" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

Friday, March 1, 2024

အိန္ဒိယကို တရားမဝင် ဝင်ရောက်သည့် မြန်မာ ၈ ဦး ဖမ်းဆီးခံရ

DVB
March 1, 2024
 

အိန္ဒိယနိုင်ငံဘက်ကို တရားမဝင် ခိုးဝင်လာခဲ့တဲ့ မြန်မာ ၈ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယတိုင်းမ်သတင်းမှာ ဖေဖော်ဝါရီ ၂၉ ရက်စွဲနဲ့ ဖော်ပြပါတယ်။

အဆိုပါ ခိုးဝင်မြန်မာ ၈ ယောက်ဟာ အသက် ၂၅ နှစ်ကနေ ၅၅ နှစ်ကြား အရွယ်တွေဖြစ်ကာ သူတို့ကို မဟာရာရှတရာပြည်နယ်၊ မီရာဘာရန်ဒါမြို့၊ ဥတန်ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

Monday, February 26, 2024

ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖြစ်အောင် မြန်မာကလုပ်ဆောင်နေသည်ဟု ဘင်္ဂလားဒေ့ရှ် (RAB) ညွှန်ကြားရေးမှူးချုပ်ပြောကြား

Narinjara
ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၄ 


မြန်မာစစ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖြစ်လာအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် မှုခင်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့ ( Rapid Action Battalion ) အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် ခါရှစ်ဟူစိန်က ပြီးခဲ့သည့် စနေနေ့က ပြောကြားလိုက်သည်။

Monday, February 5, 2024

မြန်မာနိုင်ငံက မော်တာကျည်ဆန် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကျပြီး နှစ်ဦးသေဆုံး

RFA
RFA Burmese
2024.02.05 

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မြန်မာနိုင်ငံဘက်မှ မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲစဉ် ထိမှန်သေဆုံးခဲ့သည့် ရိုဟင်ဂျာတစ်ဦး။ Photo: AFP

[Update: 1:30 AM, Feb 06 2024]

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖေဖော်ဝါရီ ၅ ရက်နေ့က တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့လို့ အနည်းဆုံး နှစ်ဦးသေဆုံးခဲ့ပါတယ်။

Friday, February 2, 2024

မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၀ ကျော် ထွက်ပြေး

VOA
၀၂ ဖေဖော်ဝါရီ၊ ၂၀၂၄ 

မလေးရှာနိုင်ငံအနောက်ပိုင်း Perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ ကြာသပတေးညကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဖေဖေါ်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။ 

Link : Here

Thursday, February 1, 2024

အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် ကမ္ဘာ့နိုင်ငံများ တောင်းဆို

DVB
February 1, 2024 

အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို  အီးယူနဲ့  ကမ္ဘာ့အင်အားကြီး နိုင်ငံ ၈ နိုင်ငံက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  ပူးတွဲတောင်းဆို တိုက်တွန်းလိုက်ပါတယ်။ 

Monday, January 29, 2024

ရခိုင်မှာ အပစ်ရပ်ရေး တရုတ်နိုင်ငံ ကြားဝင်ကြိုးပမ်းနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဇန်နဝါရီ၊ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen (ဝဲ) နဲ့ ဘင်္ဂလားဒေရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmu (ယာ) တို့တွေ့ဆုံနေကြစဉ်

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ ကြားဝင် ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen က မနေ့က ပြောဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံက ကြိုးပမ်းနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud နဲ့ တွေ့ဆုံ အပြီး သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

Friday, January 26, 2024

မြန်မာအပါ အရှေ့တောင်အာရှမှာ နည်းပညာသုံး ဘာသာရေးဖိနှိပ်မှုတွေရှိနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၆ ဇန်နဝါရီ၊ ၂၀၂၄ 

မြန်မာစစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်နေသည့် ဘုန်းကြီးကျောင်း (photo: KNU)
 
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နောက်ဆုံးခေတ်မီနည်းပညာတွေအသုံးပြုပြီး ဘာသာရေး ဖိနှိပ်မှုတွေ ပိုတိုးလုပ်လာတယ်လို့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

Tuesday, January 23, 2024

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ယူဂန်ဒါ နိုင်ငံတွင် တွေ့ဆုံ

DMG
Dhaka Tribune
ဇန်နဝါရီ ၂၂
ဓာတ်ပုံ - Dhaka Tribune

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့ သည် ပြီးခဲ့သော စနေနေ့က ယူဂန်ဒါနိုင်ငံတွင် တွေ့ဆုံခဲ့ကြကြောင်း ဒါကာထရီဗျူးန်သတင်းတစ်ရပ်တွင် ဖော် ပြထားသည်။ 

Tuesday, January 2, 2024

မြန်မာနဲ့ရိုဟင်ဂျာအရေးခိုင်ခိုင်မာမာကိုင်တွယ်ဖို့ အင်ဒို လွှတ်တော်ခေါင်းဆောင်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ ဇန်နဝါရီ၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း Kuala Besar ကမ်းခြေကို ရေလမ်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ယာယီအမိုးအကာအောက်မှာ ခိုလှုံနေကြစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)
 

မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာပြဿနာတွေကို ကမ္ဘာနဲ့ အထူးသဖြင့် အာဆီယံတိုင်းပြည်တွေက ခိုင်ခိုင်မာမာ အရေးယူ ဆောင်ရွက်ကြရပါမယ်လို့ အင်ဒိုနီးရှားလွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယဌာနမှူးက ပြောလိုက်ပါတယ်။

Thursday, December 21, 2023

အထောက်အထားမဲ့ မြန်မာ ၅၀ ကျော်ကို မလေးရှားအထူး တပ်ဖွဲ့ ဖမ်းဆီး

RFA
စန်းမော်အောင်(ဝါရှင်တန်ဒီစီ)
2023.12.21 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များကို တွေ့ရစဉ်။ Citizen Journalist 
 

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာမှာရှိတဲ့ ဈေးဆိုင်တန်းတွေကို အာဏာပိုင်တွေ အပါအဝင် အထူးရဲ တပ်ဖွဲ့ဝင် တစ်ထောင်ကျော်က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက်ဖမ်း ဆီး ချိန်မှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သူ ငါးရာကျော် ဖမ်းဆီးခံခဲ့ရပြီး ဒီထဲ မြန်မာနိုင်ငံသား ၅၀ ကျော် ပါ ဝင်ပါတယ်။

Tuesday, October 31, 2023

ရိုဟင်ဂျာ ၃၀၀၀ ကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်

VOM

ဒါကာ၊ အောက်တိုဘာ-၃၁-၂၀၂၃

မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့ရေးအစီအစဉ်တစိတ်တပိုင်းအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မှာ ဒုက္ခ သည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

Sunday, October 1, 2023

မြန်မာကိုကူညီမယ့် ဘတ်ဂျက်အဆိုပြုချက် အမေရိကန် လွှတ်တော်မှာ အတည်ပြုဖို့ နှောင့်နှေးနေ

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.09.30

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အဆောက်အဦး။ Reuters

အမေရိကန်အစိုးရရဲ့ လာမယ့်နှစ် အတွက် ဘဏ္ဍာငွေ အသုံးစရိတ် သတ်မှတ်ရာမှာ အမေရိကန် လွှတ်တော်အ မတ်တွေကြားမှာ အငြင်းပွားမှုတွေ ရှိနေပြီး၊ အင်အားကြီးပါတီနှစ်ခုက အမတ်တွေအကြား သဘောတူညီမှုမရ ရင် အောက်တိုဘာလ ၁ ရက်နေ့မှာ အစိုးရယန္တရားရပ်ဆိုင်းမှု government shutdown စတင်မှာ ဖြစ်တဲ့အ ကြောင်း ကြေညာထားပါတယ်။

Saturday, September 23, 2023

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာအခြေနေ မြန်မာထက်ပိုဆိုးနေ (YCR အစီရင်ခံစာ)

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၃ စက်တင်ဘာ၊ ၂၀၂၃

Around 6,000 Rohingya refugees gathered in Cox’s Bazar, Bangladesh, on the sixth International Rohingya Genocide Remembrance Day, to demand and pray for their refugee rights. (Md. Jamal/VOA)
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာတွေဟာ မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေထက်ပိုခက် ခဲနေတယ်လို့ ပြီးခဲ့တဲ့ တနှစ်အတွင်း ဒုက္ခသည် ရာနဲ့ချီကို တွေ့ဆုံမေးမြန်းပြီး ရိုဟင်ဂျာလူငယ်ကွန်ဂရက် (YCR) က သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလား ဒေ့ရှ် ဘက်မှာ ဘယ်လို ကြုံတွေ့နေရပါသလဲ။သုတေသန တွေ့ရှိချက်ကို အွန်လိုင်းကနေ ထုတ်ပြန်ခဲ့တဲ့ပွဲမှာ တက်ရောက် သတင်းယူခဲ့တဲ့ ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။

Thursday, September 7, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက ကန့်သတ်

Myanmar Now
အောင်နိုင်
September 7, 2023

မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခု၏ အပ်ငွေများကို ဘင်္ဂလားဒေ့ရှ်ရှိ Sonali ဘဏ်က ထုတ်ယူခွင့် ပိတ်ပင်ခဲ့ သည်ကို တန်ပြန်သည့်အနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီနှင့် ရေချို ရေငန်ငါးမျိုးစုံကို နှစ်နိုင်ငံနယ်စပ် မောင်တောမြို့နယ်မှတစ်ဆင့် တင်ပို့ခွင့်ကို စစ်ကောင်စီက ပိတ်ပင် လိုက်သည်။

Saturday, September 2, 2023

မြန်မာရှိ ရိုဟင်ဂျာများနှင့် အခြား လူနည်းစုများကို ကာကွယ် ရန် ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

မဇ္ဈိမ
01 September 2023

( File) Rohingya Muslims assists an elderly woman as they enter Bangladesh near the Bangladesh-Myanmar border in Teknaf, Bangladesh, 04 September 2017. Photo: EPA

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ကုလသ မဂ္ဂ အတွင်းရေးမှူးချုပ်က မကြာသေးခင်က ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။

၂၀၂၂ ဩဂုတ် ၁၅ ရက်မှ ၂၀၂၃ ဩဂုတ် ၁၄ ရက် ကာလကို လွှမ်းခြုံသော “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ကို ကုလသမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Thursday, August 31, 2023

ဘင်္ဂလားဒေ့ရှ် ရေတပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာကို ရောက် ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)

၃၁ ဩဂုတ်၊ ၂၀၂၃

 

ဘင်္ဂလားဒေ့ရှ်အဆင့်မြင့် ရေတပ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရေတပ်နဲ့ ၃ ရက်ကြာဆွေးနွေးဖို့ မြန်မာ နိုင်ငံကိုရောက်ရှိသွားကြပြီလို့ ဒက္ကာထရီဗြွန်း (Dhaka Tribune) သတင်းစာက ပြောပါတယ်။

အစည်းအဝေးကို ကြာသပတေးကနေ တနင်္ဂနွေနေ့အထိကျင်းပမှာဖြစ်ပြီး နှစ်နိုင်ငံ ရေတပ် ပူးပေါင်း ဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံအကျိုးစီးပွါးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ထား ကြောင်း ရေတပ်သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒက္ကာထရီဗြွန်းက ဆိုပါတယ်။

Friday, August 18, 2023

အကူအညီလိုအပ်နေသူ ၁၈ သန်းအတွက် ရန်ပုံငွေတိုးမြှင့် ကူညီမယ်လို့ UNOCHA ပြော

BBC
August 18 2023


မြန်မာမှာ အကူအညီပေးရေးတွေတိုးမြှင့်လုပ်ဆောင်ခွင့်ရဖို့နဲ့ လူဦးရေ ၁၈ သန်းအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီရန်ပုံငွေတိုးမြှင့်ပေးကြဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွား ရောက်ခဲ့တဲ့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီး အကဲ Mr. Martin Griffiths က တောင်းဆိုထုတ်ပြန်ပါတယ်။ 

Wednesday, August 2, 2023

မြန်မာအပါအဝင် လူ့အခွင့်အရေးအလေးထားလုပ်မယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌပြော

BBC
01-08-2023
လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာတွေ့ရတဲ့ အမေရိကန်သံအမတ်ကြီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် မြန်မာနိုင်ငံ မှာဖြစ်ပွားနေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအရေးကိုလည်း အလေးထား လုပ်သွားမယ်လို့ လုံခြုံရေးကောင် စီ အလှည့်ကျဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဂရင်းဖီးလ်က ပြောပါတယ်။

လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမှာဘာတွေလုပ်သွားမယ်ဆိုတာနဲ့ပတ်သက်လို့ သြဂုတ်လ ၁ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ သံအမတ်ကြီးက အခုလိုပြောသွားတာပါ။

Saturday, July 29, 2023

"သတ်ပြီး အလောင်းပြန်ပို့လိုက်တာကမှ ပိုကောင်းသေး တယ်"- မြန်မာနိုင်ငံထဲပြန်ဖို့ ငြင်းနေကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် တွေ

BBC
ဆွာမီနက်သန် နာတာရာဂျန် နှင့် မိုအက်ဇမ် ဟော့စိန်
ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာန
၁၂ ဇူလိုင် ၂၀၂၃

ကော့ဆက်စ် ဘဇားဒုက္ခသည်စခန်းက ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်


ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲ ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက တတိယအကြိမ်မြောက် ကြိုး ပမ်းနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ပြန်ရင် မိသားတစ်စုကို ဒေါ်လာ ၂၀၀၀ ပေးမယ်ဆိုပြီး မက်လုံးပေး ကမ်းလှမ်းထားတဲ့ အဲဒီအစီအစဉ်ဟာ အချေအတင် အငြင်းပွားစရာ ဖြစ်နေပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ မူဆလင် အများစုပါတဲ့ ဒုက္ခသည် ၈ သိန်းနီးပါးလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

Sunday, July 23, 2023

ရိုဟင်ဂျာအရေး ပြန်လည် အာရုံစိုက်ပြီး မြန်မာကို ဖိအား ပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ တွေတောင်းဆို

လူထုနွေဦး
23-07-2023

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ အနောက်ဖက်ဖျားမှာ နယ်မြေရှင်းလင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ 

(ဘဂ်လား​ဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ​စစ်တပ်အကြမ်းဖက်မှု​ကြောင့် နေရပ်စွန့်ခွာလာတာ ၅ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတက်​ရောက်လာသူ​​တွေ။ ဓါတ်ပုံ-ရိုက်တာ)

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပိုမို ဖိအားပေး ဆောင်ရွက်ဖို့၊ နေရပ်ရွှေ့ပြောင်းခဲ့ရတဲ့ ရိုဟင်ဂျာတွေ လုံလုံခြုံခြုံနဲ့ အတည်တကျ နေရပ်ပြန်နိုင်ရေး ကိစ္စ ပြန်လည် အားစိုက် တောင်းဆိုပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ အနောက်ဖက်ဖျားမှာ နယ်မြေရှင်းလင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */