" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 27, 2022

မော်လမြိုင်မြို့မှာ ရိုဟင်ဂျာ အယောက် ၂၀ ကျော် ဖမ်းမိ

VOA
ဗွီအိုအေမြန်မာပိုင်း
ငြိမ်းချမ်း
၂၇ ဒီဇင်ဘာ၊ ၂၀၂၂

ရခိုင်ပြည်နယ် မြောက်ဖျားဘက်က နိုင်ငံသားအထောက်အထားမဲ့ ဖမ်းဆီးခံခဲ့ရသူများ။ (ဓာတ်ပုံ - ပုသိမ်သား ဦးဇော်'s facebok - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရိုဟင်ဂျာအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရခိုင်ပြည် နယ်တွင်းက မွတ်စလင်တွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ဖြစ်လာနေပေမယ့် ကာကွယ်ပေးနိုင်မှု အားနည်းနေ တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေက ထောက်ပြနေကြပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းက ငါးထပ် တိုက်မှာ မွတ်စလင်အယောက် ၂၀ ကျော်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ၁၃ ယောက်နဲ့ အမျိုးသမီး ၁၁ ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ရိုဟင်ဂျာအရေးကူညီ ပေးနေသူ တဦးက ဗွီအိုအေကိုပြောပါတယ်။

“အမျိုးသားလည်း ပါတယ်။ သူတို့ထွက်လာတာက ရသေ့တောင်က သမီးလှကျေးရွာ ရှိတယ်။ အဲမှာ လူမှောင်ခို ပွဲစားတွေက လူစုကြတယ်။ သူတို့လာတာကတော့ မောင်တော၊ ဘူးသီးတောင်က ရခိုင်ပြည်နယ်အနယ်နယ်အရပ် ရပ်က ရိုဟင်ဂျာတွေပေါ့။ အဲနေရာကိုလူစုပြီး ပွဲစားတွေက ခေါ်လာတယ်။ အဲမှာ သက်ဆိုင်ရာချိတ်ဆက်ထားတဲ့ လူတွေရဲ့လုံခြုံရေးကိုယူပြီးတော့ စက်လှေပေါ်တင်ပြီးတော့ ဒီဘက်ကိုလာကြတာပေါ့နော်။ နောက် ဧရာဝတီကို ရောက်တယ်။ တချို့စက်လှေတွေက ဖမ်းမိတာရှိတယ်။ တချို့ကကျတော့ မဖမ်းမိတာရှိတယ်။ သူတို့ကို လူအုပ်စုခွဲ ထားပြီးတော့ ပွဲစားတွေအဆက်နဲ့ ခေါ်ထားတယ်။ အဲဒီကနေ ကားတွေနဲ့သယ်တာပေါ့နော်။ သွားချင်တဲ့နေရာတွေ ကတော့ အထူးသဖြင့် မလေးရှားတို့ တချို့တွေကျတော့ ရန်ကုန်ပေါ့။”

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ဒေသကူးခွင့်မရှိတာမို့ လူကုန်ကူးတွေကတဆင့် ရန်ကုန်နဲ့ တခြား ပြည်ပနိုင်ငံတွေကို တရားမဝင် ထွက်ခွာဖို့ ကြိုးစားကြရာမှာ မကြာခဏဆိုသလို ဖမ်းဆီးခံကြရပါတယ်။ ဒါပေမယ့် လည်း ဒုက္ခသည်စခန်းတွေကနေ နည်းအမျိုးမျိုးနဲ့ ထွက်ခွာသွားလာမှုတွေက ရှိနေဆဲဖြစ်တယ်လို့ မွတ်ဆလင်အ သိုင်းအဝိုင်းကပြောပါတယ်။ ရခိုင်ဒေသတွင်းမှာ သူတို့ကို ခရီးသွားလာခွင့်ပိတ်ပင်တာ၊ ကန့်သတ်ထားတာတွေ ကြောင့်လည်း ဒါတွေက လူကုန်ကူးသူတွေရဲ့ မျက်စိကျစရာ အခြေအနေတခုဖြစ်နေတယ်လို့ သူတို့တွေကို ကူညီ ပေးနေသူကပြောပါတယ်။

“လူမှောင်ခိုပွဲစားသမားတွေက မျက်စိကျစရာ ဘာမှ အတားအဆီး အဟန့်အတားမရှိဖြစ်နေတယ်။ သူတို့က လွတ် လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရတဲ့သဘော ဖြစ်နေတယ်။ ရှင်းရှင်းပြောရရင်တကြောင်းပေါ့။ လူမှောင်ခိုပွဲစားတွေရဲ့ စားခွက် စားကျက်လိုဖြစ်နေတယ်။ အဲစားကျက်က အတားအဆီးမရှိတဲ့သဘောဖြစ်နေတယ်။ အတားအဆီးမရှိ တဲ့သဘောက သက်ဆိုင်ရာလုံခြုံရေးတာဝန်ယူသူတွေက ဘယ်သူမှမတားဆီးကြဘူး။ ထွက်ချင်သလိုထွက်၊ ဝင် ချင်သလိုဝင် အဲလိုပုံစံဖြစ်နေတယ်။ ဝင်လို့တော့ မရဘူး။ ထွက်တဲ့ပုံစံလို ဖြစ်နေတယ်၊အဲလိုဖြစ်နေတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်၊ လှည်းကူးမြို့နယ် ဘာလားကျေးရွာအနီးမှာ သေဆုံးနေတဲ့ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်ဘက်ကနေထွက်ပြေးလာပြီး လူပွဲစားတွေခေါ် ဆောင်လာချိန် အသက်ရှုကြပ်လို့ သေခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ် ပြန်ထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တချို့မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁,၀၀၀ နီးပါးရှိပြီဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလုပ်နေသူတွေကပြောပါတယ်။ စစ်ကောင် စီဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံထားပါဘူးရှင်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */