27 December 2022
၂၀၂၂ ဒီဇင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှား အာချေးဒေသသို့ လူ ၁၈၀ တင်ပြီး ပင်လယ်ဖြတ်လာခဲ့သော စက်လှေ / AFP
ရိုဟင်ဂျာ မွတ်ဆလင်အများစု ပါဝင်သော လူ ၁၈၀ သယ်ဆောင်လာသည့် စက်လှေတစီး နစ်မြုပ်သွားနိုင်ဖွယ်ရှိ သောကြောင့် ၂၀၂၂ ခုနှစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းများမှ ဆိုးရွားသော အခြေအနေများကြောင့် ထွက်ပြေး နေရသော ရိုဟင်ဂျာများအတွက် အဆိုးရွားဆုံး နှစ်တခုဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) က ပြောသည်။
၂၀၁၇ ခုနှစ်တွင် စစ်တပ်က သတ်ဖြတ်နှိမ်နင်းသောကြောင့် နိုင်ငံမှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာ အပါ အဝင် မြန်မာမှ ရိုဟင်ဂျာဒုက္ခသည် တသန်းခန့်သည် မွတ်ဆလင်အများစုရှိသော ဘင်္ဂလားဒေ့ရှ်မှ ကျပ်သိပ်နေ သည့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည်။

ဗုဒ္ဓဘာသာကြီးစိုးသည့် မြန်မာတွင် ရိုဟင်ဂျာအများစုသည် နိုင်ငံသားဖြစ်ခွင့်မရဘဲ တရားမဝင် ဝင်ရောက်လာသူ များ ဖြစ်သည်ဟုသာ မြင်သည်။
နိုဝင်ဘာလကုန်က ဘင်္ဂလားဒေ့ရှ်မှ စတင်ထွက်ခွာလာသည့် စက်လှေတစီးသည် လွန်ခဲ့သော ရက်သတ္တပတ်ကုန် က ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားပြီး စက်လှေပေါ်လိုက်ပါလာသူ ၁၈၀ လုံး သေဆုံးမည်ကို စိုးရိမ်နေရကြောင်း UNHCR က ကြေညာသည်။
ကမ်းပေါ်ရောက်လာသူတဦးအား အာချေးဒေသ ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှုနေစဉ်/AFPနိုဝင်ဘာလကုန်က ဘင်္ဂလားဒေ့ရှ်မှ စတင်ထွက်ခွာလာသည့် စက်လှေတစီးသည် လွန်ခဲ့သော ရက်သတ္တပတ်ကုန် က ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားပြီး စက်လှေပေါ်လိုက်ပါလာသူ ၁၈၀ လုံး သေဆုံးမည်ကို စိုးရိမ်နေရကြောင်း UNHCR က ကြေညာသည်။
ပင်လယ်ပြင်တွင် အသုံးပြုရန်မသင့်သော ထိုစက်လှေသည် အဆက်အသွယ် မပြတ်မီ ဒီဇင်ဘာလ အစောပိုင်း တွင် အက်ကွဲသွားခဲ့ဖွယ်ရှိကြောင်း UNHCR က ပြောသည်။ “သူတို့တွေ တနေရာရာမှာ အသက်ရှင်လျှက် ရှိပါစေ လို့ ဆုတောင်းနေမိတယ်” ဟု UNHCR ပြောခွင့်ရသူ ဘာဘာ ဘလို့ချ်က Reuters သတင်းဌာနသို့ ပြောသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ၂၀၁၃ ခုနှစ်က ရိုဟင်ဂျာ ၉၀၀ နီးပါးသေဆုံး သို့မဟုတ် ပျောက် ဆုံးပြီး ၂၀၁၄ ခုနှစ်က သေဆုံး/ပျောက်ဆုံးသူ ၇၀၀ ကျော် ရှိသည်။ ယခုနှစ်တွင် အထက်ပါနောက်ဆုံး ဖြစ် ရပ်မတိုင်မီကပင် သေဆုံး/ပျောက်ဆုံးသည်ဟု စိုးရိမ်ရသည့် ရိုဟင်ဂျာ ရာပေါင်းများစွာ ရှိနေပြီးဖြစ်သည်။ “၂၀၁၃ နဲ့ ၂၀၁၄ ပြီးနောက်ပိုင်းမှာ ၂၀၂၂ က ရိုဟင်ဂျာတွေ ပင်လယ်မှာ သေဆုံး/ပျောက်ဆုံး အများဆုံး နှစ်တခု ပဲ” ဟု ဘလို့ချ်က ပြောသည်။ ထိုသို့ထွက်ပြေးသူ အရေအတွက်သည် ကိုဗစ်နိုင်တင်း မဖြစ်ပွားမီက အရေအတွက် သို့ ပြန်ရောက်လာကြောင်းလည်း ၎င်းကပြောသည်။
“ထွက်ပြေးသူ အရေအတွက်က ၂၀၂၀ ပြည့်နှစ်က အရေအတွက်ကို ပြန်ရောက်လာပြီး လူပေါင်း ၂,၄၀၀ ကျော် အန္တရာယ်များတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ထွက်ပြေးဖို့ ကြိုးစားတာ လူ ၂၀၀ ကျော် သေဆုံး/ပျောက်ဆုံးနေ တယ်” ဟု သူကပြောသည်။
ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့် ထွက်ပြေးသော ရိုဟင်ဂျာအရေအတွက်သည် ယခင်တနှစ်ကထက် ၅ ဆ တိုးလာကြောင်း လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းသည်။
၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်နေ့ အာချေးသို့ လူ တရာနီးပါး တင်ပြီး ရောက်လာသော လှေ/AFPကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ၂၀၁၃ ခုနှစ်က ရိုဟင်ဂျာ ၉၀၀ နီးပါးသေဆုံး သို့မဟုတ် ပျောက် ဆုံးပြီး ၂၀၁၄ ခုနှစ်က သေဆုံး/ပျောက်ဆုံးသူ ၇၀၀ ကျော် ရှိသည်။ ယခုနှစ်တွင် အထက်ပါနောက်ဆုံး ဖြစ် ရပ်မတိုင်မီကပင် သေဆုံး/ပျောက်ဆုံးသည်ဟု စိုးရိမ်ရသည့် ရိုဟင်ဂျာ ရာပေါင်းများစွာ ရှိနေပြီးဖြစ်သည်။ “၂၀၁၃ နဲ့ ၂၀၁၄ ပြီးနောက်ပိုင်းမှာ ၂၀၂၂ က ရိုဟင်ဂျာတွေ ပင်လယ်မှာ သေဆုံး/ပျောက်ဆုံး အများဆုံး နှစ်တခု ပဲ” ဟု ဘလို့ချ်က ပြောသည်။ ထိုသို့ထွက်ပြေးသူ အရေအတွက်သည် ကိုဗစ်နိုင်တင်း မဖြစ်ပွားမီက အရေအတွက် သို့ ပြန်ရောက်လာကြောင်းလည်း ၎င်းကပြောသည်။
“ထွက်ပြေးသူ အရေအတွက်က ၂၀၂၀ ပြည့်နှစ်က အရေအတွက်ကို ပြန်ရောက်လာပြီး လူပေါင်း ၂,၄၀၀ ကျော် အန္တရာယ်များတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ထွက်ပြေးဖို့ ကြိုးစားတာ လူ ၂၀၀ ကျော် သေဆုံး/ပျောက်ဆုံးနေ တယ်” ဟု သူကပြောသည်။
ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့် ထွက်ပြေးသော ရိုဟင်ဂျာအရေအတွက်သည် ယခင်တနှစ်ကထက် ၅ ဆ တိုးလာကြောင်း လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းသည်။
ဒုက္ခသည် ၁၈၀ လိုက်ပါလာသော ထိုစက်လှေ မည်သည့်နေရာတွင် ပျောက်ဆုံးသွားသည်နှင့် အရှေ့တောင်အာရှ တွင် ကိုဗစ်နိုင်တင်း ကန့်သတ်ချက်များ ရုတ်သိမ်းခြင်းကြောင့် ရိုဟင်ဂျာများ သွားလိုသည့် နေရာသို့ အလုံးအရင်း ဖြင့် ထွက်ပြေးခြင်း ဟုတ် မဟုတ် ရှင်းလင်းစွာ မသိရကြောင်း ဘလို့ချ်က ပြောသည်။
၂၀၁၂ ခုနှစ်တွင် မြန်မာမှ မလေးရှားသို့ ထွက်ပြေးလာသော ဆာရဲဒါ ရာမန်က ပျောက်ဆုံးသူများတွင် သူ၏ဇနီး၊ အသက် ၁၇ နှစ်နှင့် ၁၃ နှစ်အရွယ်သား ၂ ဦးနှင့် အသက် ၁၂ နှစ်အရွယ် သမီးတဦး ပါဝင်ကြောင်းပြောသည်။
“၂၀၁၇ ခုနှစ်မှာ ကျနော့်မိသားစုက အသက်ဘေးလွတ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတာ” ဟု ထိုနှစ်က မြန်မာ မှ ရိုဟင်ဂျာများ အလုံးအရင်းဖြင့် ထွက်ပြေးသည့်ဖြစ်ရပ်ကို ရည်ညွှန်း၍ ရာမန်က ပြောသည်။
“အခုတော့ သူတို့အားလုံး မရှိတော့ဘူး။ ကျနော့်ဘဝ ပျက်စီးပါပြီ” ဟု ရာမန်က ပြောသည်။ “ကျနော်တို့ ရိုဟင်ဂျာ တွေက ကုန်းပေါ်မှာ သေဖို့၊ ပင်လယ်ထဲမှာလည်း သေဖို့၊ ဘယ်နေရာမှမဆို သေဖို့ အသက်ရှင်နေရတယ်” ဟု ၎င်း ကပြောသည်။
UNHCR ကပြောသည့် အိန္ဒိယ သမုဒ္ဒရာကမ်းလွန်တွင် နှစ်ပတ်ကြာ သောင်တင်နေသော သီးခြား စက်လှေတခု တွင် လူ ၂၀ ကျော် အစာငတ် ရေငတ် သေဆုံးကြောင်း မြန်မာရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ နှစ်ဦးက ယခုလအ စောပိုင်းတွင် ပြောသည်။ လူအနည်းဆုံး ၁၀၀ ကျော် လိုက်ပါလာသော ထိုစက်လှေသည် မလေးရှား ရေပိုင်နက် တွင် ရှိနေခဲ့သည်ဟု ဆိုသည်။
၂၀၂၀ အတွင်း အာချေးသို့ ရောက်လာသော ရိုဟင်ဂျာအမျိုးသမီးကို ဖေးကူပြီး ချပေးစဉ်/AFP၂၀၁၂ ခုနှစ်တွင် မြန်မာမှ မလေးရှားသို့ ထွက်ပြေးလာသော ဆာရဲဒါ ရာမန်က ပျောက်ဆုံးသူများတွင် သူ၏ဇနီး၊ အသက် ၁၇ နှစ်နှင့် ၁၃ နှစ်အရွယ်သား ၂ ဦးနှင့် အသက် ၁၂ နှစ်အရွယ် သမီးတဦး ပါဝင်ကြောင်းပြောသည်။
“၂၀၁၇ ခုနှစ်မှာ ကျနော့်မိသားစုက အသက်ဘေးလွတ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတာ” ဟု ထိုနှစ်က မြန်မာ မှ ရိုဟင်ဂျာများ အလုံးအရင်းဖြင့် ထွက်ပြေးသည့်ဖြစ်ရပ်ကို ရည်ညွှန်း၍ ရာမန်က ပြောသည်။
“အခုတော့ သူတို့အားလုံး မရှိတော့ဘူး။ ကျနော့်ဘဝ ပျက်စီးပါပြီ” ဟု ရာမန်က ပြောသည်။ “ကျနော်တို့ ရိုဟင်ဂျာ တွေက ကုန်းပေါ်မှာ သေဖို့၊ ပင်လယ်ထဲမှာလည်း သေဖို့၊ ဘယ်နေရာမှမဆို သေဖို့ အသက်ရှင်နေရတယ်” ဟု ၎င်း ကပြောသည်။
UNHCR ကပြောသည့် အိန္ဒိယ သမုဒ္ဒရာကမ်းလွန်တွင် နှစ်ပတ်ကြာ သောင်တင်နေသော သီးခြား စက်လှေတခု တွင် လူ ၂၀ ကျော် အစာငတ် ရေငတ် သေဆုံးကြောင်း မြန်မာရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ နှစ်ဦးက ယခုလအ စောပိုင်းတွင် ပြောသည်။ လူအနည်းဆုံး ၁၀၀ ကျော် လိုက်ပါလာသော ထိုစက်လှေသည် မလေးရှား ရေပိုင်နက် တွင် ရှိနေခဲ့သည်ဟု ဆိုသည်။
သေဆုံးမည်ကို စိုးရိမ်သောကြောင့် ပင်လယ်ပြင်မှ အချို့စက်လှေများကို ကမ်းကပ်စေခဲ့ သို့မဟုတ် ကယ်တင်ခဲ့ရ သည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဘီဆာခရိုင်တွင် ရိုဟင်ဂျာ အမျိုးသား ၅၇ ဦးကို ဒေသခံလူမှုအသိုက်အဝန်းများ အကူအညီဖြင့် ကယ်တင်ခဲ့ကြောင်း နိုင်ငံတကာ ရွေ့ပြောင်းအခြေချမှုအဖွဲ့ (IOM) က တနင်္လာနေ့တွင် ပြောသည်။
အမျိုးသားများသာပါသော ထိုစက်လှေသည် ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာလာပြီးနောက် ပင်လယ်ပြင်တွင် တလကြာ မျောပါနေသည်ဟု ထိုအဖွဲ့က ပြောသည်။
အင်ဒိုနီးရှားအရာရှိများက လတ်တလောတွင် တစုံတရာ ဝေဖန်ပြောကြားခြင်း မရှိသေးပေ။
အမျိုးသမီးများနှင့် ကလေးများအပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၂၃၀ လိုက်ပါလာသော စက်လှေ နှစ်စီးနိုဝင်ဘာလ အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်တွင် ဆိုက်ကပ်ခဲ့ပြီး ယခုလအတွင်းတွင်လည်း သီရိလင်္ကာ ရေတပ်က နိုင်ငံမြောက်ပိုင်းကမ်းခြေသို့ မျောပါလာသည့် ရိုဟင်ဂျာ ၁၀၄ ဦးကို ကယ်ဆယ်ခဲ့ရသည်။
ကိုးကား ။ ။ Reuters သတင်း UN says 2022 among deadliest years for Rohingya at sea
You may also like these stories:
Topics: IOM, UNHCR, ဒုက္ခသည်, ဘင်္ဂလားဒေ့ရှ်, မလေးရှား, ရိုဟင်ဂျာ, လူ့အခွင့်အရေး, လှေစီးဒုက္ခသည်, အင်ဒိုနီးရှား
Link : Here

- ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်နှင့် ဧရာဝတီအင်တာဗျူး
- ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း
- စစ်အုပ်စု အဆက်ဆက် မြန်မာပြည်သူ သန်းပေါင်းများစွာကို မောင်းထုတ်ခဲ့သည်
- ရိုဟင်ဂျာကလေးများ မြန်မာနိုင်ငံတော်သီချင်း သီဆိုနေကြပြီ
- ရိုဟင်ဂျာ အမှု အထောက်အထားသစ်များ ထပ်မံရရှိ
- မြန်မာသို့ပြန်ရေး ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည် သောင်းချီဆန္ဒပြ
Topics: IOM, UNHCR, ဒုက္ခသည်, ဘင်္ဂလားဒေ့ရှ်, မလေးရှား, ရိုဟင်ဂျာ, လူ့အခွင့်အရေး, လှေစီးဒုက္ခသည်, အင်ဒိုနီးရှား
Link : Here
No comments:
Post a Comment