" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 15, 2022

ဘင်္ဂလားဒေ့ရှ်၏ ဝန်ထုပ်ဝန်ပိုးများ လျော့ကျစေရေး ရိုဟင်ဂျာတချို့ကို ခေါ်ယူရန် ဂျပန် စဉ်းစား

15 December 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကျရောက်နေသည့် ဝန်ထုပ်ဝန်ပိုးများကို လျော့ကျစေရေးအလို့ငှာ ရိုဟင်ဂျာ ဒုက္ခ သည်တချို့ကို ခေါ်ယူရန် ဂျပန်အာဏာပိုင်တို့ စဉ်းစားလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင်ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားရပြီး ၎င်းတို့အနက် အများစုသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ထွက်ပြေးလာကြပြီးနောက် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ကော့ဇ် ဘဇားခရိုင်ရှိ ကျပ်ညပ်နေသော ကမ့်စခန်းများတွင် နေထိုင်လျက်ရှိသည်။

ရိုဟင်ဂျာများကို ဂျပန်နိုင်ငံ၌ အခြေချစေရေး ကုလ ဒုက္ခသည်အေဂျင်စီထံမှ ပန်ကြားချက်တစ်ရပ်ကို ဂျပန်အစိုးရက လက်ခံရရှိထားကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတို နာအိုကီက ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် သတင်းအေဂျင်စီ BSS နှင့် အင်တာဗျူးတစ်ရပ်တွင် ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည် ၂၄ ဦးကို တတိယနိုင်ငံတစ်ခုခုတွင် တရား ဝင် အခြေချနေထိုင်နိုင်ရန် အမေရိကန်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

“ဒုက္ခသည်တွေ တတိယနိုင်ငံတစ်ခုခုမှာ အခြေချစေနိုင်ဖို့အတွက် ခင်ဗျားတို့ အစိုးရရဲ့ ပန်ကြားချက်ကို ဂျပန်အစိုးရက လက်ခံရရှိထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေအလားအလာအပေါ် စဉ်းစားဖို့ ကုလ ဒုက္ခသည်အေဂျင်စီကလည်း ကျွန်တော်တို့ကို တိုက်တွန်းထားပါတယ်” ဟု နာအိုကီက ပြောကြောင်း BSS က ဖော်ပြ သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့သည် ပထမအဆင့်အဖြစ် ရိုဟင်ဂျာ ၆၂ ဦးကို တတိယနိုင်ငံတစ်ခုသို့ လွှဲပြောင်းပေးရေးကို အပြီးသတ်လုပ်ဆောင်ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်က ရိုဟင်ဂျာ ဒုက္ခသည် ၂၄ ဦးကို အမေရိကန်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ ဒုက္ခသည်တချို့ကို လက်ခံမည်ဟု ဝါရှင်တန်က သဘောတူထား သည်။

ရိုဟင်ဂျာ အများအပြားသည် လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် မတူညီသော နိုင်ငံများသို့ ရောက်ရှိ အခြေချမှုများ ရှိနေသော်လည်း ယခုအစီအစဉ်က တတိယနိုင်ငံတစ်ခုတွင် ဒုက္ခသည်များကို အခြေချစေနိုင်မည့် တရားဝင်အစီအစဉ် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံနေရာပေးထားရပြီး အများစုသည် ၂၀၁၇ ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်တွင် စစ်တပ်၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက် ပြေးခဲ့ကြရသူများဖြစ်သည်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */