" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 20, 2022

အိန္ဒိယသမုဒ္ဒရာအတွင်း စက်လှေတစ်စီးဖြင့် မျောပါနေသည့် ရိုဟင်ဂျာ ၁၀၄ ဦးကို သီရိလင်္ကာရေတပ်က ကယ်ဆယ်

Tachileik News Agency
ဒီဇင်ဘာ 20, 2022
Pic :Reuter

အိန္ဒိယသမုဒ္ဒရာအတွင်း စက်လှေတစ်စီးဖြင့် မျောပါနေသည့် ရိုဟင်ဂျာမွတ်စလင်မ် (၁၀၄) ဦးကို သီရိလင်္ကာနိုင်ငံ ရေတပ်က ကယ်ဆယ်ခဲ့ကြောင်း သီရိလင်္ကာ အစိုးရတာဝန်ရှိသူတစ်ဦးက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။ ရိုဟင်ဂျာမွတ်စလင်မ်များမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် နေထိုင်ရ မှုအခြေအနေဆိုးတို့မှ လွတ်မြောက်ရန် ပင်လယ်ပြင်ကိုဖြတ်ပြီး မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ အရှေ့တောင် အာရှ နိုင်ငံများသို့ ရောက်ရှိနိုင်ရန် အသက်စွန့်ထွက်ပြေးနေကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ရမှုအခြေအနေ ဆိုးရွားလာမှုနှင့် ယမန်နှစ်အတွင်း မြန်မာနိုင်ငံ တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာများ ပင်လယ်ပြင်ကို အသက်စွန့်ဖြတ်သန်းမှု သိသာ စွာ မြင့်တက်လာခဲ့သည်ဟု သိရသည်။

ရိုဟင်ဂျာများ လိုက်ပါလာသည့် ယခုစက်လှေကို သီရိလင်္ကာရေတပ်က နိုင်ငံ၏ ကမ်းရိုးတန်းမှ ‌ရေမိုင် (၃)မိုင်ခွဲ အ ကွာတွင် ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် စက်လှေကို နိုင်ငံမြောက်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ဒီဇင်ဘာလ (၁၉) ရက် ညပိုင်းတွင် ဆွဲခေါ်လာခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာရေတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီး Gayan Wickramasuriya က ပြောသည်။

စက်လှေပေါ်မှ ရိုဟင်ဂျာများကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားပြီး တရားရုံးက ဆက်လက် ဆုံးဖြတ်မည်ဖြစ် ကြောင်း သိရသည်။

သီရိလင်္ကာရေတပ်၏ ထုတ်ပြန်ချက်အရ စက်လှေပေါ်မှ ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံမှ ထွက်ခွာလာသည်ဟု ယူဆထားပြီး ၎င်းတို့သည် အင်ဒိုနီးရှားသို့ ဦးတည်သွားနေစဥ် စက်လှေအင်ဂျင်ချို့ယွင်းသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစက်လှေပေါ်မှ အမျိုးသမီး (၃၉) ဦး၊ အရွယ်မရောက်သေးသူ (၂၃) ဦးနှင့် အသက် (၈၀) နှစ်အရွယ် အမျိုး သားတစ်ဦး ပါဝင်သည့်အနက် မိခင်တစ်ဦးနှင့် ၎င်း၏ကလေး (၂) ဦးကို ဆေးရုံပို့ထားရပြီး အခြေအနေကောင်း မွန်နေကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာ (၇၃၀,၀၀၀) ကျော် အိမ်နီချင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရခြင်းဖြစ်သည်။

မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာများကို သတ်ဖြတ်မှုနှင့် မုဒိမ်းမှုများ ကျူးလွန်ခဲ့ပြီး လူ မျိုး တုန်းသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခံထားရခြင်းဖြစ်သည်။

Source: Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */