" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Friday, December 9, 2022

ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာ ၁၅၄ ဦးကို ဗီယက်နမ် သင်္ဘောက ကယ်တင်ပြီး မြန်မာရေတပ်ထံ လွှဲပြောင်းပေး

DVB
December, 2022

ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်မှာ ရက်ပေါင်းအတော်ကြာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ယောက်ပါတဲ့ လှေကို ဗီယက်နမ်နိုင်ငံက ရေနံတင်သင်္ဘောကုမ္ပဏီတခုက ကယ်တင်ပြီး မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “ဗီယက်နမ်က Haduco ဆိုတဲ့ ရေနံကုမ္ပဏီတွေကို ဝန် ဆောင်မှုပေးတဲ့ သင်္ဘောကုမ္ပဏီက ကယ်လိုက်တယ်လို့ သိရတယ်။ အဲဒီအချိန်အထိကို လှေပေါ်မှာ ဖုန်းအဆက် အသွယ် ရှိနေတာဆိုတော့ သူတို့ကို ကယ်သွားတယ်ဆိုတာကို ပြန်ပြောတယ်ပေါ့။ သင်္ဘောကုမ္ပဏီက သူတို့အစိုးရ ကို အကြောင်းကြားမှာပဲလေ။ ဒါပေမဲ့ နောက်ဆုံး ကျနော်တွေ့လိုက်ရတဲ့ ဗီဒီယိုဖိုင်က သူတို့က မြန်မာစစ်တပ် ဘက် ဒီဒုက္ခသည်တွေကို လွှဲပေးနေတာတွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လှည်းကူးမှာ ရိုဟင်ဂျာ ၁၂ ယောက် ထပ်မံ အဖမ်းခံရ

RFA
RFA Burmese
2022.12.08

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၁၂ယောက်ကို တွေ့ရစဉ်။Citizen Journalist


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငွေသောင်ယံကျေးရွာနားမှာ ရိုဟင်ဂျာ ၁၂ ယောက်ကို မနေ့က ဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်းမိတဲ့ အမျိုးသမီး ခြောက်ယောက် နဲ့ အမျိုးသား ခြောက်ယောက်ကို ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ရိုဟင် ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးရမိသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို သူတို့တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီးလည်း အတိအကျ မသိ ရသေးပါဘူး။

ရိုဟင်ဂျာ၂၄ ဦး အမေရိကန်မှာအခြေချဖို့ စတင်ထွက်ခွာ

RFA
RFA Burmese
2022.12.08

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားက ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ကလေးငယ်များအပါအဝင် လူ့အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်နေကြသည့် ရိုဟင်ဂျာများ။Photo:Reuters

ရိုဟင်ဂျာ ၂၄ ဦး အမေရိကန်နိုင်ငံကို ကြာသပတေးနေ့က ထွက်ခွာသွားပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာန နေရပ်ပြန်ပို့ရေးရုံးအရာရှိက ပြောပါတယ်။ ဒီလူတွေဟာ အမေရိကန်မှာ အခြေချဖို့ ရွေးချယ်ထားတဲ့ မြန်မာ နိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးလာသူ ရိုဟင်ဂျာ ၆၂ ဦးထဲမှာပါဝင်သူတွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို လက်ခံဖို့ အမေရိကန်က စီစဉ်နေတာကို အမေရိကန်အစိုးရအရာရှိတွေက အတည်ပြုပေမယ့် အခုပထမအသုတ် ထွက်ခွာသူတွေဟာ ဒုက္ခသည်စခန်းတွေကလားဆိုတာကိုတော့ မပြောပါဘူး။

ထိုင်းပင်လယ်ပြင်အနီး မျောပါနေတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော် ကို မြန်မာရေတပ်သွားရောက်ခေါ်ဆောင်

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-09

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားသွားမယ့်သူတွေလို့ ကနဦးသိရ

မြိတ်မြို့အနောက်တောင်ဘက် ထိုင်းပင်လယ်ပြင်အနီးမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို မြန်မာရေတပ်က မနေ့ ဒီဇင်ဘာ ၇ ရက် ညက သွားရောက်ခေါ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်သင်္ဘောပေါ်မှာပဲ ရှိသေးတဲ့အ ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့ဌာနက သင်္ဘော နှစ်စင်းက ကနဦးသွားရောက် ကယ်ဆယ်ခဲ့ပြီးမှ မြန်မာရေတပ် ကို သတင်းပို့ခဲ့တာလို့သိရပါတယ်။ 

ပင်လယ်ထဲကကယ်ထားတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော်ကို ပြန်ပို့ ဖို့ စစ်ကောင်စီ စီစဥ်နေ

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-09

ထိုင်းပင်လယ်ပြင်ထဲကနေ ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို ပြန်ပို့ဖို့ စီစဥ်နေတဲ့အကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဌာနတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရိုဟင်ဂျာတွေ ကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

‘လုပ်ထုံးလုပ်နည်းအရတော့ နယ်ခြားဒေသတွေ နဲ့ ပင်လယ်ပြင်မှာတွေ့တာမျိုးဆိုရင်တော့ မူရင်းနေရာကိုပြန်ပို့ဖို့ များပါတယ်’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကိုသွားရောက် ဖို့ထွက်ခွာလာသူတွေဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

Thursday, December 8, 2022

ရိုဟင်ဂျာ ၂၀၀ ကျော်နဲ့စက်လှေပျက် ဖူးခက်နားမျောနေ

VOA
ဗွီအိုအေမြန်မာပိုင်း
2022-12-08
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်နဲ့အနီးဆုံးပင်လယ်ပြင်မှာ စက်လှေပျက်ပြီး အစာပြတ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ။ (ဒီဇင်ဘာ ၇၊ ၂၀၂၂)

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နဲ့အနီးဆုံးပင်လယ်ပြင်မှာ ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၂၀၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစင်းပျက်လို့ ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်ကူညီခဲ့ရပါတယ်။ လိုက်ပါလာသူတွေမှာ အစာရေစာပြတ်လပ်ပြီး ထိုင်းအခြေစိုက် ရိုဟင်ဂျာအဖွဲ့တခုကို အကူအညီတောင်းခံလာရာကနေ ထိုင်းတာ ဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့တာလို့သိရပါတယ်။ လှေပေါ်မှာ အစာရေစာပြတ်ပြီး သေ ဆုံးသူ ၁၈ ဦးထက်မနည်းရှိတယ်လို့ သိရပါတယ်။ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၈ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံရ

VOA
၀၈ ဒီဇင်ဘာ၊ ၂၀၂၂
အေးအေးမာ
ထိုင်းရဲက ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေ ( Photo: Thai Police Dept )

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီ ပြည်နယ် အဝေးပြေးလမ်းမှာ ခရီးသည်တင်ကားတစင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၄၈ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားမယ့်သူတွေဖြစ်ကြောင်း စစ်ဆေးချက်အရ သိခဲ့ရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ရိုဟင်ဂျာ ၁၅ဝ ထက်မနည်း လှေပျက်ပြီး ထိုင်းပင်လယ်ပြင် မှာ သောင်တင်နေ

RFA
RFA Burmese
2022.12.07
ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ ငါးဖမ်းစက်လှေတစ်စီးကို ထိုင်းပင်လယ်ပြင်မှာ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တွေ့ရစဉ်။

ရိုဟင်ဂျာလူမျိုး ၁၅ဝ ထက်မနည်း စက်လှေပျက်ပြီး ထိုင်းပင်လယ်ပြင်မှာ သောင်တင်နေကြောင်း အများအပြား သေဆုံးနေပြီး အသက်ရှင်ကျန်နေသူတွေကို အမြန်ဆုံးကယ်တင်ဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအာဏာပိုင်တွေကို မနေ့က တောင်းဆိုလိုက်ပါတယ်။

အဲဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလကုန်ပိုင်းက ထွက်ခွာလာတာဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းကမ်းလွန်ပင်လယ်ပြင်မှာ စတင်ရေယိုစိမ့်လာခဲ့ကြောင်း လှေပေါ်ပါလာသူတွေရဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံ မေးမြန်းချက်တွေကို ကိုးကားပြီး The Arakan Project လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ Chris Lewa က ပြောပါတယ်။

Wednesday, December 7, 2022

ထိုင်းပင်လယ်ပြင် စက်လှေပျက်ပေါ်မှ ကူရာမဲ့ ရိုဟင်ဂျာများ

Myanmar Now
Published on Dec 7, 2022
စထွန်းအောင်

ရိုဟင်ဂျာ ၁၆၀ ပါ စက်လှေသည် ထိုင်းနိုင်ငံ၊ အက်ဒမန်ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းမျော ပါနေပြီး ရေနှင့် အစာ ပြတ်လပ်သဖြင့် သေဆုံးသွားသူ ၅ ဦးထက်မနည်းရှိနေသည်။ 

၂၀၁၉ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - EPA)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းနှင့် ဘာလုခါလီဒုက္ခသည်စခန်းတွင် နေထိုင်ကြသည့် ရိုဟင်ဂျာ များအနက် ၁၆၀ ခန့်သည် နိုဝင်ဘာ ၂၅၊ နံနက် ၁ နာရီခန့်က စက်လှေတစ်စီးဖြင့် ဘင်္ဂလားပင်လယ်အော်ကိုဖြတ် ကာ မိုင်ထောင်ချီခရီး စတင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းများမှ မိုင်ပေါင်း နှစ်ထောင်ကျော် ကွာဝေးသည့် မလေးရှားနိုင်ငံသို့ ရေလမ်း ခရီး ဖြင့် ထွက်ခွာလာပြီးနောက် ၆ ရက်မြောက်နေ့ ဒီဇင်ဘာ ၁ တွင် ထိုင်းနိုင်ငံ၊ အက်ဒမန်ပင်လယ်ပြင်အတွင်း စတင်၍ စက်ချွတ်ယွင်းသွားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်အထိ ကယ်သူမဲ့ဖြစ်နေပြီး ကမ်းမမြင်၊ လမ်းမမြင်သည့် ပင်လယ်ပြင်အတွင်း ကူကယ်ရာမဲ့ဘဝ ရောက်နေကြသည်။

ရနောင်းကမ်းလွန်တွင်ယိုစိမ့်နေသောလှေပေါ်တွင်ရိုဟင်ဂျာ ၁၅၀ ခန့် သောင်တင်နေ

Bangkok Post

7 ဒီဇင်ဘာ 2022
မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Palang Khali တွင် အောက်တိုဘာ ၉ ရက်က နယ်စပ်ဖြတ်ကျော်ပြီး လယ်ကွင်းများကို ဖြတ်သန်းသွားလာနေကြသည်။ (Photo: Reuters)

ရိုဟင်ဂျာလူမျိုး ၁၅၀ ထက်မနည်း လှေပျက်ကျပြီးနောက် ထိုင်းပင်လယ်ပြင်မှာ သောင်တင်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ အများအပြားသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း နှိပ်စက်ညှဉ်းပန်းခံနေရသော မွတ်စလင်လူနည်းစုဝင် ရိုဟင်ဂျာအများအပြားသည် မြန်မာနိုင်ငံတွင် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန်နှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ငြိစွန်းနေသော ခနော်ခနဲ့ သင်္ဘောပေါ်တက်ကာ အသက်အန္တရာယ်ကို နှစ်စဉ် စွန့်စားကြသည်။ မလေးရှားကို ရောက်ဖို့ တော်တော်များများ ကြိုးစားကြတယ်။

Tuesday, December 6, 2022

လှည်းကူးမှာအလောင်းတွေ့တဲ့ရိုဟင်ဂျာတွေဟာစစ်ကောင်စီ က ဖမ်းထားသူတွေဖြစ်တယ်လို့ဆို

dna
Delta News
December 5, 2022

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က လမ်းဘေးတနေရာမှာ ဒီဇင်ဘာ (၅) ရက် ဒီကနေ့မနက်အစောပိုင်းကတွေ့ရတဲ့ ရိုဟင်ဂျာရုပ်အလောင်းတွေဟာ ပြီးခဲ့လအတွင်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရသူတွေထဲပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က DNA ကိုပြောပါတယ်။

ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ရိုဟင်ဂျာအမျိုးသား (၁၃) ဦးရဲ့ အလောင်းတွေကို ဒီကနေ့မနက် (၇) နာရီဝန်းကျင်က လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ တွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။

လှည်းကူးမြို့နယ်အတွင်းမှာ နိုဝင်ဘာ (၂၈) ရက်က ၁၂ ဘီး ကုန်တင်ယာဉ်တစီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ (၆၆) ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ယာဉ်မောင်းနှစ်ဦးအပါအဝင် အမျိုးသား (၅၄) ဦးနဲ့ အမျိုးသမီး (၁၄) ဦးဖမ်းဆီးခံခဲ့ရတာပါ။
                                                                         

ပုသိမ်အကျဥ်းထောင်၌ ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၄၀၀ ကျော်အထိရှိလာ

မဇ္ဈိမ
Tuesday, December 06, 2022

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၄၀၀ ကျော်အထိရှိလာကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ မောင်တောစသည့်မြို့များမှ ဧရာဝတီတိုင်းအတွင်းသို့ ရေကြောင်းဖြင့်ဝင်ရောက်လာစဥ် စစ်ကောင်စီတပ် ၏ ဖမ်းဆီးမှုကိုခံခဲ့ရသူများ ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံများမှ မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် တရားစွဲကာ ထောင် ဒဏ် နှစ်နှစ်မှငါးနှစ်အထိ အသီးသီးချမှတ်ထားခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မုဒုံမြို့နယ်မှာ ရိုဟင်ဂျာ ၇၈ ဦးဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.12.06
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ Citizen Journalist

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝမှာ ဒီဇင်ဘာလ ၄ ရက် မနက်ပိုင်းက စက်လှေတစ်စီးနဲ့လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၇၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ် လို့ မွန်ပြည်နယ် စစ်ကောင်စီပြော ရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းက ဒီဇင်ဘာလ ၆ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘယ်ဒေသကလာပြီး ဘယ်ဒေသကိုသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ဦးအောင်ကြည်သိန်းက ထုတ်မပြောပါဘူး။

Monday, December 5, 2022

ရန်ကုန်မြို့ပြင် လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာ ၁၃ ဦး ရုပ်အလောင်းတွေ့

MYANMAR NOW
မောင်ရွှေဝါ
Published on Dec 5, 2022

အစုလိုက် စွန့်ပစ်ထားသည့် အလောင်းများတွင် ဒဏ်ရာများ မတွေ့ရကြောင်း၊ အသက် ၁၆ နှစ်မှ ၂၀ ကြား အမျိုးသားလူငယ်များဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငွေနံ့သာရွာ အရှေ့ဘက် ၃ ဖာလုံခန့်အကွာ ကွန်ကရစ်လမ်းဘေးတွင် ဒီဇင်ဘာ ၅ရက် နံနက်ပိုင်းက တွေ့ရသည့် ရုပ်အလောင်းများ။ ဓာတ်ပုံ - ပေးပို့
 

ရန်ကုန်မြို့သို့ ဝင်ထွက်နိုင်သည့် မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်ကြား လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားသည့် ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ ရုပ်အလောင်းများကို ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၆နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိ သည်။

လှည်းကူးမြို့နယ် ဘာလားကျေးရွာအုပ်စု၊ ငွေနံ့သာရွာနှင့် အမှတ် ၇ လမ်းမကြီးကြား၊ ငွေနံ့သာရွာ အရှေ့ဘက် ၃ ဖာလုံခန့် အကွာရှိ ကွန်ကရစ်လမ်းဘေးတွင် အစုလိုက်တွေ့ရသည့် ရုပ်အလောင်းများကို စိစစ်ရာတွင် အသက် ၁၆ နှစ်မှ ၂၀ ကြား လူငယ်များဖြစ်သည်ဟု စစ်ကောင်စီခန့် ဒေသအာဏာပိုင်တစ်ဦးက အတည်ပြုသည်။

“ဒဏ်ရာ၊ ဒဏ်ချက်တော့ မရှိပါဘူး။ အဲဒါ (ဘာကြောင့်သေဆုံးရတယ်ဆိုတာ) တော့ မသိရသေးဘူးဗျ။လော လော ဆယ်တော့ (ရန်ကုန်) ဆေးရုံကြီးပို့ထားတယ်။ ဆေးစစ်ချက်မရသေးဘူး။ ... လမ်းဘေးမှာ ပုံထား ခဲ့ တာ” ဟု သူက ပြောသည်။

လှည်းကူးမြို့နယ် ငွေနံ့သာစံပြကျေးရွာရှိ လယ်ကွင်းနံဘေး တွင် သေဆုံးနေသည့် အမျိုးသားအလောင်း ၁၃ လောင်းတွေ့ ရှိ

မဇ္စျိမ
05 December 2022

မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ ငွေနံ့သာကျေးရွာရှိ လယ်ကွင်းနံဘေးတွင် သေ ဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ၁၃ လောင်းကို တွေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ငွေနံ့သာကျေးရွာမှ အမှတ်(၇) လမ်းမ ကြီးပေါ်သို့ ဆက်သွယ်ထား သည့် ကားလမ်းဘေးတွင် အဆိုပါအမျိုးသားအလောင်း များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ တွေ့ရှိခဲ့သည့်နေရာသည် လှည်းကူးနှင့် တောင်ဒဂုံကို ဆက်သွယ် ထားသည့်ကားလမ်းဘေးတွင် တည် ရှိပြီး လူသွားလူလာ ပြတ်တောက်သည့် နေရာ ဖြစ်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်ကို စွန့်စားဖြတ်ကူးသူ ပိုမိုများပြားလာဟု UNHCR သတိပေး

DVB
5 December 2022

Photo-UN

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကပ္ပလီပင်လယ်ပြင်ကို စစ်လှေတွေနဲ့ စွန့်စားဖြတ်ကူးမှုတွေ ပိုမိုများ ပြားလာကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

အရှေ့တောင်အာရှ ရေလမ်းခရီးဟာ ကမ္ဘာ့အဆိုးရွားဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီး အခုနှစ် ဇန်နဝါရီလ နောက် ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူပေါင်း ၁၉၀၀ ကျော်ရှိခဲ့ပြီလို့ အဲဒီ ထုတ်ပြန် ချက် ကဆိုပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်က ဖြတ်ကူးမှုတွေနဲ့ယှဉ်ရင် ၆ ဆ ပိုများတဲ့အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

လှည်းကူးတွင် အလောင်း ၁၃ လောင်း တွေ့ရှိ

DVB
05 December 2022

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ ဒီဇင်ဘာ ၅ ရက် မနက် ၇ နာရီက သေဆုံးနေတဲ့ အလောင်း ၁၃ လောင်း တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီက ဘားလားကျေးရွာ တပင်ရွှေထီးလမ်းဘေးမှာ သေဆုံးနေတဲ့ ရိုဟင်ဂျာ ၁၃ ဦးကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ လာရောက် သယ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကိုပြော ပါတယ်။

လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၁၃ ဦး ရုပ်အလောင်းတွေ့

RFA
RFA Burmese
2022.12.05

ရန်ကုန်တိုင်း၊ လှည်းကူးမြို့အဝင် တစ်နေရာကို တွေ့ရစဉ်။ 


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားအုပ်စု ငွေနံ့သာကျေးရွာ အမှတ် ၇ ကားလမ်းမဘေး အမှိုက်ပုံမှာ ရိုဟင် ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၅ ရက် ဒီမနက် ၃ နာရီ ဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၇ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

ဒီရွာကတော့မဟုတ်ဘူး။ လူတွေကတော့ ရိုဟင်ဂျာတွေလို့ ထင်တာပဲ။ မနေ့ကလည်း လှည်းကူးမှာ အယောက် ၇၀ ကျော် မိတယ်ကြားတော့လေ”

မနက်အစော ဈေးရောင်းထွက်ရင်း ရိုဟင်ဂျာရုပ်အလောင်းတွေကို တွေ့ရှိခဲ့တဲ့ အမျိုးသမီး တချို့ကိုလည်း စစ် ကောင် စီတပ်သားတွေက ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်အဝင် လှည်းကူးမှာ အစုလိုက်သေဆုံးနေတဲ့ အလောင်း တွေတွေ့

B B C

ဘီဘီစီမြန်မာပိုင်း

05-12-2022

ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့နဲ့မိုင် ၂၀ လောက်ဝေးတဲ့ လှည်းကူးမြို့နယ်မှာ အသက်သေဆုံးနေတဲ့ ရိုဟင်ဂျာတွေ လို့ယူဆရတဲ့ အမျိုးသား ၁၃ ဦး အလောင်းကို လမ်းဘေးမှာစုပုံထားတာ တွေ့ရှိရတယ်လို့ မျက် မြင် ဒေသခံတွေပြောဆိုချက် နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု ငွေနံ့သာ စံပြကျေးရွာ၊ ငွေနံ့သာကျေးရွာနဲ့ အမှတ် ၇ လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသား အလောင်း ၁၃လောင်းကို တွေ့ရှိ ခဲ့ရတယ်လို့ သေဆုံးနေတဲ့အလောင်းတွေကို သွားရောက်ကြည့်ရှုကြတဲ့ ဒေသခံတွေက ပြောပါတယ်။

လှည်းကူးမြို့နယ်အတွင်း ရိုဟင်ဂျာလို့ ယူဆရသူ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
အောင်အောင်
၀၅ ဒီဇင်ဘာ၊ ၂၀၂၂
(ဓာတ္ပံု-Burma Human Rights Network)

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်ထဲမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေလို့ယူဆရသူ ၁၃ ဦး ရဲ့ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ အမျိုးသား ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပေမယ့် ဘယ်သူဘယ်ဝါရယ်လို့ ဖော်ပြမထားပါဘူး။ ဒီအကြောင်း ရန်ကုန် မေးမြန်းစုံစမ်းထားတာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */