" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 14, 2022

ရိုဟင်ဂျာတွေ အခြေချနိုင်ရေး ကန်အစီအစဉ်သစ်စတင်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ ဒီဇင်ဘာ၊ ၂၀၂၂

Bangladesh Myanmar Rohingyas
 
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR အဖွဲ့တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေး အစီအစဉ်ကို စတင်လိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာန က ကြေညာပါတယ်။

ရိုဟင်ဂျာတွေ ကိုယ့်သဘောနဲ့ကိုယ်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်တဲ့ ဒီအစီအစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြဿနာကို ဘက်စုံ ဖြေရှင်းနိုင်ရေးမှာ ကဏ္ဍတခုအဖြစ် ပါဝင်တာဖြစ်ပါတယ်။ ရိုဟင် ဂျာ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးအတွက် UNHCR က တင်သွင်းလာတဲ့ အမည်စာရင်းကို အမေရိ ကန်ပြည်ထောင်စုက ထည့်သွင်း စဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်က ထုတ် ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကြောင့် ဘေးဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာ ကူညီပံ့ပိုးပေးနေခဲ့ တာ မှာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ အ ဖြစ်နဲ့ ဒေါ်လာ ၁.၉ ဘီလီယံ ရှိသွားပြီဖြစ်လို့ ပြောပါတယ်။

လတ်တလော အခြေခံလိုအပ်ချက်တွေအပြင် စီးပွားရေးအရ လုံခြံမှုရှိတဲ့၊ ဒုက္ခသည်တွေအနေနဲ့ အိမ်ရှင်နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းတွေ အပါအဝင် ပညာသင်ကြားနိုင်ရေးကိစ္စတွေလည်း အမေရိကန်က ကူညီပေးနေကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်မှုကျူးလွန် သူ တွေ ကို တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုကဆောင်ရွက် နေ ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */