Monday, December 26, 2022

မော်လမြိုင်တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးခံရ

DVB
26 December, 2022


 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရိုဟင်ဂျာ ၂၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ ငါးထပ်တိုက်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်လို့ သတင်းပေးချက်အရ စစ်ကောင်စီ တပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“၅ ထပ်တိုက်ရဲ့ လေးလွှာမှာတွေ့တာ အခုတော့ လ.ဝ.က မှာ စစ်ဆေးနေတုန်း ဘယ်ကလာတယ် ဆိုတာတော့ မသိဘူး။”

ဖမ်းဆီးခံရသူ ရိုဟင်ဂျာ အမျိုးသား ၁၃ ယောက်နဲ့ အမျိုးသမီး ၁၁ ဦးကို မော်လမြိုင်မြို့မရဲစခန်းက လ.ဝ.က ဦးစီး ဌာနနဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်၊ လှည်းကူးမြို့နယ် ဘာလားကျေးရွာအနီးမှာ သေဆုံးနေတဲ့ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ် အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တချို့မှာဖမ်း ဆီးခံရတဲ့ ရိုဟင်ဂျာ ၁၀၀၀ နီးပါးရှိပြီဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */