" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 8, 2019

ဘင်္ဂလားဒေ့ရ်ှကန့်ကွက်လို့ အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံ များ အဖွဲ့မှာ မြန်မာပါခွင့်မရ

BAMAKHIT
DKae KHIT
November 8' 2019
  အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့ (IORA) ၂၁ ကြိမ်မြောက်အစည်းအဝေး။

အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့ (IORA) မှာအဖွဲ့ဝင်အဖြစ်ပါဝင်ဖို့မြန်မာနိုင်ငံကလျှောက်ထားတာ ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ကန့်ကွက်တဲ့အတွက်ကြောင့် အဖွဲ့က ငြင်းပယ်လိုက်ပါတယ်။

အခုနိုဝင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာကျင်းပခဲ့တဲ့ ၂၁ ကြိမ် မြောက် (IORA) အဖွဲ့အကြီးတန်းအရာရှိတွေရဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ထပ် ပြီးလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေပြန်ခေါ်ရေးနဲ့ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် မှုမရှိတဲ့ အတွက်ကြောင့် အဖွဲ့ဝင်အဖြစ်လျှောက်ထားတာကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ပြင်းပြင်ထန်ထန် ဆန့် ကျင်ကန့်ကွက်ခဲ့ပါတယ်။

IORA အဖွဲ့ရဲ့ အခြေခံမူအရ ဒီလိုကန့်ကွက်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့အဖွဲ့ဝင်အဖြစ် လျှောက် ထားတာကို ငြင်းပယ်လိုက်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ၁၉၉၇ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ IORA အဖွဲ့မှာ အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ မိတ်ဖက် ၉ နိုင်ငံပါဝင်ပါတယ်။

အခု ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၁ ခုနှစ်အောက်တိုဘာလအထိ ဘင်္ဂလားဒေ့ရ်ှကို အ ဖွဲ့ ရဲ့ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့လွှဲပြောင်းထားပြီးဖြစ်သလို၊ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလကစလို့ ဥက္ကဋ္ဌအဖြစ် နှစ်နှစ် တာ ဝန်ဆက်ယူရမှာဖြစ်ပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */