" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 24, 2022

ကပ္ပလီပင်လယ်ပြင်က ရိုဟင်ဂျာတွေကို ကယ်ဆယ်ဖို့ အာဆီယံနိုင်ငံတွေကို ကုလတိုက်တွန်း

RFA
RFA Burmese
2022.12.23 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးမြို့ရှိ Seunuddon ကမ်းခြေအနီးတွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ လိုက်ပါလာသော စက်လှေတစ်စင်းကို ၂ဝ၂ဝ ခုနှစ် ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်။Reuters
  
ကပ္ပလီပင်လယ်ပြင်မှာ သီတင်းပတ်များစွာ မျောပါနေတဲ့ လှေတစ်စင်းပေါ်က ရိုဟင်ဂျာလို့ယူဆရတဲ့ လူ ၁၉၀ ခန့်ကို ဝိုင်းဝန်းကူညီကယ်ဆယ်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေကတိုက် တွန်းလိုက်ပါတယ်။

လှေပေါ်ပါလာသူ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ငါးနှစ်ကြာနေထိုင်ခဲ့ပြီး ပိုမိုကောင်း မွန်တဲ့ဘဝတွေကို ရှာဖွေဖို့အတွက် မလေးရှားနဲ့ အင်ဒီုနီးရှားကိုထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ် စ လင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 ဂြိုလ်တုဖုန်းကတစ်ဆင့် မိသားစုထံကို ပေးပို့တဲ့ သူတို့ရဲ့စာတွေမှာ သူတို့အခြေအနေ အတော်လေးဆိုးဝါးနေ တာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဒေသတွင်းတိုင်းပြည်တွေရဲ့ ကူညီကယ်ဆယ်မှုမရဘဲ အစာရေစာမလုံမလောက်နဲ့ ပင်လယ်ထဲမျောနေ တာ တစ်လကြာနေပြီဖြစ်ပြီး ဆိုးရွားတဲ့အခြေအနေ ကြုံနေခဲ့တယ်လို့ အစီရင်ခံစာတွေက ဖော်ပြကြောင်း UNHCR က ထုတ်ပြန်ပါတယ်။

အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြပြီး ဒီခရီးစဉ်အတွင်းမှာ လူအယောက် ၂၀ ထက်မနည်း သေဆုံး ခဲ့ကြောင်း သတင်းတွေရရှိတယ်လို့ ဆိုပါတယ်။

လှေပေါ်ပါလာသူအားလုံးကို ကယ်ဆယ်ဖို့နဲ့ လူသားဆန်တဲ့ တာဝန်ဝတ္တရားနဲ့အညီ ဘေးကင်းလုံခြုံစွာဆင်းသက် ခွင့်ပြုဖို့ နိုင်ငံအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ အဲဒီလှေဟာ လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးမြို့ရဲ့ မြောက်ဘက်မှာ ရှိ နေကြောင်း သိရတယ်လို့ UNHCR က ဆိုပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */