" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 15, 2022

အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၂၀၀ နီးပါး ပါတဲ့ စက်လှေတစ်စီး အရေးပေါ်အကူအညီလိုနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.14

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်အာချေးမြို့အနီးရှိ Krueng Geukuh ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို မြင်တွေ့ရစဉ်။ Reuters

အင်ဒိုနီးရှားနိုင်ငံအနီး မလက္ကာရေလက်ကြားက ပင်လယ်ပြင်မှာ ရိုဟင်ဂျာ အယောက် ၂၀၀ နီးပါးပါးတဲ့ စက်လှေ တစ်စီးမျောနေပြီး အစားအသောက်နဲ့ ရေလိုအပ်နေလိုအပ်ချက်ကြောင့် စက်လှေပေါ်ပါတဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးသွားပါတယ်။ 

အဲ့ဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတစ်ခုကနေ နိုဝင်ဘာလ ၂၃ ရက်နေ့က ထွက်လာတာ ဖြစ်ပါ တယ်။ 

အရေးပေါ်အကူအညီလိုအပ်နေပြီး အကူအညီမရရင် လူအများအပြားသေဆုံးနိုင်ခြေရှိတယ်လို့ စက်လှေပေါ်မှာ ပါတဲ့သူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဦးအောင်ကျော်မိုးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

သူတို့မှာ စားစရာလုံးဝမကျန်တော့ဘူး။ သောက်စရာရေလည်းမကျန်တော့ဘူး။ လူတော်တော်များများက ကျန်း မာရေးအခြေအနေက မကောင်းဘူး အစားအသောက် မရှိတဲ့အတွက်ကြောင့်ပေါ့နော်။ သူတို့ကို အမြန်ဆုံးကယ် ဆယ်ဖို့လိုတယ်။ မဟုတ်ရင် လူတွေအများကြီးသေသွားနိုင်တယ်ဆိုပြီး ပြောပြပါတယ်။

 

RFA- အင်ဒိုနီးရှားနိုင်ငံအနီး မလက္ကာရေလက်ကြားမှာ ရိုဟင်ဂျာစက်လှေတစ်စီး မျောနေတယ်လို့ ကြားရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဦးအောင်ကျော်မိုးတို့ ဘယ်လိုများသိထားလဲ။

ဖြေ- လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က ဘင်္ဂလား​ဒေ့ရှ်ကနေထွက်သွားတဲ့စက်လှေဟာ အင်ဒိုနီးရှားနိုင်ငံအနီးမလ က္ကာရေလတ်ကြားမှာ စက်ပျက်ပြီး ကျောက်ချထားတယ်လို့ သိရပါတယ်။ မိသားစုဝင်တွေဆီက တစ်ဆင့်သိရ တော့ ကျွန်တော့်ဖုန်းနံပါတ်ကို လှေပေါ်မှာလိုက်ပါသွားတဲ့သူတွေကို သူတို့ဆီကိုပို့ပေးတယ်။ သူတို့ဖုန်းနံပါတ် လည်း ကျွန်တော့်ဆီမနေ့က ပို့ပေးတော့ ကျွန်တော်မနေ့က ဆက်သွယ်ကြည့်တယ်။ တစ်ကြိမ် အဆက်အသွယ်ရ တယ်။ အစားအသောက်တွေမရှိတာကြာပြီ ရက်ကလည်း ၁၀ ရက်ကျော် ရှိနေပြီ။ ပင်လယ်ထဲမှာ မျောနေတာ။ သူတို့ကို ကူညီကယ်ဆယ်မယ့်သူမရှိဘူး စသဖြင့်ပေါ့။ကူညီကယ်ဆယ်ပေးပါဆိုပြီး အကူအညီတောင်းတယ်။ 

အခုချိန်အထိတော့ ဘယ်သူကမှ ကယ်တာမရှိဘူး။ အဝေးမှာ သင်္ဘောတွေသွားတာ မြင်ရပေမယ့် လက်ပြတာ တွေလုပ်ရင်လည်း လာမကယ်ဘူးဆိုတဲ့ ပုံစံမျိုးပြောပြတယ်။ ဒီနေ့ နောက်တစ်ကြိမ်ကျွန်တော့်ကို ဆက်သွယ် တယ်။ကျွန်တော်ပြန်ဆက်ကြည့်တော့ ဖုန်းကဆက်လို့မရဘူး။ ပါသွားတဲ့သူက ၁၈၀ နဲ့ ၂၀၀ ကြားမှာရှိတယ်လို့ သိရတယ်။ ကလေးတစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်တဲ့သူတွေကတော့ ကျန်းမာရေးအခြေအနေသိပ်မ ကောင်းဘူးလို့သိရတယ်ခင်ဗျ။ သေသွားတဲ့ ကလေးလေးနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ ဘယ်သူ့ရဲ့ကလေး အသက်ဘယ်လောက်၊ ကျားလား၊ မလားဆိုတာ ကျွန်တော်တို့ စုံစမ်းလို့မရသေးဘူး။ သူတို့ဆီက အသံတွေက သူတို့ကို ကယ်ပေးပါ။ သူတို့ ဒုက္ခရောက်နေတယ်။ ဒါတွေပဲ ထပ်ခါတလဲလဲပြောနေတာဆိုတော့ လိုင်းကလည်း အရမ်းကြီးကြည်နေတာ မဟုတ်တော့လေ။

အခုချိန်အထိတော့ ဘယ်သူကမှ ကယ်တာမရှိဘူး။ အဝေးမှာ သင်္ဘောတွေသွားတာ မြင်ရပေမယ့် လက်ပြတာ တွေလုပ်ရင်လည်း လာမကယ်ဘူးဆိုတဲ့ ပုံစံမျိုးပြောပြတယ်။ ဒီနေ့ နောက်တစ်ကြိမ် ကျွန်တော့်ကို ဆက်သွယ် တယ်။ကျွန်တော်ပြန်ဆက်ကြည့်တော့ ဖုန်းကဆက်လို့မရဘူး။ ပါသွား တဲ့သူက ၁၈၀ နဲ့ ၂၀၀ ကြားမှာရှိတယ်လို့ သိရတယ်။
RFA- စားနပ်ရိက္ခာအခြေအနေနဲ့ပတ်သက်ပြီး ဦးအောင်ကျော်မိုးနဲ့ အဆက်အသွယ်ရတုန်းက သူတို့ဘယ်လို များပြောပါသလဲ။

ဖြေ-သူတို့မှာ စားစရာလုံးဝမကျန်တော့ဘူး။ သောက်စရာရေလည်းမကျန်တော့ဘူး။ လူတော်တော်များများက ကျန်းမာရေးအခြေအနေက မကောင်းဘူး အစားအသောက်မရှိတဲ့အတွက်ကြောင့်ပေါ့နော်။ သူတို့ကို အမြန်ဆုံး ကယ်ဆယ်ဖို့လိုတယ်။ မဟုတ်ရင် လူတွေအများကြီးသေသွားနိုင်တယ်ဆိုပြီး ပြောပြပါတယ်။

RFA-ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်းပင်လယ်ပြင်အနီးမှာ ရိုဟင်ဂျာစက်လှေတစ်စီး မျောနေခဲ့တယ်။ ဒီရက်ပိုင်း အခုလိုခပ်စိပ်စိပ် ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာစက်လှေတွေ တွေ့လာတာ ဘာကြောင့်လဲ။

ဖြေ- အခုတော်တော်များများထွက်သွားကြတဲ့ သူတွေကတော့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ ထွက်သွားကြ တာများတယ်။ ဒီလူတွေက တချို့တွေဆို ဘင်္ဂလားဒေ့ရှ်မှာ ၁၉၉၂ ကနေ မြန်မာပြည်ကို ပြန်လာလို့မရဘဲ ကျန်ခဲ့ တဲ့သူတွေရှိသလို၊ ၂၀၁၇ နဲ့ ၂၀၁၆ မှာလည်း ပြန်သွားခဲ့တဲ့သူတွေရှိတယ်ပေါ့နော်။ မြေပြင်အခြေအနေက ဘယ် လိုဖြစ်လည်းဆိုတော့ ဒုက္ခသည်စခန်းထဲမှာ နှစ်ရှည်နေရတယ်။ အနာဂတ်အခြေအနေက မှောင်မိုက်နေတယ်။ လူ့အခွင့်အရေးမရဘူး။ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်လို့မရဘူးဆိုတဲ့ အခါကျတော့ နိုင်ငံတကာ လူသားချင် စာ နာ ထောက်ထားမှုဆိုင်ရာ အခွင့်အရေးတွေကို မှီခိုပြီးနေနေရတော့ တော်တော်လေး သူတို့အတွက် ရှင်သန်နေ ထိုင်ရတာခက်ခဲတယ်ဆိုတာက တစ်ကြောင်းပေါ့နော်။ ဒုတိယတစ်ကြောင်းက ဘင်္ဂလားဒေ့ရှ်အစိုးရက များပြား တဲ့ ဒုက္ခသည်တွေကို လက်ခံထားပေမယ့် သူတို့အနေနဲ့ များပြားတဲ့လူဦးရေပမာဏကို ကိုင်တွယ်ရတာလည်း ခက်တယ်ဆိုတာ ကျွန်တော်တို့နားလည်တယ်ပေါ့နော်။ ဒုက္ခသည်စခန်းထဲမှာ အခြေအနေတွေဆိုးဝါးလာတာနဲ့ အမျှ တင်းကျပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေထုတ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို ထိန်းတဲ့သဘောရှိတယ်။ ဒါတွေကို လူတွေက မခံနိုင်ဘူး။ ဥပမာ အသွားအလာကန့်သတ်တာတို့၊ စခန်းအပြင်ကို သွားလို့မရဘူး။ နောက် တစ်ခါ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေပေါ့။ဒုက္ခသည်အများစုက ဂုဏ်သိက္ခာရှိရှိ မိမိတို့ရဲ့ မူရင်းနေရပ်ကို ပြန် သွားချင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ သူတို့ရဲ့မူရင်းနေရာကို ဘယ် တော့ ပြန်သွားလို့ ရမလဲ မသေချာမရေရာတဲ့ အခါကျတော့ နောက်ဆုံးရွေးစရာမရှိဘဲ။ ပင်လယ်ထဲကို ရရာလှေနောက် ကို လိုက်သွားကြတဲ့ သဘောတော့ရှိတယ်။

RFA-အခုတွေ့ရတဲ့ စက်လှေက ဘယ်ကိုဦးတည်နေလဲ။ ဘယ်နိုင်ငံကို သွားမယ်လို့များ ဦးအောင်ကျော်မိုးသိ ထား ပါလဲရှင်။

ဖြေ-
အရှေ့တောင်အာရှမှာ အဓိက ရိုဟင်ဂျာ ဒုက္ခသည်အများဆုံးလက်ခံထားပြီးတော့ ကူညီပေးထားတဲ့ နိုင်ငံ က မလေးရှားနိုင်ငံဖြစ်တယ်။ ခန့်မှန်းခြေ တစ်သိန်းခွဲလောက်ရှိတယ်။ အဲ့ဒီကနေ တတိယနိုင်ငံကို အခြေချခွင့်ရ ခဲ့တဲ့သူ တချို့တစ်ဝက်လည်းရှိပါတယ်။ အဲ့ဒီတော့သူတို့ရဲ့ ဦးတည်ချက်ကတော့ မလေးရှားနိုင်ငံကို သွားပြီး ဂုဏ် သိက္ခာရှိရှိနေထိုင်နိုင်ဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့ သွားကြတာများတယ်ခင်ဗျ။

နိုင်ငံတကာကိုပြောပေးပါ။ ကူညီပေးပါ။ ကယ်ဆယ်ပေးပါ စသဖြင့်ပေါ့နော်။ အမျိုးသမီး တွေ ကလေးတွေလည်း တော်တော်ဒုက္ခရောက်နေပြီ။ လူတွေပင်လယ်ထဲခုန်ဆင်းပြီး ကိုယ့်ကိုကိုယ် သတ်သေချင်နေကြပြီ။
RFA-ဒီနေ့ စက်လှေပေါ်ကို ဦးအောင်ကျော်မိုး ဆက်သွယ်တော့အဆက်အသွယ်ပြတ်သွားတယ်ဆိုတော့ စိုးရိမ်မှု တွေရှိလား။ ရှေ့ဆက်ဘယ်လိုဆက်လုပ်ဖို့ရှိမလဲ။

ဖြေ- အခြေအနေကတော့ အရမ်းစိုးရိမ်စရာပဲ။ ဒီရက်ပိုင်းထဲမှာထွက်သွားတဲ့စက်လှေက သုံးစီးလောက်ရှိတယ် ကျွန်တော်တို့သိသလောက်လေ။ အဲ့ထဲက တစ်စီးကတော့ ဟိုရက်က ကယ်ခံရတယ်။ ကယ်ခံရတဲ့သူတွေကို စစ် ကောင်စီကို ပြန်လွှဲပေးလိုက်တယ်လို့ သတင်းရတယ်။ နောက်တစ်စီးကတော့ အဆက်အသွယ်လုံးဝပြတ် နေ တယ်။ တစ်စီးကတော့ အဆက်အသွယ်ရတယ်။ တစ်စီးအဆက်အသွယ်ရတာကလည်း ဆက်သွယ်တဲ့ဖုန်းက ဂြိုလ်တုဖုန်း အားသွင်းရတာအခက်အခဲရှိမယ်။ နောက်ပြီး ဖုန်းထဲမှာရှိတဲ့ လစဉ်ကြေး ဒါမှမဟုတ်လို့ရှိရင် ပိုက်ဆံ ရှိမှ ဆက်သွယ်လို့ရမှာ။ အဆက်အသွယ်ခု ပြတ်သွားပြီ။ မိသားစုဝင်တွေနဲ့ ထပ်ပြီး အဆက်အသွယ်ရသေး လားမ သိဘူး။ ကျွန်တော့်ဆီ အဆက်အသွယ်ရတဲ့ အချိန်မှာ ငိုယိုပြီးပြောနေတယ်။ နိုင်ငံတကာကိုပြောပေးပါ။ ကူညီ ပေးပါ။ ကယ်ဆယ်ပေးပါ စသဖြင့်ပေါ့နော်။ အမျိုးသမီးတွေ ကလေးတွေလည်း တော်တော်ဒုက္ခရောက်နေပြီ။ လူ တွေပင်လယ်ထဲခုန်ဆင်းပြီး ကိုယ့်ကိုကိုယ် သတ်သေချင်နေကြပြီ စသဖြင့်ပေါ့နော်။ အများကြီးပြောပြပါတယ် ခင်ဗျ။ နောက်ပြီး သူတို့မိသားစုဝင်တွေဆီ ပို့ပေးတဲ့ အသံတွေကလည်း ကျွန်တော့်ဆီ မိသားစုတွေကတဆင့်ပြန် ရတာရှိတယ်။ ဒီဟာနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရကို အချက်အလက်တွေပို့ပေးထားတယ်။သူတို့နဲ့ သိပ်မနီး မဝေးတဲ့ ပင်လယ်ပြင်မှာရှိတော့ ကူညီကယ်ဆယ်ပေးပါဆိုပြီး ပန်ကြားထားတာတော့ရှိတယ်ခင်ဗျ။

RFA- အင်ဒိုနီးရှားအစိုးရဆီက အကြောင်းပြန်မှု တစ်စုံတစ်ရာရပြီလားရှင်။

ဖြေ- အင်ဒိုနီးရှား သံရုံးကနေတစ်ဆင့် သူတို့နိုင်ငံခြားရေးဌာနကို အကြောင်းကြားပေးလိမ့်မယ်။သူတို့လည်း လုပ် ပေးနိုင်တာလုပ်ပေးမယ်ဆိုပြီး ကျွန်တော့်ကိုအကြောင်းကြားလာတယ်။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ ပင်လယ် ပြင် မှာ ဘယ်နေရာမှာရှိလဲဆိုတဲ့ GPS တွေမရဘဲနဲ့တော့ ဒီလူတွေကို ချက်ခြင်းရှာဖို့ကတော့ တော်တော်ခက်ခဲမယ့် အ နေအထားမှာရှိတယ်ခင်ဗျ။

၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဇ်ဘဇားဒုက္ခသည်စခန်းတစ်ခုတွင်မီးလောင်မှုကြီး ဖြစ်ပွားပြီးနောက် မြင်တွေ့ရသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး။ Photo: Reuters

RFA-ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာတွေ မြန်မာပြည်တွင်း ပြန်ရောက်သွားမယ်ဆိုရင် ဘယ်လိုအခြေအနေ တွေ ရင်ဆိုင်ရနိုင်သလဲ။

ဖြေ-မြန်မာပြည်ရဲ့အခြေအနေကတော့ အာဏာသိမ်းပြီးကတည်းက ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေပေါ်မှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်တိုက်ရှိနေဆဲပဲ။ ဒါကြောင့် ပြည်တွင်းထဲကလည်း ရိုဟင်ဂျာ တွေထွက်ပြေးဖို့ ကြိုးစားနေတာတွေရှိသလို အဖမ်းခံရတာတွေလည်း အများကြီးရှိတယ်။ ပြီးခဲ့တဲ့ အပတ်က လည်း အဖမ်းခံရတဲ့သူတွေရှိသလို ရန်ကုန်နဲ့မနီးမဝေးတဲ့နေရာမှာ အလောင်း ၁၃လောင်းတွေ့ခဲ့ရတာတွေလည်း  ရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာလည်း ကောင်းမွန်တဲ့အခြေအနေမှာမရှိဘူး ဆို တာ ကို ပြပါတယ်။ အရင်တုန်းက စကစက အာဏာသိမ်းဖို့ မကြိုးစားခင် ရိုဟင်ဂျာတွေကို ထွက်သွားဖို့၊ တတိ ယနိုင်ငံတစ်ခုကိုသွားဖို့ သွားတဲ့အခါ ဖမ်းခံရရင်မိမိနေရပ်ကို ပြန်ပို့တာတွေရှိတယ်။ အခုကျတော့ အာဏာ သိမ်း ပြီးနောက် ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကိုပါ နှစ်ရှည်ထောင်ချတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက် ပြီး သုတေသနလုပ်ထားတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ အဲ့တော့ ခြုံငုံပြီးပြောမယ်ဆိုရင် ဗမာပြည်ကို ပြန် လာ မယ်ဆိုရင်တော့ သူတို့ထောင်ချခံရမယ်။ 
 
ဒီလူတွေနေလို့မရအောင်၊ ထွက်ပြေးအောင်၊ လူ့အခွင့်အရေးဆုံးရှုံး အောင် နေ့စဉ်နဲ့အမျှ နှိပ်စက်ဖမ်းဆီးနေတာ စစ်တပ်ပဲဖြစ်တယ်။
RFA-ရိုဟင်ဂျာတွေဆီက ကြားရတဲ့အသံတွေအရ အခုအာဏာယူထားတဲ့ စစ်တပ်ဘက်က ပင်လယ်ထဲမှာ မျော နေတဲ့ ရိုဟင်ဂျာတွေကို ကူညီကယ်ဆယ်မယ်ဆိုရင် သူတို့သဘောထားဘယ်လိုရှိနိုင်မလဲ။ ဦးအောင်ကျော်မိုးတို့ နီးစပ်တဲ့သူတွေအနေနဲ့ ဘယ်လိုများကြားမိတာတွေရှိမလဲ။

ဖြေ- ဒီလူတွေနေလို့မရအောင်၊ ထွက်ပြေးအောင်၊ လူ့အခွင့်အရေးဆုံးရှုံးအောင် နေ့စဉ်နဲ့အမျှ နှိပ်စက်ဖမ်းဆီးနေ တာ စစ်တပ်ပဲဖြစ်တယ်။ တပ်ကပဲ ပြန်ကယ်မယ်ဆိုတာကတော့ ဘယ်လိုမှ ယုတ္တိမရှိတဲ့စကားပဲ။ အဲ့တော့ သူ တို့လက်ထဲရောက်သွားရင် သေတွင်းထဲကနေ မသေဘဲနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ အရှင်အဖမ်းခံရပြီးသေ တွင်းကိုပြန်ရောက်သွားတဲ့အနေအထား အဲ့ဒီလိုဖြစ်သွားမှာပေါ့နော်။ ဘယ်သူမှ ဒီအခြေအနေကိုပြန်မရောက် သွားချင်ဘူး။ ဒီခရီးစဉ်တွေကို ရွေးတဲ့အခါကျရင် သူတို့က သေမလားရှင်မလား မသေချာဘူး။ သေမလားရှင်မ လားမသိတဲ့ ခရီးတစ်ခုကို အသက်ကိုလောင်းကြေးရိုက်ပြီးသွားတယ်ဆိုတာက မြေပြင်အခြေအနေက တော် တော်ဆိုးဝါးနေလို့။ အဲ့ဒီမြေပြင်အခြေအနေကို ကျွန်တော်တို့က ပြန်ပို့တဲ့သူကတော့ ဒါ ကတော့ တော်တော်လေး စဉ်းစားယူရမှာပေါ့။ ဒါကတော့ တစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီလိုမျိုးသွားဖို့ကြိုးစားတဲ့ သူတွေထဲမှာ ပြည် တွင်းကဆိုရင် ဒုက္ခသည်စခန်းကလူတွေရှိသလို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကလူတွေလည်းရှိတယ်။ ၂၀၁၇ က ရွာပေါင်း ၃၆၀ ကျော်မီးရှို့ဖျက်ဆီးခံရတဲ့ အထဲမှာပါသွားတဲ့သူတွေပါတယ်။ ဒီလူတွေကို ပြန်ပို့မယ်ဆိုရင် ရခိုင် ပြည်ထဲကို ပြန်ပို့လို့မပြီးဘူး။ သူတို့ရွာတွေက မီးရှို့ခံရတယ်သူတို့ကိုပြန်ပို့မယ်ဆိုရင် ဘယ်ကိုပြန်ပို့မလဲ ။စသဖြင့် ပေါ့နော်။ ဥပမာ နှစ်နှစ်ထောင်ချတယ်။ သုံးနှစ်ထောင်ချတယ်။
 
.ထောင်ချပြီးထောင်ကလွတ်လာတယ်ဆိုရင်တောင်မှ ဒီလူတွေမှာ သွားစရာအိမ်မရှိဘူး ဒီလိုအနေအထားတွေ စိန်ခေါ်မှုတွေရှိတယ်ခင်ဗျ။

RFA-အခုဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCR တို့ပေါင်းပြီး ဒုက္ခသည်ရွှေ့ပြောင်း အခြေချနေထိုင်ရေး အစီအ စဉ် ကို အမေရိကန်အစိုးရက လက်ခံလိုက်ပြီ။UNHCR က တင်သွင်းတဲ့ အမည်စာရင်းကို အမေရိကန် ပြည် ထောင်စု က အခြေချနေထိုင်ဖို့ ထည့်သွင်းစဉ်းစားမယ်လို့ ပြောတယ်။ ဒါက ရိုဟင်ဂျာတွေအတွက် အပြောင်း အ လဲတစ်ခု ဖြစ်နိုင်မလား။

လူတစ်သန်းကို တတိယနိုင်ငံကို ခေါ်ဖို့ဆိုတာကလည်း တော်တော်လွယ်တဲ့ အလုပ်မ ဟုတ်ဘူး။
ဖြေ-တကယ်တမ်းရိုဟင်ဂျာတွေရဲ့ပြဿနာက ဗမာပြည်ကနေ စခဲ့တာပေါ့။ အဖြေကလည်း ဗမာပြည်ထဲမှာပဲရှိ တယ်။ ရေရှည်တည်တံခိုင်မြဲတဲ့ အဖြေတစ်ခုကိုရှာမယ်ဆိုရင် ဗမာပြည်ထဲမှာသာရှိတယ်။ တခြားအဖြေတစ် ခု ကိုရှာမယ်ဆိုရင် ရှာတဲ့အဖြေက ယာယီအဖြေပဲဖြစ်နိုင်သလို အလုံးစုံပြည်စုံတဲ့အဖြေတော့မဖြစ်နိုင်ဘူး။ ၂၀၁၀ ကနေ ၂၀၁၅ အထိ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်း လှေစီးဒုက္ခသည်တွေအများကြီးကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီတုန်းက ဦးသိန်းစိန်က ဒီလူတွေကို UNHCR ကပဲတာဝန်ယူပြီးတော့ တတိယနိုင်ငံကို သူတို့သွားချင်ရာ ကို ပို့ပေးလိုက်ပါဆိုပြီးပြောခဲ့တာရှိတယ်။ ရိုဟင်ဂျာတွေအများအပြားကို တတိယနိုင်ငံကို အခြေချဖို့ဆိုတာက တ ကယ်တမ်းစစ်တပ်က ရေရှည် Plan လုပ်ခဲ့တဲ့အစီအစဉ်နဲ့ တစ်ထပ်တည်းသွားကြမယ်။ သူတို့လိုချင်တာက ရို ဟင်ဂျာတွေကို နိုင်ငံကနေ အပြီးအပိုင်မောင်းထုတ်ချင်တာပေါ့။ မောင်းထုတ်ချင်တဲ့အခါ တတိယနိုင်ငံတစ်ခုကို အခြေချပေးလိုက်ပြီဟေ့ ဆိုလို့ရှိရင်တော့ သူတို့လိုချင်ခဲ့တဲ့ ပန်းတိုင်ကိုရောက်အောင်ပို့ပေးခဲ့တာနဲ့ အတူတူပဲ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ရေရှည်တည်တံ့တဲ့ ဒုက္ခသည်များအရေးဖြေရှင်းတဲ့ နည်း လမ်း သုံးခုထဲမှာ တတိယနိုင်ငံကိုပို့ပေးတာက နည်းလမ်းတစ်လမ်းဖြစ်တယ်။ အဲ့ဒီနည်းလမ်းက လက်ရှိ ရိုဟင်ဂျာတွေရဲ့အခြေအနေနဲ့ ကိုက်ညီမှုမရှိသလို ရေရှည်တည်တံ့ခိုင်မြဲရေး နည်းလမ်းနှစ်ခုဖြစ်တဲ့ နေရပ်ကိုပြန် ပို့ရေးနဲ့ ဒါမှမဟုတ် ခိုလှုံနေတဲ့နိုင်ငံမှာ လူ့အဖွဲ့အစည်းနဲ့ပေါင်းစည်းရေးဆိုတာကလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ အနေ အထား စွမ်းဆောင်နိုင်မှု၊ နေရာအနေအထားဒါတွေနဲ့သွားပြီးကိုက်ညီမှုမရှိဘူး။ ဒါကြောင့် ရိုဟင်ဂျာဒုက္ခသည် အ ရေးဖြေရှင်းတဲ့အခါ ပိုမိုပြီးဆန်းသစ်တဲ့ အနေအထားတွေနဲ့ အဖြေရှာဖို့လိုတယ်။

နောက်ပြီးတော့ ဒုက္ခသည်စခန်းမှာ မိသားစုဝင်တွေအသတ်ခံရလို့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိန်ခေါ်ခံရတဲ့ အခြေ အ နေတွေရှိသလို နေရပ်ကိုပြန်လို့မရတဲ့လူတွေလည်းရှိတယ်။ တတိယနိုင်ငံကို အခြေချခွင့်ပေးတဲ့အခါ ဒီလူ တွေကို ဦးစားပေးပြီး လုံခြုံရေးအရစိန်ခေါ်မှုရှိတဲ့လူတွေ၊ နောက်ပြီးတော့ ၁၉၉၀ ကတည်းကလာခဲ့တယ် အခု ဒုတိယမျိုးဆက်ရောက်နေပြီ။ ဆယ်စုနှစ်ပေါင်းများစွာဒုက္ခသည်အနေနဲ့ နေရတယ်။ ဒီလူတွေကို ဦးစားပေးခေါ်ဖို့ ရှိတယ်။ လူတစ်သန်းကို တတိယနိုင်ငံကို ခေါ်ဖို့ဆိုတာကလည်း တော်တော်လွယ်တဲ့အလုပ်မဟုတ်ဘူး။ ဘင်္ဂ လား ဒေ့ရှ်လိုနိုင်ငံတစ်နိုင်ငံက များပြားတဲ့ ဒုက္ခသည်အရေအတွက်ကို ကြာရှည်ထမ်းနေရတာ မတရားဘူး။ နိုင်ငံ တကာက ဘင်္ဂလားဒေ့ရှ်ကို ကူညီပံ့ပိုးဖို့လိုမယ်။ လိုအပ်တဲ့ အကူအညီတွေပေးဖို့လိုတယ်။ 
 
ဘင်္ဂလားဒေ့ရှ်ကလည်း ဒုက္ခသည်တွေကို ဆက်ဆံတဲ့အခါ ကိုင်တွယ်တဲ့အခါ လူအခွင့်အရေးဆိုင်ရာဥပဒေတွေကို အခြေခံပြီး ကိုင်တွယ်ဖို့လိုတယ်။ ဗမာပြည်မှာ ရိုဟင်ဂျာတွေ ဘယ်လိုဆက်ဆံခံရလဲဆိုတဲ့ပေတံနဲ့ သွားတိုင်းပြီး တော့ ဘင်္ဂလား​ဒေ့ရှ်အစိုးရက ဆက်ဆံမယ်ဆိုရင် သူတို့အနစ်နာခံပြီး အများကြီးဆောင်ရွက်ထားခဲ့တဲ့အပေါ် မေး ခွန်းထုတ်စရာဖြစ်မယ်။





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */