" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 21, 2022

ဘိုကလေးမြို့နယ်မှာ ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းဆီးခံရ

RFA
RFA Burmese
2022.12.21

 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေနှစ်စီးနဲ့လိုက်ပါ လာတဲ့ ကလေးငယ် ရှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦး ဒီဇင်ဘာလ ၂၀ ရက် မနေ့မနက်က ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၈ အောက် ကလေးငယ် ရှစ်ဦး၊ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး ဖမ်းဆီးခံရတာပါ။

သူတို့က ရခိုင်ပြည်နယ်ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေကဖြစ်ပြီး မလေးရှား နိုင်ငံကိုသွားဖို့ ကြိုးစားတာ လို့ ဒီအကြောင်းကိုသိထားတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမစက်လှေတစ်စီးကို ဖမ်းမိသွားတော့ နောက်စက်လှေတစ်စီးကိုလည်း လိုက်ဖမ်းတာ။ စက်လှေနှစ်စီးစလုံး ဖမ်းမိတယ်။ အဲဒီကတုံးလေးကျွန်းအနီးမှာပဲ ဘိုကလေးဘက်ကိုတစ်ဆင့်သယ်ဖို့ စောင့်နေတဲ့စက်လှေတွေလည်း ထွက်ပြေးသွား တယ်။ ကတုံးလေးကျွန်းကနေ ဘိုကလေးမြို့နယ်ထဲဝင်ဖို့ အဲဒီနေရာမှာ စက်လှေချိန်း ကြတာလို့ သိရတယ်။ အဲဒီလိုချိန်းဖို့ လုပ်နေတဲ့ အချိန်မှာပဲအဖမ်းခံရတာ”

ရိုဟင်ဂျာတွေကို ဘိုကလေးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး သူတို့ကိုဘာပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာ မသိရ သေးဘူးလို့ ဘိုကလေးမြို့ခံတွေက ပြောပါတယ်။

ဘိုကလေးမြို့နယ်က ရိုဟင်ဂျာ ၁၁၂ ဦးဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် အအခြေအနေသိရဖို့ စစ် ကောင်စီပြောခွင့်ရ ဧရာဝတီတိုင်း လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၂ခုနှစ်အတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းသွားလာကြတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဆက်တိုက် ဖမ်းဆီးနေတာပါ။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာလည်း သေဆုံးနေတဲ့ ရိုဟင်ဂျာအမျိုးသား ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၅ ရက်မှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လာပြီးနောက် မလေးရှားနိုင်ငံကို သွားရောက်ဖို့ကြိုးစားရင်း သေဆုံးခဲ့တာလို့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၀ ရက် မနေ့က ထုတ် ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ရန်ကုန်မြို့ကို ဆီဘောက်ဆာကားနဲ့ သယ်ယူခံရပြီး ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့ နယ်နဲ့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အကြား သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးသူ ၁၃ ဦး အပါအဝင် ရိုဟင်ဂျာတွေကို နေရပ်စွန့်ခွာဖို့ အခကြေးငွေယူပြီး သယ်ဆောင်ပေးနေတဲ့ အမျိုး သား ၁၂ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူတွေဟာ ရိုဟင်ဂျာ ၂၅၅ ဦးဆီကနေ အခကြေးငွေယူပြီး မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ ငါးကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

RFA က ကောက်ယူထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်အထိ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာ ၁,၆၅၃ ဦးဖမ်းဆီးထားပါတယ်။ အဲဒီထဲက ၂၇၁ ဦးဟာ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */