" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 11, 2022

ပင်လယ်ပြင်ထဲ အသက်နဲ့ရင်း ခရီးနှင်နေရတဲ့ ရိုဟင်ဂျာများ

VOA
ဆုမွန်
၁၁ ဒီဇင်ဘာ၊ ၂၀၂၂

Indonesia Rohingya Refugees
 

ပွင့်လင်းရာသီချိန် ရောက်လာတာကြောင့်ရော ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအတွက် အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်မှုတွေ ပိုတိုးလာတာကြောင့်ပါ မျှော်လင့်ချက် အနာဂတ်မဲ့နေတဲ့ ကန့်သတ် ချက်တွေနဲ့ နေထိုင်နေရတဲ့ ဘဝတွေကနေ လွတ်မြောက်ရေး ရိုဟင်ဂျာမွတ်ဆလင်တွေ ကြိုးစားနေကြပါတယ်။ ပင်လယ်ပြင်အပါအဝင် ကုန်းလမ်းရေလမ်း နည်းလမ်းမျိုးစုံနဲ့ အသက်နဲ့ရင်း သွားလာရင်း ဒုက္ခတွေရဲ့ ထွက်ပေါက် လမ်းရှာကြတာမွာ ခရီးလမ်းမွာ အသက်သေဆုံးရသူတဲ့အထိ ကြုံရတာတွေ ဆယ်စုနှစ်နဲ့ချီ ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

သိန်းနဲ့ချီ ရိုဟင်ဂျာမူဆလင်တွေဟာ လက်ရှိခိုလှုံနေထိုင်နေကြရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ လည်း မျှော်လင့်ချက်မဲ့နေသလို သူတို့နေထိုင်ခဲ့ရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ နေနေကြဆဲ မူဆလင်တွေ အတွက်လည်း နိုင်ငံတွင်း ခရီးသွားလာခွင့် ကန့်သတ်ချက်တွေလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကြား ထွက်ပေါက် ပိတ်နေသလို ဖြစ်နေလို့ ပင်လယ်လမ်း၊ ကုန်းလမ်း ရေလမ်းတွေကနေ သူတို့အတွက် အဆင်ပြေနိုင်မယ့်နိုင်ငံတွေ ဆီ ခရီးဆက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ နှစ်ရှည်လများ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်တွေအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေ အလုံးအ ရင်းနဲ့ ရောက်လာသလို၊ ထိုင်းနိုင်ငံ ဖူးခက်ဘက်လည်း စက်လှေတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်အများအပြား ရောက် လာ တာတွေလည်း ရှိနေပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာလည်း ရိုဟင်ဂျာမူဆလင်တွေလို့ ယူဆရ တဲ့သူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေတာတွေ တွေ့ရှိခဲ့ပါတယ်။ အခုလို ရိုဟင်ဂျာတွေ ပင်လယ်ပြင်တွေ ကုန်းလမ်းရေလမ်းတွေမှာ ဒုက္ခအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေဘက်ကလည်း အတော်လေးကို စိုးရိမ်နေကြပါ တယ်။

သူတို့အတွက် ထိန်းချုပ်ကန့်သတ်ချက်တွေများတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံထဲက စိုးရိမ်ရတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မွန်းကျပ်တဲ့ ဒုက္ခတွေထဲက လွတ်မြောက်ရုန်းထွက်နိုင်ခြေ ရှိမလားဆိုတဲ့ မျှော် လင့်ချက်တွေကြောင့် သူတို့အတွက် အသက်အန္တရာယ်ရှိမှန်းသိရက်နဲ့ အသက်သေရင်လည်း သေပါစေဆိုပြီး ကမ်း မမြင်လမ်းမမြင် ပင်လယ်လမ်းတွေကို မျက်စိစုံမှိတ် ရွေးချယ်ခဲ့ကြတာလို့ ဘာလုခါလီစခန်းအမှတ် (၉) က ရိုဟင်ဂျာဒုက္ခသည် ဦးစောလွင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

ဦးစောလွင် ။ ။ ပြောရမယ်ဆိုရင် သူတို့က စီးပွားရေးအခြေအနေကလည်း အဆင်မပြေဘူး။ ဒီမှာက အစားအ သောက် ကလည်း အဆင်မပြေဘူး။ လူနေမှုဘဝတွေကလည်း ဘယ်လိုမှ အဆင်မပြေဘူးဆိုတော့ သူတို့က ရတဲ့ နေရာတွေကိုထွက်ဖို့ လုပ်တာ။ ဒီမှာဆိုလည်း သေမှာပဲ။ အဲ့မှာသွားလည်း သေမှာပဲဆိုပြီး သူတို့က ထွက်သွား လိုက်ကြတာ။ ဘင်္ဂလားဒေ့ရှ်မှာ ကျနော်တို့ နေကြရတယ်ဆိုတာကလည်း ဒုက္ခသည်စခန်းတွေထဲမှာနေကြရတာ ဆိုတော့ နေရတာ သိပ်ပြီးအဆင်မပြေဘူး။ ကျနော်တို့မှာ ကျနော်တို့ သွားချင်တဲ့နေရာကို ဘယ်လိုမှ သွားလို့မရ ဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကျနော်တို့ကို ကန့်သတ်ထားတာ ရှိတယ်။ စခန်းတွေထဲကနေ လုံးဝ မထွက် ရ ဘူး။ လုံးဝ မထွက်ရဘူး ဘယ်လိုမှ ထွက်လို့မရဘူး။ ဆေးလက်မှတ်တွေနဲ့ ထွက်လို့ရတယ်ဆိုပေမဲ့ ဆေးလက် မှတ်နဲ့ပဲ အကန့်အသတ်နဲ့ သွားရတယ်။ အရောင်းအဝယ်တခုခု လိုအပ်လာတယ်ဆိုရင်လည်း ကျနော်တို့ လုံးဝ သွားလို့မရဘူး။ ဒီအခြေအနေမှာ ကျနော်တို့မှာ အင်မတန်မှ စိုးရိမ်စရာကောင်းတယ် ကြောက်စရာကောင်းတဲ့ အ ခြေအနေတွေလည်း ဖြစ်နေတယ်။ ဒီမှာက လူကုန်ကူးမှုနဲ့ပတ်သက်ပြီး သူတို့က ကျနော်တို့ကို သတိပေးတာရှိ တယ် မသွားနဲ့။ ခင်ဗျားတို့သွားမယ်ဆို သေသွားနိုင်တဲ့အထိဖြစ်မယ် မလေးရှားကိုမသွားနဲ့။ အင်ဒိုနီးရှားကိုမသွား နဲ့၊ ပွဲစားတွေကို မယုံနဲ့၊ အဲ့ဒါတွေ ပြောထားတာရှိပေမဲ့ ကျနော်တို့ဘက်က အရေးတကြီး ပြောချင်တာကတော့ ကျနော်တို့တွေ ဒီမှာ တခုခုဖြစ်သွားတယ်ဆိုရင်တောင် သက်ဆိုင်တဲ့သူတွေက ချက်ခြင်းသွားကြည့်တာ မဟုတ် ဘူး။ ၁ နာရီ ၂ နာရီကျော်မှ သွားစစ်ဆေးတာ။ ဝမ်းနည်းဖို့ကောင်းတယ်။ ကျနော်တို့အတွက် ဘာကိုမှ အလေးအ နက်ထား လုပ်ပေးတာလည်း မရှိဘူးလေ။

တကယ်တော့ ဒီလိုထိန်းချုပ်ကန့်သတ်မှု စိုးရိမ်စရာကောင်းတဲ့အခြေအနေ အနေအထား ဒုက္ခတောကနေ လွတ် မြောက်ရေး နည်းလမ်းပေါင်းစုံသုံး လှေစီးပြေး ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေဟာ အစုလိုက်အပြုံလိုက်အသက် သေဆုံးတဲ့အထိ ဒုက္ခတွေ အဆင့်ဆင့် ထပ်ကြုံနေကြရတာပါ။ သူတို့ကို လူကုန်ကူးခံရတာတွေအပါဝင် ပွဲစား တွေ ဆက်သွယ်ပေးသူတွေအတွက် ဝန်ဆောင်မှုပေးရတဲ့အခါ ဒုက္ခသည်စခန်းတွေထဲမှာ ရှိသမျှစုဆောင်းငွေတွေ လိမ်လည်ခံရတာမျိုး ရှိသလို၊ ထွက်သွားတဲ့ လမ်းကြောင်းတွေမှာလည်း သဘာဝဘေးအန္တရာယ်မျိုးစုံကြောင့် အ သက်ဆုံးရသလို၊ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေအပြင်၊ ပွဲစားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုလို ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။

အခုလို အသက်ဆုံးရတဲ့အထိ ကြုံနေရတဲ့ အဖြစ်မျိုးတွေကြုံနေရပေမဲ့ ဒုက္ခအခက်အခဲအကြပ်အ တည်းတွေက နေ လွတ်မြောက်နိုင်ရေး ရိုဟင်ဂျာဒုက္ခသည်တွေဘက်က နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာနေကြတဲ့ အခြေအနေကို ကော့ဇ်ဘဇားခရိုင် ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင် မြိုင်က အခုလို ရှင်းပြပါတယ်။

ကိုအောင်မြိုင် ။ ။ အဓိကက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာကနေ ဒီလိုအခြေအနေမျိုး တွေ ဖြစ်လာရတာပါ။ ဒီလူတွေမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဘာမှ မျှော်လင့်ချက် မရှိကြပါဘူး။ ဒီတော့ ပြည်တွင်းဒုက္ခသည်စခန်းတွေကရော၊ ပြည်တွင်းမှာနေတဲ့တခြားမြို့နယ် ကျေးရွာတွေကရော နောက်ပြီး တော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲကရော နေရာသုံးခုစလုံးကနေ ထွက်သွားကြတာများတယ် ထွက် သွား ကြတဲ့လမ်းကြောင်းတွေက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်။ အဲ့ရသေ့တောင်ကနေ စုဆောင်းနေတဲ့ သူ တွေ ရှိတယ် အဲ့ဒီကနေတဆင့် ရန်ကုန်တိုင်း ဒေသကြီးပါ။ ရန်ကုန်တိုင်းဒေသကြီးဘက်၊ နောက် ထိုင်းနယ်စပ် တွေပါ။ ထိုင်းနယ်စပ်တွေကနေလည်း မလေးရှားနယ်စပ်ဘက်ပါ အဲ့သလို အဆင့်ဆင့်ထွက်ခွာနေကြတာပါ နောက် တခုက ဒီမှာဆိုရင် အင်ဒိုနီးရှားပေါ့နော်။ အင်ဒိုနီးရှားဘက်ကို ထွက်တာတွေလည်း ရှိတယ်ဘင်္ဂလားဒေ့ရှ် ဘက်ဆိုရင် စစ်တကောင်းကနေ ထွက်သွားတာလည်း ရှိတယ်။ တလတကြိမ်ပါ စစ်တကောင်းကနေဆိုရင် အင် ဒိုနီးရှားလမ်းကြောင်း ရှိပါတယ်။

မဆုမွန် ။ ။ အဲ့ဒီ့တော့ အဲ့သလို လမ်းကြောင်းပေါင်းစုံကနေ ထွက်ကြရတယ်ဆိုတော့ ဘယ်လိုလမ်းကြောင်းတွေ က အထွက်များလဲ။ ဝန်ဆောင်ခ ပေးရတဲ့အနေအထားကရော ဘယ်လိုရှိပါလဲရှင့်။

ကိုအောင်မြိုင် ။ ။ အဲ့ဒါကတော့ အချင်းချင်းလုပ်ပေးတာပါ ဝန်ဆောင်ခက အစားစားပါ။ မလေးရှားမှာ ရှိတယ်။ ထိုင်းမှာလည်း ရှိတယ်။ ရခိုင်ဘက်မှာလည်း ရှိတယ်။ ပြီးတော့ ဒုက္ခသည်စခန်းအသီးသီးမှာလည်း ရှိတယ်။ ရခိုင်ဘက်မှာဆိုရင် ပွဲစားတွေက စစ်တပ်ဘက်ကရော တခြားအဖွဲ့အစည်းတွေကရော သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ရှိတယ်။ ဒီလိုထိန်းချုပ်ထားတဲ့နယ်မြေတွေကနေ ဒီလူတွေ ဘာကြောင့်ထွက်သွားနိုင်လဲ နေ့စဉ်နဲ့အ မျှ ဒါကတော့ မေးခွန်းထုတ်စရာတွေဖြစ်တယ်။ ကုန်းလမ်းကရော ရေလမ်းကရော အကုန်လုံး ပါဝင်ပတ်သတ်မှု တွေ ရှိတယ်။ ပိုက်ဆံပေးတယ်ဆိုရင် ထွက်လို့ရတာပေါ့ ။ ကျနော်တို့ ဒုက္ခသည်စခန်းကဆိုရင် ရခိုင်ဘက် ရသေ့ တောင်ဘက်ကို အရောက်သွားမယ်ဆို ၁၀ သိန်းပါ။ အဲ့ဒီကနေတဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ထိုင်းနယ်စပ်ဘက် ကို ရောက်သွားရင် သိန်း ၄၀ ပါ။ မြန်မာငွေပါ။ ထိုင်းကနေ မလေးရှားဘက်ကိုသွားမယ်ဆိုရင် သိန်း ၃၅ သိန်းပါ။ စုစုပေါင်း ၈၅ သိန်း အကုန်အကျခံရပါတယ်။

မဆုမွန် ။ ။ ဟုတ်ပြီ။ အဲ့သလို လမ်းကြောင်းတွေကနေ ထွက်သွားကြတယ်ပေါ့ အခုဆိုရင် ဒီရက်ပိုင်းတွေမှာ အ ဖမ်းဆီးခံရတဲ့သတင်းတွေက ခပ်စိပ်စိပ်ကြားရတယ်။ မြန်မာပြည်ထဲမှာလည်း အစုလိုက်အပြုံလိုက် အဖမ်းဆီးခံ ရတာ ရှိတယ် ဒီလိုထွက်သွားဖို့ လုပ်တဲ့သူတွေ အုပ်စုလိုက်ကြီးတွေ အဖမ်းဆီးခံကြရတော့ သူတို့ထွက်ခွာသွားကြ ရ တဲ့ လမ်းကြောင်းတွေမှာ ဘယ့်လောက်အထိ အန္တရာယ်ရှိသလဲ။ လမ်းတွေမှာ အဖမ်းဆီးခံကြရတဲ့အခါ သူတို့ သွားလိုတဲ့ခရီးစဉ်တွေ အဆုံးအထိ မရောက်ကြရတဲ့အခါမှာ ဒီလူတွေမှာ ဘယ်လောက်အထိ ဒုက္ခတွေ တွေ့ကြ ရသလဲ။ သိသလောက်လေး ပြောပြပေးပါ။

ကိုအောင်မြိုင် ။ ။ သူတို့တွေဟာ သူတို့သွားတဲ့လမ်းကြောင်းတိုင်းမှာ အခက်အခဲပေါင်းများစွာနဲ့ ထွက်ခွာနေကြရ တာပါ။ သူတို့သွားတဲ့လမ်းကြောင်းက ကုန်းလမ်းလည်း ရှိတယ်။ ရေလမ်းလည်း ရှိတယ်။ အဲ့ဒီ့လမ်းကြောင်းမှာ ပွဲစားတွေက နှစ်ခါ ဆက်လိမ်တာမျိုးတောင် ရှိတယ်။ ထိုင်းရောက်ပြီးတာတောင် သူတို့ဆီက ပိုက်ဆံရပြီးတာ တောင် ထပ်တောင်းတာ ရှိတယ်။ ရိုက်နှက်တာ ရှိတယ်။ သတ်ဖြတ်တာ ရှိတယ်။ ပြီးတော့ လမ်းကြောင်းမှာ အ မျိုးသမီးတွေဆိုရင် မုဒိမ်းကျင့်ခံရတာတောင် ရှိတယ်။ တချို့ဆိုရင် ရေလမ်းမှာ အသက်ဆုံးသွားတာ ရှိတယ်။ ပြီး တော့ သူတို့ကို မြန်မာပြည်ထဲမှာ မိတယ်ဆိုရင် သူတို့ကို “ခိုးဝင်” တံဆိပ်တပ်ပြီး၊ နယ်ကျော်ဆိုပြီး ပုဒ်မတွေ အ မျိုးမျိုးတပ်ပြီးတော့ အာဏာပိုင်တွေက သူတို့ကို ထောင်ချတာလည်း ရှိတယ်။ ပြီးတော့ မလေးရှားမှာရော အင် ဒိုနီးရှားမှာပါ ထောင်ချပစ်လိုက်တာတွေလည်း အများကြီး ရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သွားနေကြတဲ့ကာယကံရှင်တိုင်းဟာ သူတို့ကိုယ်တိုင် ကြုံရမယ်ဆိုတာကို သိပြီးသားကိစ္စတွေ ပါ။ သိပြီးသားကိစ္စတွေဆိုပေမဲ့ ဒီလူတွေမှာ ဘာမှ မျှော်လင့်ချက် မရှိဘူး။ ဥပမာ ဒီဘင်္ဂလားဒေ့ရှ်မှာ ဆိုရင်လည်း ပဲ ဒုက္ခသည်ဘဝနဲ့ ငါးနှစ်တောင် ရှိသွားပြီ။ မြန်မာပြည်ထဲမှာဆိုလည်းပဲ IDP ကမ့်တွေမှာ နေရတာ ဆယ်နှစ် ပြည့်သွားပြီ။ ပြီးတော့ မောင်တော၊ ဘူးသီးတောင်က လူတွေဆိုလည်း ဆယ်စုနှစ်ပေါင်းများစွာ ရှိလာပြီ။ သူတို့ အတွက် အသွားအလာတွေရော ပညာရေးရော ကျန်းမာရေးရော။ အလုပ်အကိုင်အခွင့်အလမ်းရော ဘာဆို ဘာမှ မျှော်လင့်ချက် မရှိဘူး။ ဒါကြောင့် ဒီလူတွေမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော လူမှုရေးဆိုင်ရာရော ဘာ သာရေးဆိုင်ရာရော သူတို့အတွက် ဘာဆိုဘာမှ မရှိဘူး။ သူတို့မှာ စိတ်ရောဂါရတာပဲ ရှိတယ်။ ဒါကြောင့် နောက် ဆုံးမှာ သူတို့ ဒီလမ်းကြောင်းကိုပဲ ရွေးလိုက်ကြတာပါ။ ကျနော်တို့တွေ သေရင်လည်း သေပေ့စေ၊ သေသွားမယ် ဆို တာလည်း သူတို့ သိတယ်။ တကယ်လို့ရှင်ရင်တော့ ဘဝက တခုခုထူးလာမယ်၊ တိုးတက်လာမယ်ဆိုပြီး သေ ရင် လည်း သေပါစေ ရှင်ရင်လည်း ကံကြမ္မာက ထူးလာမယ်ဆိုပြီးတော့ အဲ့လိုမျှော်လင့်ချက်တွေနဲ့ပဲထွက်သွားနေ ကြ တာပါ။

မဆုမွန် ။ ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကဆို မင်္ဂလာဒုံဘက်မှာ လူအစုလိုက် သတ်ပြီးတော့ လမ်းဘေးမှာ ပစ်ခဲ့တာ တွေ လည်း ရှိတယ်။ တချို့ဆိုလည်း လမ်းမှာ အောက်ဆီဂျင်ပြတ်လပ်တာမျိုး၊ အစာရေစာပြတ်လပ်ပြီး လမ်းခရီးမှာ ဒုက္ခရောက်ကြရတာတွေရှိတော့၊ ဒီလိုလမ်းတွေမှာ ဒုက္ခတွေ့နေတဲ့သူတို့အတွက် ဘာများလုပ်ပေးနိုင်တာမျိုး ရှိမ လဲ။ နောက်ပြီးတော့ သူတို့လမ်းမှာ ဒီလောက်အထိ အခက်အခဲတွေ ဒုက္ခတွေရောက် ဘဝတွေပျက်တဲ့ အထိ ကြုံ နေရတာတောင် ဒီလမ်းတွေကနေပဲ လွတ်မြောက်အောင် နေ့တိုင်းသွားနေကြတယ်ဆိုတော့ ဒီလိုအနေအထားအ ပေါ် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဘာများပြောချင်တာရှိပါလဲရှင့်။

ကိုအောင်မြိုင် ။ ။ အဓိက ဇစ်မြစ်က ဘာလဲဆိုရင် ဒီလူတွေမှာ လူ့အခွင့်အရေးဆိုတာ ဘာမှ မရှိဘူး။ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေကနေ စတင်ပြီးမှာ ဒီလူတွေမှာ လူ့အခွင့်အရေးတွေ အစစအရာရာ ချိုးဖောက် ခံနေရတယ်။ လူတယောက်မှာ ဘာဆိုဘာမှ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင် သူ့ကိုယ်သူ သတ်သေဖို့အထိ တွေး မိတဲ့အတွေးတွေဝင်လာတာ ရှိတယ်။ ဆိုတော့ ဥပမာ ရခိုင်ပြည်နယ်ဆိုရင်၊ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံ ခြုံ တယ် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်အောင် ကမ္ဘာ့အသိုင်းအဝိုင်းကနေ အစီအစဉ်တွေ စနစ်တကျ အစီအမံတွေ လုပ်ပေးရမှာပါ။ သူတို့မှာ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်အောင် လုပ်ပေးနိုင်မယ်ဆိုလို့ဆိုရင်၊ ပြီးတော့ NGO/ INGO တွေကနေ သူတို့ကို ပညာပေးအစီအစဉ်တွေ စနစ်တကျလုပ်ပေးမယ်ဆိုရင် သူတို့အတွက် လူသားချင်းစာ နာ မှုဆိုင်ရာ အကူအညီတွေ ပေးတာတို့ဆိုရင်၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတာမျိုး တွေ ဆောင်ရွက်ပေးရမှာပါ။ အဲ့ဒီလို မျှော်လင့်ချက်တွေ အာမခံချက်ပေးတာမျိုးတွေ မရှိဘူးဆိုရင် ဒီကိစ္စဟာ ဆက်ပြီးတော့ ရှိနေဦးမှာပဲ ဆက်ပြီးတော့ ဖြစ်နေဦးမှာပါပဲ။”

အခုလို ပွင့်လင်းရာသီရောက်လာချိန်တိုင်း ရိုဟင်ဂျာမူဆလင်တွေဟာ ပင်လယ်ခရီးကြမ်းတွေ ကုန်လမ်းတွေက နေ သူတို့သွားလိုတဲ နိုင်ငံတွေဆီ ခရီးနှင်နေကြတာပါ တချို့ဆိုရင်လည်း ဘယ်ရောက်ရောက် ရောက်ချင်တာ ရောက် ဒီဒုက္ခတွေကနေ ကင်းဝေးရင်ပြီးရောဆိုတဲ့ စိတ်ဇောတွေနဲ့ ထွက်ခွာလာကြတာ များတယ်လို့လည်း ဆိုပါ တယ် လတ်တလောအခြေအနေမှာတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမ ထား တဲ့ မြန်မာနိုင်ငံဘက်မှာ မူဆလင်တွေကို နယ်ကျော်ဖြတ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးနေသလို၊ ဘင်္ဂ လား ဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကိုတောင် အဆင့် ဆင့် စိစစ်ပြီးမှ လက်ခံမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လဲ လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ် ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်း လိုက်တာကြောင့် ရိုဟင်ဂျာအရေး နှစ်နိုင်ငံကြား ဘယ်လို ဆက်လက်ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်း လင်းလင်းတော့ မရှိသေးပါဘူး။

ဒီလိုအခြေအနေမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးငယ်တွေ၊ လူငယ်လူလတ်ပိုင်းအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေဟာ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ရေလမ်း၊ ကုန်းလမ်း နည်းလမ်းမျိုးစုံနဲ့ ဘဝတဆစ်ချိုး ပြောင်းလဲလာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အသက်တွေ ဘဝတွေနဲ့ရင်းပြီး အနာဂတ်အတွက် မသေချာ မရေရာလှတဲ့ ပင်လယ်ပြင်ခရီးကြမ်းတွေကို ဆက်နှင်နေကြဆဲ ဖြစ်ပါတယ်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */