" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

Tuesday, June 2, 2020

အာဂျင်တီးနားမှာ မြန်မာခေါင်းဆောင်တွေကို တရားစွဲထား တဲ့အမှု သုံးသပ်တော့မည်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
Jun 1, 2020


■ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော်တို့ကို ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၉ နိုဝင်ဘာလက အာဂျင်တီးနားမှာ တရားစွဲထားတဲ့ အမှုကို တရားရုံးက ပြန် လည်သုံးသပ်တော့မှာဖြစ်ပါတယ်။

အပြည့်အစုံကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

 

Link : Here

Sunday, May 24, 2020

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှုအတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
နိုင်ငံတကာတရားရုံး (ICJ).

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့ မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

Friday, May 8, 2020

မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်သစ် တာဝန်စတင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 မေ၊ 2020 

ျြမြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန် လွှတ်တော် အမတ်ဟောင်း Thomas H. Andrews (ဓာတ်ပုံ - UNHCR's Screen Shot)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အမေရိကန်လွှတ်တော် အမတ်ဟောင်း Thomas H. Andrews ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားပါတယ်။

Wednesday, April 22, 2020

ICJ ထံ တင်သွင်းမယ့် ပထမဆုံးအစီရင်ခံစာ ပြင်ဆင်မှု ဘယ်လိုရှိလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-04-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီရင် ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီ ရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

Thursday, February 6, 2020

လုံခြုံရေးကောင်စီမှာ မြန်မာဘက်ကရပ်ခဲ့တဲ့ တရုတ်နဲ့ ဗီယက်နမ်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
2020.02.05

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး။
Photo: AFP

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေ ဆောင်ရွက်ဖို့ အမိန့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

Sunday, February 2, 2020

ဂျီနိုဆိုက်နှင့် မြန်မာကို တွဲအမြင်မခံရစေရန် အတိုင်ပင်ခံ ကိုယ်တိုင် ထွက်ရှင်းရဟု သမ္မတရုံး ပြော

ဧရာဝတီ
သီဟလွင်
1 February 2020
ICJ တရားရုံးတွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Reuter

ရခိုင်အရေးကြောင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာမှုကို ရင်ဆိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ် တိုင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ထွက်ရှင်းရခြင်း တပ်မတော် ကို ကာ ကွယ်ပေးခြင်း မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။

Thursday, January 30, 2020

ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး

ဧရာဝတီ
By ကျော်ဖြိုးသာ
30 January 2020
ICJ တရားရုံးတွင် မြင်တွေ့ရသည့် မြန်မာရှေ့နေ အဖွဲ့ / ICJ

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်များကို ဆက်ဆံပုံနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံ ကို စွဲဆိုထားသော လူမျိုးတုံး သတ်ဖြတ်မှုအတွက် ပဏာမ လျှောက်လှဲချက်များ ပေးရန် ရက်ချိန်းကို နိုင်ငံ တ ကာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

Sunday, December 29, 2019

မြန်မာလူ့အခွင့်အရေး ချိုးဖောက်မှု ကုလရှုတ်ချ

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်္ဘာလ၊ 2019
ကိုအောင်လွင်ဦး

ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့်မြင်ကွင်း။ (ဓာတ်ပုံ - UN)
 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု တွေအ ပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂက ချမှတ်လိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့တုန်းက မဲခွဲခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ မြန်မာနိုင်ငံဘက်က ပယ်ချခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကုလအဆိုကို မြန်မာအစိုးရ အပြင်းအထန် ကန့်ကွက်

B B C
ဘီဘီစီ မြန်မာပိုင်း
2019-12-29
  ရိုဟင်ဂျာတွေဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတယ်လို့ ကုလက ပြောပါတယ်။

 ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ရှုတ်ချကြောင်း အဆိုတစ်ရပ်ကို မြန်မာအစိုးရကိုယ်စားလှယ်က အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

Saturday, December 28, 2019

မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-28
ကုလသမဂ္ဂအထွေထွေညီလာခံကို ၂၀၁၉၊ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပစဉ်
Photo: REUTERS


မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေ အပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆုံးဖြတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-28

■ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေ အပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

Saturday, December 14, 2019

မြန်မာ-ဂမ်ဘီယာ ICJ အမှုမှာ ဂမ်ဘီယာအားသာလို့ သုံးသပ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
ကိုနေမျိုးထွန်း
2019-12-13

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ဘက်က ဥပဒေပညာရှင်တွေ၊ နိုင်ငံကိုယ်စားပြုသူတွေ ၃ ရက်ကြာ လျှောက်လဲချက်တွေကို အပြိုင်အဆိုင်ချေပ တင်သွင်းခဲ့ကြတာကို ဥပဒေရှုထောင့်အရ သုံးသပ်တဲ့ အခါ ဂမ်ဘီယာနိုင်ငံဘက်က အားသာနေတယ်လို့ ပြည်တွင်း ဥပဒေပညာရှင်တချို့က ပြောပါတယ်။

အိုင်စီဂျေက ထုတ်ပြန်လိုက်တဲ့ မြန်မာဂမ်ဘီယာ နှစ်နိုင်ငံ တောင်း ဆိုချက်တွေက ဘာတွေလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
13 ဒီဇင်ဘာ 2019
အမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက ကြားနာမှုသုံးရက်တာအပြီးမှာ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီး အဲဒီမှာ ဂမ်ဘီယာက တောင်းဆိုတဲ့အချက် ၆ ချက်နဲ့ မြန်မာနိုင်ငံက တောင်းဆိုတဲ့အချက် ၂ ချက်တို့ကို ဖော်ပြထားပါတယ်။

Wednesday, December 11, 2019

မြန်မာကို ဂမ်ဘီယာက ICJ မှာ စွပ်စွဲထားမှု ဖြစ်စဉ် အချိန်ပြ ဇယား

B B C 
ဘီဘီစီ မြန်မာပိုင်း
11 ဒီဇဘၤာ 2019
ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကြားနာနေတဲ့ တရားရုံး

ဂမ်ဘီယာက မြန်မာကို ဂျီနိုဆိုက် ကွန်ဗန်းရှင်းစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တ ရား ရုံး ဖြစ်တဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ စွပ်စွဲထားတဲ့ အမှုနဲ့ သက်ဆိုင်တဲ့ ဖြစ်စဉ်တွေ အချိန်ပြဇယား ကို ဖော်ပြလိုက်ပါတယ်။

Monday, December 9, 2019

ကြားဖြတ်အစီအမံကြားနာမှု - မြန်မာနဲ့ ဂမ်ဘီယာအမှု အိုင်စီ ဂျေမှာ ဘာတွေလုပ်မှာလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
2019-12-09
 မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နယ်သာလန် နိုင်ငံ သည် ဟိဂ်မြို့ နိုင်ငံတကာ တရားရုံး ICJ မှာ ဒီဇင်ဘာ ၁၀ ရက်က ၁၂ မှာ ကြားနာမှာ ဖြစ်ပါတယ်။

Tuesday, November 19, 2019

ဂမ်ဘီယာက မြန်မာကိုစွဲဆိုတဲ့အမှု ဒီဇင်ဘာ မှာ ICJ ကြား နာမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
19 နိုဝင်ဘာ၊ 2019
အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ တရားသူကြီးများ (Courtesy of the ICJ)
 
လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး စာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်ကြောင်း စွဲချက် နဲ့  ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့် လျောက်ထားချက်ကို ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ အများပြည်သူ ရှေ့ကြားနာစစ်ဆေးမှာ ဖြစ်ကြောင်း ICJ တရားရုံးက မနေ့ တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Monday, November 18, 2019

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု ကုလ တတိယကော်မတီ ဆုံးဖြတ်ချက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2019
အင်ကြင်းနိုင်
နိုဝင်ဘာလ ၁၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်ဆွေးနွေးနေတဲ့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ (ဓာတ်ပုံ - United Nations)
 
ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံ တကာ လူသားချင်းစာနာမှု ဥပဒေ ချိုးဖောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော် မတီက မြန်မာ့အရေး ဆုံးဖြတ်ချက် တရပ်ကို ချမှတ်လိုက်ပါတယ်။ တတိယကော်မတီမှာ နိုဝင် ဘာလ ၁၄ ရက်နေ့က အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကို ကုလအထွေထွေညီလာခံက ဒီဇင်ဘာလမှာ ဆက် လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

Monday, November 11, 2019

ICJ နိုင်ငံတကာတရားရုံးမှာ ဂန်ဘီယာ မြန်မာကိုအမှုစွဲတင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
11 နိုဝင်ဘာ၊ 2019
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်မှာ မြန်မာနိုင်ငံဘက်က လူမျိုးတုန်း သတ်ဖြတ်မှုကျုးလွန်တယ်ဆိုတဲ့ စွဲ ဆိုချက်နဲ့ ကုလသမဂ္ဂရဲ့ အမြင်ဆုံးတရားရုံးကို ဂန်ဘီယာနိုင်ငံက ဒီကနေ့ပဲ အမှုတင်သွင်းလိုက်ပါတယ်။ နိုင်ငံချင်းဖြစ်တဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ် အဆုံးအဖြတ်ပေးတဲ့ ICJ နိုင်ငံတကာခုံရုံးထံ အခုလိုအမှု တင်သွင်းရတာဟာ ထိတ်လန့်ကြောက်မက်ဖွယ် လုပ်ရပ်တွေကို ကမ္ဘာကြီးက လက်ပိုက်ကြည့် မနေဘူး ဆိုတာ ပြသချင်တာဖြစ်တယ်လို့ ဂန်ဘီယာ တရားရေးဝန်ကြီးက ပြောပါတယ်။ ကိုသားညွန့်ဦး က ဆက်ပြီး ပြောပြပါမယ်။

Friday, November 8, 2019

ဘင်္ဂလားဒေ့ရ်ှကန့်ကွက်လို့ အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံ များ အဖွဲ့မှာ မြန်မာပါခွင့်မရ

BAMAKHIT
DKae KHIT
November 8' 2019
  အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့ (IORA) ၂၁ ကြိမ်မြောက်အစည်းအဝေး။

အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့ (IORA) မှာအဖွဲ့ဝင်အဖြစ်ပါဝင်ဖို့မြန်မာနိုင်ငံကလျှောက်ထားတာ ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ကန့်ကွက်တဲ့အတွက်ကြောင့် အဖွဲ့က ငြင်းပယ်လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */