" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Tuesday, April 30, 2024

ရိုဟင်ဂျာ (သို့) ဆူးကြားက ဘူးခါးဘဝများ - ကိုရိုနေဆန်းလွင် နဲ့ သီးသန့် မေးမြန်းခန်း

THN Freelance Journalist
သက်ထွေးနိုင် (သတင်းထောက်) 

မောင်းတောမြောက်ပိုင်း အဘူဂျာရွာက ရိုဟင်ဂျာ ၅ ဦး အာရက္ခတပ်တော် AA က ဖမ်းဆီးပြီးနောင် သေဆုံးသွားခြင်း ရိုဟင်ဂျာတွေက တိုက်ပွဲအလိုမရှိကြောင်း AA အလိုမရှိကြောင်း ဆန္ဒပြမှု စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်း ခေါ်ဆောင်မှု နောက်ကွယ်... စတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေအပေါ် ရိုဟင်ဂျာတွေရဲ့ လက်တွေ ရင် ဆိုင်နေရတဲ့ အခြေအနေက ဘယ်လို ရှိတယ်ဆိုတာ သိရအောင် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ က ကိုရိုနေဆန်းလွင် ကို ဆက်သွယ်မေးမြန်တင်ဆက်ထားပါတယ်။

Link : Here

Thursday, April 25, 2024

စစ်တွေမှာ နောက်ထပ် ရိုဟင်ဂျာသုံးရာကျော် စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရ

RFA
RFA Burmese
2024.04.25 

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဒါးပိုင်၊ ဗေဒါ၊ ဘာဆာရာ အစရှိတဲ့ ကျေးရွာပေါင်း သုံးဆယ်ကျော်က အသက် ၁၈ နှစ်ကနေ ၃၀ ကျော် အရွယ် ရိုဟင်ဂျာသုံးရာခန့်ကို ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီက စစ်သင်တန်းပေးဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက RFA ကို ဧပြီလ ၂၅ ရက်နေ့က ပြောပါတယ်။

သူတို့ကို စစ်ကောင်စီရဲ့ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထဲကို ရဲကား တွေနဲ့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

 

စစ်ကောင်စီက ကျေးရွာလူကြီးတွေကို ပြည်နယ်စစ်ကောင်စီရုံးကိုခေါ်ပြီး စစ်သင်တန်းတက်ဖို့ မဖြစ်မနေ လူစုပေးရမယ်လို့ ပြောဆိုတာကြောင့် တစ်ရွာက လူဆယ်ဦးခန့်၊ စုစုပေါင်း လူသုံးရာကျော် ပေးလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာကလူကြီးတွေကို ပြည်နယ်အစိုးရရုံးကိုခေါ်တယ်။ လဝကလည်းပါတယ်။ သူတို့က မင်းတို့ရွာမှာ အိမ်ခြေ ဘယ်လောက်ရှိတယ်။ လူဦးရေကဘယ်လောက်ရှိတယ်ပြောပြီးတော့ ဘယ်နှစ်ယောက်ပေးရမယ်ဆိုတာ ပြောတယ်။ မပေးလို့ လုံးဝမရဘူးပေါ့နော်။ မဖြစ်မနေပေးရတာဆိုတော့ ဆယ်ယောက်ပေးရတာ ရှိတယ်။ ငါးယောက်ပေးရတာ ရှိတယ်။ အခုတစ်ခေါက်မှာတော့ သုံးရာလောက် ရှိပါတယ်”

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ တစ်ထောင်လောက်ကို စစ်သင်တန်းတက်ဖို့ ပထမအကြိမ်ခေါ်ယူခဲ့ပြီး အခုတခါတော့ ဒုတိယအကြိမ်အဖြစ် ရွာသားတွေကို ခေါ်ယူတာလို့ ဆိုပါတယ်။

"မဖြစ်မနေပေးရတာဆိုတော့ ဆယ်ယောက်ပေးရတာ ရှိတယ်။ ငါးယောက်ပေးရတာ ရှိတယ်။ အခုတစ်ခေါက်မှာတော့ သုံးရာလောက် ရှိပါတယ်"
စစ်သင်တန်းဟာ အချိန်နှစ်ပတ်ကြာမြင့်ပြီး သင်တန်းတက်ပြီးနောက် နေအိမ်ပြန်ရောက်လာသူတွေရှိသလို သင် တန်း ကနေထွက်ပြေးရင်း မိုင်းနင်းမိလို့သေဆုံးသူတွေနဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခံရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်သင်တန်းပြီးဆုံးတဲ့သူတွေကိုတော့ သင်တန်းဆင်းလက်မှတ်ထုတ်ပေးပြီး လိုအပ်လာရင် စစ်မှုထမ်းရမယ်၊ စစ်တွေမြို့နဲ့ မိမိရပ်ရွာကို ကာကွယ်ရမယ့်အကြောင်း ကတိပြုထားရတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကျွေးရွာတာဝန်ခံတွေဆီကနေ အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းတာဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမယ်လို့ မက်လုံးပေးတာတွေလည်းရှိတယ်လို့ စစ်တွေမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရွာတိုင်းမှာ တာဝန်ခံတွေရှိတယ်လေ။ အဲဒီတာဝန်ခံတွေဆီက အတင်းအဓမ္မတောင်းတယ်။ မင်းတို့ ဒီတိုင်းပြည်မှာ နေလို့ရှိရင် လူပေးရမယ်လို့ပြောတယ်။ မင်းတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမယ် ပြောတယ်။ လစာပေးမယ်လို့လည်း ပြောပါတယ်။ မင်းတို့ရွာက မဖြစ်ဖြစ်အောင်ပေးရမယ်၊ တိုင်းပြည်ကိုကာကွယ်ရမယ် ပြောတယ်။ ဘာမှမသိတဲ့ ပင်လယ် ရေလုပ်သားတွေ၊ တံငါသည်တွေကို အဲဒီလိုအလုပ်တွေ လုပ်ခိုင်းလို့ ဘယ်လိုလုပ်ပြီး လုပ်တတ်မလဲ”

ရိုဟင်ဂျာတွေကတော့ စစ်သင်တန်းကို မတက်ချင်ကြဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ စစ်သင်တန်းမတက်ရင် ဖမ်းဆီးခံရမှာ၊ ရိုက်နှက်ခံရမှာနဲ့ မိသားစုတွေကို ဒုက္ခပေးမှာကိုစိုးရိမ်တာကြောင့် သူတို့ရဲ့ဆန္ဒမပါဘဲ တက်နေရတာလို့လည်း အဲဒီအမျိုးသမီးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗေဒါ ရိုဟင်ဂျာရွာတွင် နေထိုင်သူများအား မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA) 
 
ရိုဟင်ဂျာတွေဟာ စစ်မှုထမ်းရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေလည်း ရှိတယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ၂၄ နာရီလုံး စိုးရိမ်နေရတာပါပဲ။ စစ်မှုထမ်းသင်တန်းတက်ဖို့ ခေါ်မလားဆိုတာကိုလည်း စိုးရိမ်နေကြရတယ်။ ကိုယ့်နေရာ၊ ကိုယ့်အိမ်မှာ မနေရဲလို့ တခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရသူတွေ များတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က RFA က ဆက်သွယ်မေးမြန်းချိန်မှာတော့ စစ်တွေမှာ မွတ်စလင်တွေကို စစ်သင်တန်းပေးတာဟာ မဖြစ်နိုင်ဘူးလို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောဆိုခဲ့ပါတယ်။

အလားတူ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တွေက ရိုဟင်ဂျာတွေကိုလည်း စစ်ကောင်စီတပ်က စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မခေါ်ဆောင်တာတွေရှိနေပြီး ဒါဟာ ရခိုင်စစ်မြေပြင်မှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်အနေနဲ့ လူသားဒိုင်းကာအဖြစ်အသုံးပြုဖို့ဖြစ်သလို တစ်ဖက်မှာလည်း ရခိုင်နဲ့ ရိုဟင်ဂျာတွေကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာလို့ ရိုဟင်ဂျာအရေးလုပ်ဆောင်သူတွေက ပြောဆိုထားပါတယ်။

Link : Here

Tuesday, April 23, 2024

ဘူးသီးတောင်ကို လက်မလွှတ်ရရန် စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချ

Myanmar Now
April 23, 2024


အင်အားကြီးထွားလာသည့် ရခိုင်တပ် AA ကို တန်ပြန်ရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် စစ်တပ်က ရိုဟင်ဂျာအပါအဝင် မွတ်စလင်များကို စစ်သင်တန်းနှင့် လက်နက်များ ပေးကာ ၎င်းတို့နှင့်အတူ မြို့ကို ထိန်းချုပ်ခိုင်းထားသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက စွပ်စွဲလိုက်ပြီး ယင်းဒေသမှ ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

ရခိုင်စစ်ရေးပြင်းထန်ချိန် လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ထပ်ပြီး ပေါက်ကွဲ ထွက်လာနိုင်လား

BBC
ဧပြီလ ၂၂ ရက် ၂၀၂၄ 

အေအေဆန့်ကျင်ရေး ဘူးသီးတောင် ဆန္ဒပြပွဲ


တိုက်ပွဲတွေ ပြင်းထန် နေခဲ့တဲ့ ရခိုင်ရဲ့ မြေပြင် အခြေအနေဟာ ပို ဆိုးရွား ရှုပ်ထွေး လာတယ်လို့ အကဲ ခတ်တွေက ပြောပါတယ်။ အခုဆိုရင် လူမျိုးရေး အခြေခံ ပဋိပက္ခတွေ အသွင်မျိုး ရခိုင်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲ ထွက်လာတော့မလား ဆိုတဲ့ နိုင်ငံတကာ စိုးရိမ်ချက်တွေ အတော်လေး ကြီးကြီးမားမား ပေါ်ထွက်လာပါတယ်။

Sunday, April 21, 2024

လူမျိုးရေးပဋိပက္ခ ဖန်တီးနေတာကို သတိထားဖို့ NUG ပြော

FRA
RFA Burmese
2024.04.2

စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းတွင် တွေ့ရစဉ်။AFP

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ လက်နက် ကိုင်ခိုင်းပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။‌

စစ်တွေမြို့နယ်က ရိုဟင်ဂျာ ၈၀ နီးပါး စစ်မှုထမ်းဖို့ ထပ်မံခေါ်ဆောင်ခံရ

RFA
RFA Burmese
2024.04.21

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်တွေမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်ဒီနေ့အထိ ဘုမေကျေးရွာ၊ ဘာဆာရာကျေးရွာနဲ့ အဲဒီရွာတွေအတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်း (IDP Camp) တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ရှစ်ဆယ်နီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ဖိအားပေးပြီး ခေါ်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

AA အလိုမရှိကြောင်း ဆန္ဒပြဖို့ စစ်ကောင်စီ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တယ် ရိုဟင်ဂျာတွေပြော

BBC
၂၀ ဧပြီ ၂၀၂၄
 

ဆန္ဒပြနေရတဲ့ ရိုဟင်ဂျာတွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် AA) ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ဖို့ စစ်ကောင်စီ က ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တယ်လို့ ရိုဟင်ဂျာတချို့က ဘီဘီစီကို ပြောပါတယ်။

Thursday, April 18, 2024

AAက ရိုဟင်ဂျာများကို အကြမ်းဖက် ပုံဖော်ဆောင်ရန် အိန္ဒိယအခြေစိုက် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်နေမှုကိုစစ်ကောင်စီမှရှင်းလင်းတင်ပြ

MRTV
Mayyu Tv News_မေယုတီဗီသတင်း
ဧပြီလ (၁၈)ရက်

 ( မှတ်တမ်း )

အီန္ဒိယနိုင်ငံအခြေစိုက် The New Indian Expressသတင်းစာ တစ်ခုတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အီစ္စလာမစ် အကြမ်းဖက်အုပ်စုက ဘူးသီးတောင်မြို့နယ်တွင်ဟီန္ဒူလူမျိုး ၁၆၀၀ ကျော် နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးကိုဓါးစာခံ လုပ်ထားကြောင့်၊၂၀၁၇ ခုနှစ်တွင်လည်း ဟီန္ဒူလူမျိုး ၁၀၀ ကျော်ကို ဘာသာရေး အခြေခံပြီး သတ်ခဲ့ကြောင့် ၎င်းထဲမှ အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ခဲ့ကြောင့်ပေါ်ပြထားပါတယ်။ 

Tuesday, April 16, 2024

ဘူးသီးတောင်တိုက်ပွဲ ရိုဟင်ဂျာ ၂၅ ဦးသေဆုံး၊ ၃၀၀၀ နီးပါး ထွက်ပြေးနေရ

RFA
RFA Burmese
2024.04.15 

အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ The Arakan Rohingya Salvation Army လို့ နာမည်ပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာ (ARSA) တို့ တိုက်ပွဲအတွင်း ဧပြီလ ၁၂ ရက်နေ့က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ၂၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Sunday, April 14, 2024

ရိုဟင်ဂျာတွေ လွတ်လပ်စွာ အီးဒ်ပွဲတော် မကျင်းပနိုင်တဲ့အပေါ် NUG ကြေညာချက်ထုတ်

RFA
RFA Burmese
2024.04.10

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ ရမဒွါန်လမှာ လွတ်လပ်စွာ ဥပုသ်သီလ မဆောက်တည်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာချက် ထုတ်ပြန်ပါတယ်။

Tuesday, April 9, 2024

နိုင်ငံတဝန်းကအကျဥ်းထောင်တွေထဲ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာထောင်ချီရှိနေပြီး အမျိုးသမီးနဲ့ကလေးတွေလည်းပါဝင်

BBC
၈ ဧပြီ ၂၀၂၄

၂၀၂၀ ခုနှစ်အတွင်း ထောင်တွေကနေလွှတ်လိုက်တဲ့ပြီးနောက် ရခိုင်ကိုပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေ


နေရပ်စွန့်ခွာဖို့ကြိုးစားရင်းဖမ်းဆီးခံရလို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရတဲ့ ရိုဟင်ဂျာအရေအတွက် ၃ထောင် ကနေ ၅ထောင်ကြားရှိမယ်လို့ ရိုဟင်ဂျာအ‌ရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ ဧရာဝတီတိုင်းထဲမှာ ရိုဟင်ဂျာတွေကိုအများဆုံးဖမ်းဆီးထားတာဖြစ်ပြီး ရခိုင် ပြည်နယ်မှာဒုတိယအများဆုံး ဖမ်းဆီးထားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေသိရပါတယ်။

Monday, April 8, 2024

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)

ဧရာဝတီ
စောမေရီ၊ ဧပြီ ၇၊ ၂၀၂၄

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး မိသားစုနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကာယကံရှင်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ဧရာဝတီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေ ဖြစ်ကြပြီး အများစုက ဒုက္ခသည်စခန်းမှာနေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Sunday, April 7, 2024

ရခိုင်ဒေသ စစ်ကောင်စီ တပ်သားစုဆောင်းမှု “သတင်း ထောက်မှတ်စု”

VOA
သားညွန့်ဦး
၀၆ ဧပြီ၊ ၂၀၂၄ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခ သည်တွေ အခက်အခဲ ကြုံနေသလို၊ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုတွေကြောင့် စစ်ကောင် စီထိန်းချုပ်တဲ့ဒေသက ဒေသခံ ရခိုင်လူငယ်တွေရော၊ ရိုဟင်ဂျာလူငယ်တွေအတွက်ပါ စိုးရိမ်စရာဖြစ်နေပါတယ်။ ကိုသားညွန့်ဦး တင်ပြထားပါတယ်။ 

Link : Here

Saturday, April 6, 2024

ရခိုင်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းပို့

RFA
RFA Burmese
2024.04.05 

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေကြောင့် ဗျူဟာကုန်းတွေ၊ တပ်ရင်း တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ် ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့နေတယ်လို့ ကိုယ်တိုင်ပြည်သူ့စစ်သင်တန်း တက်ခဲ့ရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

Friday, April 5, 2024

အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ

Western News
ဧပြီ ၅ ရက် ၂၀၂၄

"အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး" စတာတွေ အပါအဝင် ရခိုင်ပြည်အတွင်း မွတ်ဆင်လင်တွေရဲ့အခြေအနေကို မေး မြန်းထားပါတယ်။

Link : Here

မြန်မာ့အရေး လုံခြုံရေးကောင်စီ ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေး

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.04.04

၂ဝ၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ကုလသလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ညွှန်ကြားရေးမှူး လီဆာ ဒေါက်ခ်တန်။ Photo: UN Web TV


[Update: 1:10 AM, April 05, 2024]

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအကြောင်း တံခါးပိတ်ဆွေးနွေးခဲ့ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့ကတော့ ပထမဆုံးအကြိမ် တံခါးဖွင့် အစည်းအဝေး ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဧပြီ၊ ၂၀၂၄ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတခု 
 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့က ကုလသမဂ္ဂလုံခြုံရေးကောင် စီမှာ ဆွေးနွေးနေကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်နေတဲ့ ကိစ္စ၊ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့အရေးလုံခြုံရေးကောင်စီဆွေးနွေးပွဲအပေါ် အမြင်သုံးသပ်ချက်

VOA
ငြိမ်းချမ်းအေး
၀၅ ဧပြီ၊ ၂၀၂၄ 

လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေး မြန်းထားပါတယ်။

Link : Here

နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ

BBC
၄ ဧပြီ ၂၀၂၄ 

စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေ
 
မြန်မာစစ်တပ်က ရိုဟင်ဂျာရာနဲ့ချီကို စစ်သင်တန်းပေးပြီး ပြည်တွင်းစစ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တိုက်ခိုင်းတယ်လို့ ကိုယ်တိုင်စစ်မြေပြင်ရောက်ပြီးစစ်တိုက်ခဲ့ရတဲ့ အသက် ၃၁ နှစ်အရွယ် မိုဟာမက်က ပြောပါတယ်။

Thursday, April 4, 2024

ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီ စစ်ကောင်စီ

RFA
RFA Burmese
2024.04.03 

ရခိုင်ပြည်နယ် စစ်တွေမြို့ လေဆိပ်အနီးတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂ဝရက်နေ့က တွေ့ရစဉ်။Photo: AFP

“ဘူးသီးတောင်ဗျူဟာက အမှတ် ၅ ရပ်ကွက်ကို လူအယောက် ၁၀၀ စာရင်းနဲ့လာပြီးတော့ အ ယောက် ၃၀ လောက်ကိုခေါ်သွားတယ်။ ရိုဟင်ဂျာတွေကို ဘူးသီးတောင်ဗျူဟာက လာဖမ်းတယ်။ လာဖမ်းတဲ့အခါ တချို့လူတွေက ခြံတံခါးကို ဖောက်တဲ့အသံကြားလို့ ထွက်ပြေးသွားတယ်။ တချို့လူတွေကိုတော့ ဖမ်းသွားတယ်။ အဖမ်းခံရတဲ့ မိသားစုတွေက တချို့ငိုနေတယ်။ တချို့ကတော့ ဒီလိုပဲ ကံကြမ္မာရှိတာပေါ့ဆိုပြီး စိတ်ဖြေကြတယ်။”

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */