မိသားစုတွေက တချို့ငိုနေတယ်။ တချို့ကတော့ ဒီလိုပဲ ကံကြမ္မာရှိတာပေါ့ဆိုပြီး စိတ်ဖြေကြတယ်။”

Monday, April 1, 2024

NUG ပထမဆုံး ရိုဟင်ဂျာ၀န်ကြီးနဲ့ ဗွီအိုအေ မေးမြန်းခန်း

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်

၃၁ မတ်၊ ၂၀၂၄ 

မအင်ကြင်းနိုင် နှင့် NUG လူ့အခွင့်အရေး ဒုတိယ၀န်ကြီး ဦးအောင်ကျော်မိုး (VOA Studio)

ဘုံရန်သူ စစ်ကောင်စီကို ရင်ဆိုင်နေရချိန်မှာ ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေး နှစ်ဘက်အသိုင်း အ၀ိုင်းခေါင်းဆောင်တွေရဲ့ နိုင်ငံရေး စိတ်ဆန္ဒမှန်ကန်ဖို့ အရေးကြီးနေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဒုတိယ၀န်ကြီး လည်းဖြစ် ပထမဆုံး ရိုဟင်ဂျာ၀န်ကြီး လည်းဖြစ်တဲ့ ဦးအောင်ကျော်မိုးက ဗွီအိုအေကို ပြောပါတယ်။ ၀ါရှင်တန်ဒီစီက ဗွီအိုအေစတူဒီယိုမှာ မအင်ကြင်းနိုင်က တွေ့ဆုံးမေးမြန်းထားပါတယ်။

Wednesday, February 28, 2024

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

ဧရာဝတီ
24 February 2024

၂၀၁၈ ခုနှစ်င်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး တဘက်က ရိုဟင်ဂျာများ/AFP
 
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး စာရင်းကောက်ယူမှုသည် စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးချရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အမျိုး သား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။

Monday, December 4, 2023

NUG ရဲ့ ကနေဒါခရီးစဉ်နဲ့ ရိုဟင်ဂျာအရေး

VOA
ဆုမွန်

၀၄ ဒီဇင်ဘာ၊ ၂၀၂၃ 

ကနေဒါခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီရေး ရိုဟင်ဂျာအရေး ဆွေးနွေးခဲ့တာတွေကို NUG ကြားကာ လ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကို မဆုမွန် က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Link :Here

Saturday, July 1, 2023

ရိုဟင်ဂျာအရေးလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး NUG ဒုဝန်ကြီးဖြစ်လာ

Delta News
July 1, 2023 

ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးဖြစ်သလို လက်ရှိ NUG အစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးတဦး လည်း ဖြစ်တဲ့ ဦးအောင်ကျော်မိုးကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒီကနေ့ ခန့်အပ်လိုက် ပါတယ်။

 ဦးအောင်ကျော်မိုးကို ဒုတိယဝန်ကြီးခန့်အပ်လိုက်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော် မတီ(CRPH)က ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အရ ခန့်အပ်တာဝန်ပေးလိုက်တာလို့ ထုတ်ပြန်ထားသလိုကာယ ကံရှင်ဖြစ်သူကလည်း အတည်ပြုထားပါတယ်။

Saturday, June 10, 2023

NUG လူ့အခွင့်အရေးအကြံပေးရဲ့ အစ်ကိုဖြစ်သူ အသတ် ခံရ

RFA
RFA Burmese
2023.06.09

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုဖြစ်သူ ဦးသန်းမြင့်အား တွေ့ရစဉ်။ Aung Kyaw Moe

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို ဇွန်လ ၇ ရက် ညပိုင်းမှာ အမည်မသိ လူတစ်စုက လုပ်ကြံသတ်ဖြတ် သွားတယ်လို့ ညီဖြစ်သူ ဦးအောင်ကျော်မိုးက RFA ကို ဒီနေ့ ပြောပါတယ်။

ရန်ကုန် သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်း နွယ်အေးဗလီအနီးမှာ လူတစ်စုကမသေမချင်းဓား နဲ့ထိုး သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောပါတယ်။

Tuesday, May 30, 2023

တရုတ်နဲ့ ICJ ဖိအားကြောင့် ရိုဟင်ဂျာအရေး စစ်ကောင်စီ ပိုတိုးလုပ်ဆောင်လာ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.30 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကို ထွက်ပြေးသွားကြစဉ်။ Reuters


တရုတ်အပါအဝင်နိုင်ငံတကာဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စကို စစ် ကောင်စီက ဒီရက်ပိုင်းထဲ ပိုအားထုတ်လာတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ရခိုင်နိုင်ငံရေးသမားတချို့က သုံးသပ်ပါတယ်။

ရိုနေဆန်းလွင်-"တရုတ်နိုင်ငံက ဒီမှာလာပြီး စက်ရုံတွေဆောက်မယ်၊ တခြားတစ် ခုခုလုပ်မယ်ဆိုရင် ဒီလူတွေကို ပေါပေါလောလောနဲ့သုံးလို့ရမယ့် အနေအထားမှာ ရှိတယ်။

Monday, May 22, 2023

ရိုဟင်ဂျာများ ရာနှင့်ချီ သေဆုံးမှု စစ်တပ် ဘာတွေပျက်ကွက် ခဲ့သလဲ

Myanmar Now
kyawkyaw
May 22, 2023

“မိုခါ ဆိုင်ကလုန်းကြားက ရိုဟင်ဂျာ ဒုက္ခသည်များ”

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့ပြီး သိန်းနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ သည်။ မုန်တိုင်းဖြစ်ပွားပြီး ၁ ပတ်ကျော်ကြာသည်အထိ နိုင်ငံတကာ ကူညီ၊ ကယ်ဆယ်ရေးများ ဝင်ရောက်ခွင့် မရသေးဘဲ အချိန်မီ ကူညီ၊ ကယ်ဆယ်မှုများ မရရှိပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ မုန်တိုင်းမတိုင်မီ လုံလောက်သည့် သတိပေးမှုများမရှိသည့်အပေါ် စစ်ကောင် စီ၏ စီမံခန့်ခွဲမှု လွဲမှားမှုများ၊ မုန်တိုင်းဖြစ်ပွားပြီးနောက် ကူညီ၊ ကယ်ဆယ်မှုများ အချိန်မီ မရောက်ရှိသည့်အပေါစိုးရိမ် မှုများကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ၂ ဦးက ဆွေးနွေးထားသည်။

Youtube Link :Here 

Link : Here

Friday, May 19, 2023

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူး လွန် နေတယ်”

Myanmar Now
May 18, 2023
ကိုချို

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု တွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံ ပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။


အမိုးဖွင့် အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လုံလောက်တဲ့ သတိပေးမှုတွေ နေရာ ရွှေ့ပြောင်းပေးမှုတွေ မလုပ်ခဲ့တာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို တားမြစ် ပိတ်ပင်ထားတာတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုပဲလို့ သူက စွပ်စွဲလိုက်ပါတယ်။

Thursday, December 15, 2022

အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၂၀၀ နီးပါး ပါတဲ့ စက်လှေတစ်စီး အရေးပေါ်အကူအညီလိုနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.14

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်အာချေးမြို့အနီးရှိ Krueng Geukuh ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြင်တွေ့ရစဉ်။ Reuters

အင်ဒိုနီးရှားနိုင်ငံအနီး မလက္ကာရေလက်ကြားက ပင်လယ်ပြင်မှာ ရိုဟင်ဂျာ အယောက် ၂၀၀ နီးပါးပါးတဲ့ စက်လှေ တစ်စီးမျောနေပြီး အစားအသောက်နဲ့ ရေလိုအပ်နေလိုအပ်ချက်ကြောင့် စက်လှေပေါ်ပါတဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးသွားပါတယ်။ 

အဲ့ဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုကနေ နိုဝင်ဘာလ ၂၃ ရက်နေ့က ထွက်လာတာ ဖြစ်ပါ တယ်။ 

အရေးပေါ်အကူအညီလိုအပ်နေပြီး အကူအညီမရရင် လူအများအပြားသေဆုံးနိုင်ခြေရှိတယ်လို့ စက်လှေပေါ်မှာ ပါတဲ့သူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

Wednesday, December 7, 2022

ထိုင်းပင်လယ်ပြင်အတွင်းမျောနေတဲ့ ရိုဟင်ဂျာတွေပါတဲ့စက် လှေ ကယ်ဆယ်သူမရှိသေး

B B C

ဘီဘီစီမြန်မာပိုင်း

7 December 2022 

ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက်တင်ဆောင်ထားတဲ့ စက်လှေတစ်စင်းဟာ ဒီဇင်ဘာလ ၇ ရက်၊ ဒီနေ့အထိ ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်ထဲမှာမျောနေပြီး အဲဒီထဲမှာ ‌အစာရေငတ်လို့ သေဆုံးသူတွေ လည်း ရှိနေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေး အဖွဲ့၀င်တစ်ဦးဖြစ် သူ ဦးအောင်ကျော်မိုးက သူနဲ့အဆက်အသွယ် ရရှိထားချက်တွေကို ကိုးကားကာ ဘီဘီစီကိုပြောပြပါတယ်။

ဦးအောင်ကျော်မိုးပြောကြားချက်အရ အဲဒီစက်လှေဟာ စက်ချို့ယွင်းပြီး မျောနေတာက ၆ရက်လောက် ရှိပြီလို့ သိရပါတယ်။