" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ထိုင်းနိုင်ငံ. Show all posts
Showing posts with label ထိုင်းနိုင်ငံ. Show all posts

Friday, December 6, 2019

AA စစ်ဦးစီးချုပ်၏ဇနီး ထိုင်းတွင် အဖမ်းခံရပြီး မြန်မာနယ် စပ် သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်

Narinjara
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊  ဒီဇင်ဘာ ၆/ ၂ဝ၁၉

ရက္ခိုင့်တပ်တော်( AA) ၏ စစ်ဦးစီချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးအား ထိုင်း အစိုးရမှ ဖမ်းဆီးပြီး နယ်စပ်မြို့ မယ်ဆိုင်သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း ချင်းမိုင်မြို့သို့ ရောက် ရှိနေသူ ရခိုင့်လူအခွင့်အရေးဆောင်ရွက်နေသူ တစ်ဦးက သတင်းဌာနသို့ ပြောကြားသည်။

“ သူတို့ကို ဒီကနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က ချင်းမိုင် လေယာဉ်ကွင်းကနေ မယ်ဆိုင်ကို ရဟတ်ယာဉ်နဲ့ ယူဆောင်သွားပါတယ်။ သူတို့ကို မယ်ဆိုင်ကနေ မြန်မာကို ပို့ဆောင်ဖို့ ယုံကြည်မျှော်လင့်ရပါတယ်” ဟု ၎င်း က ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ မဇာဇာအတူ သမီးဖြစ်သူ စောပြည့်ရှင် (၁၁) နှစ်၊ မြတ်လင်းဇံ (တစ်နှစ်နှင့် တစ်လ) တို့ ပါဝင်သည်ဟု သိရသည်။

၎င်းတို့အား ဒီဇင်ဘာ ၄ ရက်နေ့က ချင်းမိုင် လဝကရုံးတွင် ဗီဇာသက်တမ်းတိုးရန် သွားရာမှာ ထိုင်းထောက် လှမ်းရေးများနှင့် လဝကများက ဖမ်းဆီးခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

လင့်၊https://burmese.narinjara.com/news/detail/5dea170d7138e7041e261d72
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */