" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Tuesday, December 27, 2022

၂၀၂၂ သည် ပင်လယ်ပြင်တွင် ရိုဟင်ဂျာသေဆုံးမှု အများဆုံး နှစ်များတွင် ပါဝင်

ဧရာဝတီ
27 December 2022
၂၀၂၂ ဒီဇင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှား အာချေးဒေသသို့ လူ ၁၈၀ တင်ပြီး ပင်လယ်ဖြတ်လာခဲ့သော စက်လှေ / AFP
 
ရိုဟင်ဂျာ မွတ်ဆလင်အများစု ပါဝင်သော လူ ၁၈၀ သယ်ဆောင်လာသည့် စက်လှေတစီး နစ်မြုပ်သွားနိုင်ဖွယ်ရှိ သောကြောင့် ၂၀၂၂ ခုနှစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းများမှ ဆိုးရွားသော အခြေအနေများကြောင့် ထွက်ပြေး နေရသော ရိုဟင်ဂျာများအတွက် အဆိုးရွားဆုံး နှစ်တခုဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) က ပြောသည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်က သတ်ဖြတ်နှိမ်နင်းသောကြောင့် နိုင်ငံမှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာ အပါ အဝင် မြန်မာမှ ရိုဟင်ဂျာဒုက္ခသည် တသန်းခန့်သည် မွတ်ဆလင်အများစုရှိသော ဘင်္ဂလားဒေ့ရှ်မှ ကျပ်သိပ်နေ သည့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည်။

မော်လမြိုင်မြို့မှာ ရိုဟင်ဂျာ အယောက် ၂၀ ကျော် ဖမ်းမိ

VOA
ဗွီအိုအေမြန်မာပိုင်း
ငြိမ်းချမ်း
၂၇ ဒီဇင်ဘာ၊ ၂၀၂၂

ရခိုင်ပြည်နယ် မြောက်ဖျားဘက်က နိုင်ငံသားအထောက်အထားမဲ့ ဖမ်းဆီးခံခဲ့ရသူများ။ (ဓာတ်ပုံ - ပုသိမ်သား ဦးဇော်'s facebok - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရိုဟင်ဂျာအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရခိုင်ပြည် နယ်တွင်းက မွတ်စလင်တွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ဖြစ်လာနေပေမယ့် ကာကွယ်ပေးနိုင်မှု အားနည်းနေ တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေက ထောက်ပြနေကြပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

Monday, December 26, 2022

မော်လမြိုင်တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးခံရ

DVB
26 December, 2022


 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရိုဟင်ဂျာ ၂၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ ငါးထပ်တိုက်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်လို့ သတင်းပေးချက်အရ စစ်ကောင်စီ တပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“၅ ထပ်တိုက်ရဲ့ လေးလွှာမှာတွေ့တာ အခုတော့ လ.ဝ.က မှာ စစ်ဆေးနေတုန်း ဘယ်ကလာတယ် ဆိုတာတော့ မသိဘူး။”

လှေစီးပြေး ရိုဟင်ဂျာ ၅၈ဦး အင်ဒိုကယ်ဆယ်

VOA
ဗွီအိုအေမြန်မာပိုင်း
2022-12-26
MYANMAR-ROHINGYA/INDONESIA

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေးပြည်နယ်ထဲက ကမ်းခြေတခုမှာ အစာရေစာပြတ်လပ်ပြီးအားနည်းနေ တဲ့ ရိုဟင်ဂျာဆယ်ဂဏန်းလောက်ကို တနင်းနွေနေ့က တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါ တယ်။ သူတို့ဟာ ပင်လယ်ထဲ ရက်သတင်းပတ်အတန်ကြာခဲ့ပြီးနောက်၊ အာချေးကမ်းခြေကိုရောက်လာ တာလို့ ဆိုပါတယ်။ အမျိုးသား ၅၈ဦးပါ ဒီအစုဟာ အာချေးပြည်နယ် Ladong တံငါရွာက Indrapatra ကမ်းခြေကို တ နင်း နွေနေ့အစောပိုင်းက ရောက်ရှိလာကြတာလို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ သူတို့ထဲက သုံး ဦးက အခြေအနေအတော်ဆိုးနေပြီး၊ အများစုကတော့ ရေဓါတ်ခမ်းခြောက်တဲ့ဝေဒနာခံစားနေရတယ်လို့ ဆရာ ဝန်တဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ရိုဟင်ဂျာလှေတစ်စီးကို အင်ဒိုနီးရှားကယ်ဆယ်

B B C 

ဘီဘီစီမြန်မာပိုင်း
2022-12-26

  ကယ်ဆယ်ထားတဲ့လှေကို ကြည့်နေတဲ့ဒေသခံတွေ

အင်ဒိုအစိုးရက အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား

အစာရေစာပြတ်လပ်ပြီးအားနည်းနေတဲ့ ရိုဟင်ဂျာ ၅၈ယောက်ပါတဲ့ လှေအငယ်စားတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်က အင်ဒရာပတ်ထရာ ကမ်းခြေကို မနေ့ ဒီဇင်ဘာ ၂၅ရက်က ကမ်းကပ်လာလို့ ဒေသခံရွာ သားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။

Sunday, December 25, 2022

အစာရေဆာငတ်မွတ်နေတဲ့ ရိုဟင်ဂျာ ၆၀ နီးပါးပါတဲ့ စက် လှေတစ်စီး အင်ဒိုးနီးရှားကို ရောက်လာ

RFA
RFA Burmese
2022.12.25
၂၀၂၂ ၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် Krueng Raya ကမ်းခြေကို ရောက်ရှိခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦး။
 

အမျိုးသားတွေသာပါဝင်ပြီး အစာရေစာငတ်မွတ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေတစ်စီးဟာ ဒီဇင်ဘာလ ၂၅ ရက် နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် Krueng Raya ကမ်းခြေကို ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီစက်လှေဟာ ပင်လယ်ထဲမှာ တစ်လနီးပါးကြာမျောနေပြီး စက်လှေပေါ်ပါလာသူတွေက ရေဓါတ်ခမ်းခြောက် နေခဲ့ကြတယ်လို့ အာဏာပိုင်တွေက RFA ရဲ့ ညီနောင် သတင်းဌာန Benar news ကိုပြောပါတယ်။

Saturday, December 24, 2022

ကပ္ပလီပင်လယ်ပြင်က ရိုဟင်ဂျာတွေကို ကယ်ဆယ်ဖို့ အာဆီယံနိုင်ငံတွေကို ကုလတိုက်တွန်း

RFA
RFA Burmese
2022.12.23 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးမြို့ရှိ Seunuddon ကမ်းခြေအနီးတွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော စက်လှေတစ်စင်းကို ၂ဝ၂ဝ ခုနှစ် ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်။Reuters
  
ကပ္ပလီပင်လယ်ပြင်မှာ သီတင်းပတ်များစွာ မျောပါနေတဲ့ လှေတစ်စင်းပေါ်က ရိုဟင်ဂျာလို့ယူဆရတဲ့ လူ ၁၉၀ ခန့်ကို ဝိုင်းဝန်းကူညီကယ်ဆယ်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေကတိုက် တွန်းလိုက်ပါတယ်။

လှေပေါ်ပါလာသူ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ငါးနှစ်ကြာနေထိုင်ခဲ့ပြီး ပိုမိုကောင်း မွန်တဲ့ဘဝတွေကို ရှာဖွေဖို့အတွက် မလေးရှားနဲ့ အင်ဒီုနီးရှားကိုထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ် စ လင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Wednesday, December 21, 2022

ဘိုကလေးမြို့နယ်မှာ ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းဆီးခံရ

RFA
RFA Burmese
2022.12.21

 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေနှစ်စီးနဲ့လိုက်ပါ လာတဲ့ ကလေးငယ် ရှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦး ဒီဇင်ဘာလ ၂၀ ရက် မနေ့မနက်က ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၈ အောက် ကလေးငယ် ရှစ်ဦး၊ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး ဖမ်းဆီးခံရတာပါ။

ရိုဟင်ဂျာ ၁၃ ဦး အလောင်းကို ပစ်ထားခဲ့တဲ့ လူကုန်ကူးဂိုဏ်း

B B C 

ဘီဘီစီမြန်မာပိုင်း

2022-12-21

ဒီလူကုန်ကူးဂိုဏ်းဟာ ရခိုင်ပြည်နယ်ကတစ်ဆင့် လူပေါင်း ၂၅၅ ဦးကို ၅ ကြိမ် သယ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်


ရန်ကုန်မြို့ အဝင် လှည်းကူးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က သေဆုံးနေတဲ့ အမျိုးသား ၁၃ ဦး အလောင်းကို စွန့်ပစ်ခဲ့တဲ့ ရိုဟင်ဂျာ လူကုန်ကူးဂိုဏ်းက လူအချို့ကို ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလူကုန်ကူးဂိုဏ်းဟာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံတွင်းကနေ တစ်ဆင့် မလေးရှားနိုင်ငံကို ပို့ဖို့ ရန်ကုန်မြို့ဘက်ကို ဆီဘောက်ဆာကားအတွင်း အဖုံးပိတ်ထည့်ပြီး သယ်လာစဥ် ရန်ကုန်မြို့အဝင်လှိုင်သာယာ နည်းပညာတက္ကသိုလ် အနီးမှာ အဲဒီ ဒုက္ခသည်အမျိုးသား ၁၃ ဦးဟာ ပါးစပ်က အမြုပ်တွေထွက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြရှိပါတယ်။

Tuesday, December 20, 2022

ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာနှစ်ရာကျော်ကို ကယ်တင်ဖို့ ဒေသတွင်းနိုင်ငံတွေကို APHR တိုက်တွန်း

RFA
RFA Burmese
2022.12.20

ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးမြို့အနီးရှိ Bireuen ပင်လယ်ပြင်တွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော စက်လှေတစ်စင်း။
AFP

အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၂ဝဝ ကျော်ကို တင်ဆောင်လာတဲ့ လှေတစ်စီး ပင်လယ်ထဲမှာ ရက်ပေါင်းများစွာ မျောနေတာကို ကယ်တင်ဖို့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ဒီဇင်ဘာလ ၂ဝ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

ပင်လယ်ထဲ မျောနေတဲ့ လှေပေါ်က ဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့အာဆီယံနဲ့ဒေသ တွင်း နိုင်ငံတွေကို အရေးပေါ် တိုက်တွန်းကြောင်း APHR အဖွဲ့က အင်ဒိုနီးရှား လွှတ်တော်အမတ်ဟောင်း အီဗာ ဆန်ဒါရီက ပြောပါတယ်။

ရိုဟင်ဂျာတွေကို စစ်ကောင်စီလက်အပ်လိုက်မှာကို မိသားစု ၀င်တွေ စိုးရိမ်

DVB
19 12 2022

အိန္ဒိယသမုဒ္ဒရာအတွင်း စက်လှေတစ်စီးဖြင့် မျောပါနေသည့် ရိုဟင်ဂျာ ၁၀၄ ဦးကို သီရိလင်္ကာရေတပ်က ကယ်ဆယ်

Tachileik News Agency
ဒီဇင်ဘာ 20, 2022
Pic :Reuter

အိန္ဒိယသမုဒ္ဒရာအတွင်း စက်လှေတစ်စီးဖြင့် မျောပါနေသည့် ရိုဟင်ဂျာမွတ်စလင်မ် (၁၀၄) ဦးကို သီရိလင်္ကာနိုင်ငံ ရေတပ်က ကယ်ဆယ်ခဲ့ကြောင်း သီရိလင်္ကာ အစိုးရတာဝန်ရှိသူတစ်ဦးက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။ ရိုဟင်ဂျာမွတ်စလင်မ်များမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် နေထိုင်ရ မှုအခြေအနေဆိုးတို့မှ လွတ်မြောက်ရန် ပင်လယ်ပြင်ကိုဖြတ်ပြီး မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ အရှေ့တောင် အာရှ နိုင်ငံများသို့ ရောက်ရှိနိုင်ရန် အသက်စွန့်ထွက်ပြေးနေကြခြင်းဖြစ်သည်။

ရိုဟင်ဂျာများကို နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးရေးမြန်မာ နိုင်ငံဆိုင်ရာ ကုလအထူးသံတမန် တိုက်တွန်း

မဇ္စျိမ
20 December 2022


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်း ဟေဇာက အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သော အမြဲတမ်းကော်မရှင်နှင့် ဒီဇင်ဘာ ၁၉ ရက်က တွေ့ဆုံသည့် အစည်းအဝေးအတွင်း ရိုဟင်ဂျာများကို နိုင်ငံတကာက ချက်ချင်းလက်ငင်း အခိုင်အမာ ထောက်ကူပံ့ပိုးပေးရေးကို တောင်းဆိုခဲ့သည်။

Thursday, December 15, 2022

ရိုဟင်ဂျာ ၁၈၀ ခန့်ပါ ဒုတိယ စက်လှေ ၁ စီး ပင်လယ်ထဲ စက်ပျက်ပြီး အကူအညီမဲ့နေ

DVB  
14 December, 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒုက္ခသည်စခန်းကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ ဒုတိယမြောက် စက်လှေတစီးက အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ထဲမှာ စက်ချို့ယွင်းပြီး မျောပါနေတာ ရက်ပေါင်း ၂၀ နီးပါးရှိလာပြီး အစာရေစာပြတ်ကာ အခုထိကူညီမဲ့သူမရှိသေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝန်းကနေ သိရပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယ အပတ်ထဲမှာ ၃ ရက်ခြားပြီး စက်လှေ ၃ စီးနဲ့ ထွက်ခွာလာတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်၏ ဝန်ထုပ်ဝန်ပိုးများ လျော့ကျစေရေး ရိုဟင်ဂျာတချို့ကို ခေါ်ယူရန် ဂျပန် စဉ်းစား

15 December 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကျရောက်နေသည့် ဝန်ထုပ်ဝန်ပိုးများကို လျော့ကျစေရေးအလို့ငှာ ရိုဟင်ဂျာ ဒုက္ခ သည်တချို့ကို ခေါ်ယူရန် ဂျပန်အာဏာပိုင်တို့ စဉ်းစားလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင်ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားရပြီး ၎င်းတို့အနက် အများစုသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ထွက်ပြေးလာကြပြီးနောက် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ကော့ဇ် ဘဇားခရိုင်ရှိ ကျပ်ညပ်နေသော ကမ့်စခန်းများတွင် နေထိုင်လျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၂၀၀ နီးပါး ပါတဲ့ စက်လှေတစ်စီး အရေးပေါ်အကူအညီလိုနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.14

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်အာချေးမြို့အနီးရှိ Krueng Geukuh ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြင်တွေ့ရစဉ်။ Reuters

အင်ဒိုနီးရှားနိုင်ငံအနီး မလက္ကာရေလက်ကြားက ပင်လယ်ပြင်မှာ ရိုဟင်ဂျာ အယောက် ၂၀၀ နီးပါးပါးတဲ့ စက်လှေ တစ်စီးမျောနေပြီး အစားအသောက်နဲ့ ရေလိုအပ်နေလိုအပ်ချက်ကြောင့် စက်လှေပေါ်ပါတဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးသွားပါတယ်။ 

အဲ့ဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုကနေ နိုဝင်ဘာလ ၂၃ ရက်နေ့က ထွက်လာတာ ဖြစ်ပါ တယ်။ 

အရေးပေါ်အကူအညီလိုအပ်နေပြီး အကူအညီမရရင် လူအများအပြားသေဆုံးနိုင်ခြေရှိတယ်လို့ စက်လှေပေါ်မှာ ပါတဲ့သူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

Wednesday, December 14, 2022

ရိုဟင်ဂျာတွေ အခြေချနိုင်ရေး ကန်အစီအစဉ်သစ်စတင်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ ဒီဇင်ဘာ၊ ၂၀၂၂

Bangladesh Myanmar Rohingyas
 
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR အဖွဲ့တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေး အစီအစဉ်ကို စတင်လိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာန က ကြေညာပါတယ်။

ရိုဟင်ဂျာတွေ ကိုယ့်သဘောနဲ့ကိုယ်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်တဲ့ ဒီအစီအစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြဿနာကို ဘက်စုံ ဖြေရှင်းနိုင်ရေးမှာ ကဏ္ဍတခုအဖြစ် ပါဝင်တာဖြစ်ပါတယ်။ ရိုဟင် ဂျာ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးအတွက် UNHCR က တင်သွင်းလာတဲ့ အမည်စာရင်းကို အမေရိ ကန်ပြည်ထောင်စုက ထည့်သွင်း စဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်က ထုတ် ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Tuesday, December 13, 2022

ရိုဟင်ဂျာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဗြိတိန်က နောက်ထပ် ပေါင် ၄.၅ သန်းကို ကြေညာ

Dhaka Tribune
UNB
ဒီဇင်ဘာ 11 ရက် 2022 

WFP (ပေါင် 3 သန်း) နှင့် UNICEF (ပေါင် 1.5 သန်း) တို့က ရိုဟင်ဂျာဒုက္ခသည်များအတွက် အစားအစာ၊ ရေ၊ သန့် ရှင်းရေးနှင့် ကလေးသူငယ် ကာကွယ်ရေးတို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။

Cox's Bazar Mahmud Hossain Opu/Dhaka Tribune ရှိ ရိုဟင်ဂျာစခန်းတစ်ခု၏ ဖိုင်ဓာတ်ပုံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းဖို့ ဗြိတိန် ပေါင် ၄.၅ သန်း ထပ်မံ ထောက်ပံ့မယ်လို့ ဗြိတိန် (UK) က ကြေညာလိုက်ပါတယ်။

ဗြိတိန်သည် ၂၀၁၇ ခုနှစ် သြဂုတ်လ အကျပ်အတည်း စတင်ချိန်မှ ရန်ပုံငွေ စုစုပေါင်း ပေါင် ၃၄၅ သန်းကို ရုတ်သိမ်းလိုက်ကြောင်း ဗြိတိန် အဆင့်မြင့် ကော်မရှင် Dhaka မှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ Dhaka ရှိ ဗြိတိသျှ မဟာမင်းကြီး Robert Chatterton Dickson က "ဗြိတိန်သည် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ၎င်းတို့၏ အိမ်ရှင်အသိုင်းအဝိုင်းများကို ထောက်ပံ့ရန် ကတိက ဝတ်ပြုလျက် ရှိသည်" ဟု ပြောကြားခဲ့သည်။

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်မှာ ရှိနေစဉ် UK ရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုကို ပြန်လည်အာမခံတဲ့ Dickson က “ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်နိုင်စေမယ့် ရေရှည်ဖြေရှင်းချက်တစ်ရပ်ကို ဗြိတိန်က ဆက်လက်တွန်းအားပေးနေပါတယ်။ အဲဒီမှာ အခြေအနေတွေက ခွင့်ပြုတယ်။"

WFP (ပေါင် 3 သန်း) နှင့် UNICEF (ပေါင် 1.5 သန်း) တို့က ရိုဟင်ဂျာဒုက္ခသည်များနှင့် ကော့ဘဇားနှင့် Bhasan Char ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် ကလေးသူငယ်များကို အကာအကွယ်ပေးရေး နှင့် အစားအစာ၊ ရေ၊ သန့်ရှင်းရေးနှင့် ကလေးကာကွယ်ရေးတို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

2017 ခုနှစ် သြဂုတ်လ 25 ရက်နေ့မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ် သည် ကော့ဘဇားခရိုင်တွင် အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်သူ 1.2 သန်းကျော်ကို လက်ခံပေးခဲ့ပြီး အများစုမှာ မြန်မာစစ်တပ်၏ ဖြိုခွင်းမှုအပြီးတွင် UN မှ "သင်ရိုးညွှန်းတမ်းအတိုင်း လူမျိုးသုဉ်းသုတ်သင်ခြင်း" ဟု ခေါ်ဝေါ်ကြသည့် မြန်မာနှင့် အခြားအခွင့်အရေးအဖွဲ့များဟု အမည်ပေးထားသည်။ "လူမျိုးတုံးသတ်ဖြတ်မှု" အဖြစ်။

သို့သော်လည်း မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ လုံခြုံရေးနှင့် လုံခြုံရေးနှင့် ပတ်သက်၍ အဓမ္မနေရပ်စွန့်ခွာသွားသူများအကြား ယုံကြည်မှု ပျက်ပြားမှုကြောင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ရိုဟင်ဂျာတစ်ဦးတည်းကို ပြန်လည်လက်ခံရန် ကြိုးပမ်းမှု နှစ်ကြိမ်တိုင်တိုင် မအောင်မြင်သေးပေ။

Link : Here

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဦးရေ ၉ သိန်း ခွဲကျော်ရှိလာ

B B C 

ဘီဘီစီမြန်မာပိုင်း
13 December 2022

                                        ငါးနှစ်ထဲဝင်ရောက်လာတဲ့ရိုဟင်ဂျာတွေနေရပ်ပြန်ခေါ်ရေးကိစ္စ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ လက်ခံထားတဲ့ ရိုဟင်ဂျာဦးရေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကုန် အထိ ဆိုရင် ၉ သိန်းခွဲကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကပြော ပါတယ်။

ဒီအရေအတွက်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ကောက်ဘဇားခရိုင်နဲ့ ဘာဆန်ချာ ကျွန်းပေါ်က ဒုက္ခသည်စ ခန်း တွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဦးရေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့ ပူးတွဲ စာရင်းကောက် ယူ ပြီးတဲ့နောက်မှာ သိရှိရတာဖြစ်ပါတယ်။

Sunday, December 11, 2022

ပင်လယ်ပြင်ထဲ အသက်နဲ့ရင်း ခရီးနှင်နေရတဲ့ ရိုဟင်ဂျာများ

VOA
ဆုမွန်
၁၁ ဒီဇင်ဘာ၊ ၂၀၂၂

Indonesia Rohingya Refugees
 

ပွင့်လင်းရာသီချိန် ရောက်လာတာကြောင့်ရော ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအတွက် အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်မှုတွေ ပိုတိုးလာတာကြောင့်ပါ မျှော်လင့်ချက် အနာဂတ်မဲ့နေတဲ့ ကန့်သတ် ချက်တွေနဲ့ နေထိုင်နေရတဲ့ ဘဝတွေကနေ လွတ်မြောက်ရေး ရိုဟင်ဂျာမွတ်ဆလင်တွေ ကြိုးစားနေကြပါတယ်။ ပင်လယ်ပြင်အပါအဝင် ကုန်းလမ်းရေလမ်း နည်းလမ်းမျိုးစုံနဲ့ အသက်နဲ့ရင်း သွားလာရင်း ဒုက္ခတွေရဲ့ ထွက်ပေါက် လမ်းရှာကြတာမွာ ခရီးလမ်းမွာ အသက်သေဆုံးရသူတဲ့အထိ ကြုံရတာတွေ ဆယ်စုနှစ်နဲ့ချီ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */