B B C
ဘီဘီစီမြန်မာပိုင်း
13 December 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ လက်ခံထားတဲ့ ရိုဟင်ဂျာဦးရေဟာ
ပြီးခဲ့တဲ့နိုဝင်ဘာလကုန် အထိ ဆိုရင် ၉ သိန်းခွဲကျော်အထိ ရှိလာတယ်လို့
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကပြော ပါတယ်။
ဒီအရေအတွက်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ကောက်ဘဇားခရိုင်နဲ့ ဘာဆန်ချာ ကျွန်းပေါ်က ဒုက္ခသည်စ ခန်း တွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဦးရေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့ ပူးတွဲ စာရင်းကောက် ယူ ပြီးတဲ့နောက်မှာ သိရှိရတာဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းခွဲကျော်ထဲက တစ်ဝက်ဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ
၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး
တပ်မတော်ရဲ့နယ် မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင် ဂျာ ၇
သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူအများစုဟာ မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
နိုင်ငံအတွင်းက
ထွက်ခွာသွားရသူတွေ၊ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး
ဆောင်ရွက်မယ်လို့ အာဏာ သိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က အာဏာသိမ်းပြီး လပိုင်းအကြာမှာ ထုတ်ဖော်ပြော ထား ခဲ့ပေမဲ့
ဘာတွေ လုပ်ဆောင်ဖို့ ရှိသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး
မရှိခဲ့ပါဘူး။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နိုင်ငံအတွင်းက
ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဦးရေတိုးလာတာနဲ့အမျှ ဆက်ပြီး လက်ခံထားရေးမှာ
ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး ရိုဟင်ဂျာတွေကို
နေရပ်ပြန်ခေါ်ရေး မြန်မာကို တိုက်တွန်းဖို့ တရုတ်အပါအဝင်
အာဆီယံနိုင်ငံတွေကို ထုတ်ဖော်ပြောဆိုနေပါတယ်။
- ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ စစ်ကောင်စီ စီစဥ်
- ရန်ကုန်အဝင် လှည်းကူးမှာ အစုလိုက်သေဆုံးနေတဲ့ အလောင်းတွေတွေ့
Link : Here
No comments:
Post a Comment