" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်အုပ်ချုပ်ရေးကောင်စီ. Show all posts
Showing posts with label စစ်အုပ်ချုပ်ရေးကောင်စီ. Show all posts

Friday, February 5, 2021

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ရေး ANP ဒေါ်အေးနုစိန် ဘာကြောင့် လက်ခံသလဲ

VOA

ဗွီအိုအေ (မြန်မာဌာန)

ဝင်းမင်း


စစ်အုပ်ချုပ်ရေးကောင်စီသစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) အဖွဲ့ ပြောခွင့်ရ ဒေါ်အေးနုစိန်ကို ထပ်တိုးထည့် သွင်းခဲ့တာကို လက်ခံခဲ့တာက၊ ဒီမိုကရေစီစံနှုန်းအရမရင့်ကျက်သေးချိန်မှာ၊ အရင်အစိုးရမဖော်ဆောင်နိုင်ခဲ့တဲ့ စစ်ဒဏ်ခံရခိုင်ပြည်သူအကျိုးစီးပွားအတွက်မျှော်မှန်းလုပ်တာသာ ဖြစ်တယ်လို့၊ ANP ပါတီ မူဝါဒရေးရာဦး ဆောင်ကော်မတီဝင် ဦးဦးလှစောက ဆိုပါတယ်၊ ကိုဝင်းမင်းကမေးထားပါတယ်။

အရင် ၁၁ ဦးပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ၊ ဗုဒ္ဓဟူးနေ့ကပဲ နောက်ထပ် ၅ ဦးထပ်တိုးဖွဲ့လိုက်တဲ့ အထဲ၊ အခုလို ANP လက်ခံခဲ့ပုံကို ဦးဦးလှလှစောက -

ဦးဦးလှစော ။ ။ ဒေါ်အေးနုစိန်ကိုလက်ခံတယ်ဆိုတာက ကျွန်တော်တို့ ANP အနေနဲ့ လက်ခံလိုက်တယ်ပေါ့။

ဝင်းမင်း ။ ။ ဘာကြောင့်မို့လို့ လက်ခံလိုက်တာလဲ။

ဦးဦးလှစော ။ ။ လက်ခံတယ်ဆိုတာကလေ၊ ကျွန်တော်တို့ ဒီအပြောင်းအလဲမှာတော့၊ တစ်စုံတစ်ရာပူးပေါင်းပြီး တော့ အခြေအနေတရပ်ကို ပူးပေါင်းပြီးတော့ လုပ်ဆောင်မယ်ဆိုတဲ့သဘောပေါ့နော်။ ကျွန်တော်တို့ ဒီအခြေအ နေအသစ်၊ အခု အခင်းအကျင်းသစ်ထဲမှာ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် ဘာတွေများမျှော်လင့်နိုင်မလဲ ဆို တာကို စောင့်ကြည့်ရင်းနဲ့ပေါ့နော်၊ ကျွန်တော်တို့ လုပ်မယ်ဆိုတဲ့သဘောပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */