" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 9, 2019

ကြားဖြတ်အစီအမံကြားနာမှု - မြန်မာနဲ့ ဂမ်ဘီယာအမှု အိုင်စီ ဂျေမှာ ဘာတွေလုပ်မှာလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
2019-12-09
 မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နယ်သာလန် နိုင်ငံ သည် ဟိဂ်မြို့ နိုင်ငံတကာ တရားရုံး ICJ မှာ ဒီဇင်ဘာ ၁၀ ရက်က ၁၂ မှာ ကြားနာမှာ ဖြစ်ပါတယ်။
ကြားဖြတ်အစီအမံကြားနာမှုဆိုတာဘာလဲ။ ဘာတွေလုပ်ဆောင်တာလဲ။ ဒီကြားနာမှုကနေ အမိန့်ချမှတ်ပေး နိုင်သလား။ ဒီအမိန့်တွေကို အငြင်းပွား နိုင်ငံတွေက လိုက်နာဖို့ လိုသလား စတာတွေကို ဒီဆောင်းပါးမှာ အ တို ချုပ် ဖတ်ရှုနိုင်ပါတယ်။

၁။ မြန်မာအပေါ် ဂမ်ဘီယာဘက်က စွပ်စွဲချက်တွေက ဘာလဲ

ဂမ်ဘီယာဘက်က ပြောတာက ဂမ်ဘီယာဟာ မြန်မာနဲ့ အငြင်းပွားမှု ရှိနေတယ်ဆိုပြီး အိုင်စီဂျေမှာ တင်ထား ပါတယ်။အဲဒီအငြင်းပွားမှုဆိုတာက နှစ်နိုင်ငံစလုံးက လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ နိုင် ငံတကာ ကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်တွေဖြစ်ပြီး မြန်မာဘက်က ဒီကွန်ဗင်းရှင်း သဘောတူစာချုပ်ကို လိုက်နာမှု၊ အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားစရာဖြစ်တယ်လို့ လျှောက်ထားထားပါတယ်။

ဂမ်ဘီယာဘက်က လျှောက်လဲချက်က ၂ ခုဖြစ်ပါတယ်။

ပထမတစ်ခုကတော့ မြန်မာတပ်မတော်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လုပ်တယ်လို့ စွပ်စွဲတာ ပါ။

ဒုတိယတစ်ခုကတော့ အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်က ဆက်ရှိနေလို့ ဆိုပြီး provisional measures လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ မြန်မာဘက်က လုပ်ဆောင်အောင် အိုင်စီဂျေက အ မိန့်ထုတ်ပြန်ပေးဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။

အခု ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကြားနာမှုတွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို စစ်မှာမဟုတ်သေး ဘဲ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ အတွက်ပဲ ကြားနာမှာ ဖြစ်ပါတယ်။

  အဘူဘာကာ တမ်ဘာဒူးဟာ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ခုံရုံးမှာ ရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
 
၂ ။ ဂမ်ဘီယာက ဘယ်လို ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ လုပ်ပေးဖို့ တောင်းဆိုထားသလဲ
 
ဂမ်ဘီယာက တောင်းဆိုထားတာက အကြမ်းဖက် သတ်ဖြတ်မှုတွေရှိရင် ဆက်မလုပ်ဖို့နဲ့ သက်သေအချက် အ လက် အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် တရားရုံးက စစ်ဆေးရင်း တွေ့ရှိလာတဲ့ အချက်တွေအရ လိုအပ်သတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ ချထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

တရားရုံးက ကြားဖြတ်အစီအမံ ချမှတ်လိုက်ရင် လေးလအတွင်း သက်ဆိုင်ရာနိုင်ငံက အရေးယူ လိုက်နာဆောင် ရွက်ဖို့လည်း ပါပါတယ်။
ICJ အမှုကိုတော့ မြန်မာ ပယ်ချလို့ မရ၊ ရင်ဆိုင် ဖြေရှင်းရမယ်။
 
၃။ ကြားဖြတ်စီမံ ဆောင်ရွက်ချက်ဆိုတာ ဘာတွေလဲ။
ကြားဖြတ်စီမံ ဆောင်ရွက်ချက်ဆိုတာ တရားရုံးက အမှုကြီး တစ်ခုလုံးကို အပြီးသတ် မဆုံးဖြတ်ခင်မှာ အငြင်း ပွားတဲ့ နိုင်ငံတွေကို လိုက်နာ ဆောင်ရွက်ဖို့ တရားရုံးက ထုတ်ဆင့်ပေးတဲ့ အမိန့်တွေ ဖြစ်ပါတယ်။

တရားရုံးက အခြေအနေ နှစ်ခုအရ ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်တွေ ချနိုင်တဲ့ အာဏာရှိပါတယ်။

၁- အခြေအနေအရ ကြားဖြတ်စီမံဆောင်ရွက်ချက် ချဖို့လိုအပ်တယ်လို့ တရားရုံးက ယူဆတဲ့အခါ

၂-အမှုကြီး တစ်ခုလုံးကို အပြီးသတ် အမိန့်ချ မဆုံးဖြတ်နိုင်သေးချိန်တို့ဖြစ်ပါတယ်။
မြန်မာပြည်ထဲ စစ်ဆင်ရေး ရပ်တန့်ရေး ယာယီအမိန့် ထုတ်ရမလား ICJ တရားသူကြီးတွေ ဆုံးဖြတ်မယ်


၄။ဒီ ကြားဖြတ်စီမံဆောင်ရွက်ချက် အမှုလုပ်ငန်းစဉ်က ဘာတွေ ရှိလဲ
 
အငြင်းပွားတဲ့သက်ဆိုင်ရာ နိုင်ငံတွေက တရားရုံးက ကြားနာနေစဉ်အတွင်း စာနဲ့ရေးသားပြီး ကြားဖြတ်အစီ အမံတွေ တောင်းဆိုနိုင် ပါတယ်။

ကြားဖြတ်အစီအမံ လုပ်ပေးဖို့ မူလတောင်းဆိုချက်အတိုင်း မဟုတ်ဘဲ တရားရုံးက တခြား ကြားဖြတ်အစီ အ မံတွေ ချကောင်း ချမှတ်နိုင်ပါတယ်။

တကယ်လို့ ကြားဖြတ် အစီအမံလုပ်ပေးဖို့ တောင်းဆိုတာကို တရားရုံးက ငြင်းပယ်တယ်ဆိုရင် မူလ တောင်း ဆိုတဲ့ နိုင်ငံက အချက်အလက် အသစ်တွေနဲ့ တောင်းဆိုချက် အသစ် ထပ်တောင်းဆိုနိုင်ပါတယ်။

အမှုကြီး တစ်ခုလုံး မပြီးခင်မှာ ကြားဖြတ်အစီအမံတွေ ပြန်ရုပ်သိမ်းတာ၊ ပြန်ပြင်ဆင်တာတွေကို တရားရုံးက အချိန်မရွေးလုပ်နိုင်ပါတယ်။

ဒီလို ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ် နိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေဆီက သတင်းအချက်အလက်တွေကို တရားရုံးက တောင်းဆိုနိုင်တယ် စတာတွေ ဖြစ်ပါတယ်။

၅။ကြားဖြတ် အစီအမံ အမိန့်ချဖို့ ဘယ်အချက်တွေကို ထည့်သွင်း စဉ်းစားသလဲ

- ဥပဒေ ချိုးဖောက်တယ်လို့ ထင်ရှားတဲ့ ကောက်ချက် ချနိုင်တာ

-ဖြစ်နိုင်ခြေရှိတာ

-တရားရုံးက စီရင်ဆုံးဖြတ်နေဆဲမှာ အမှုထဲက တစ်စုံတစ်ရာကို အမှန်တကယ် အန္တရာယ်ကျရောက် အံ့ဆဲဆဲဖြစ်နေတာ

- ကြားဖြတ်အစီအမံ တောင်းဆိုသူက ကြားဖြတ်အစီအမံ တောင်းဆိုဖို့ ပတ်သက်ဆက်နွှယ်မှု ရှိတာ တွေကိုထည့် သွင်းစဉ်းစားပါတယ်။

၆။ဒီအမိန့်တစ်ခုခု ချရင် သက်ဆိုင်ရာနိုင်ငံတွေက လိုက်နာဖို့ လိုလား။

တရားရုံးက အမိန့်တစ်စုံတစ်ရာ ချမှတ်ခဲ့ရင် အငြင်းပွား နိုင်ငံတွေက ဒီအမိန့်တွေကို လိုက်နာဆောင်ရွက် ဖို့လိုပါတယ်။

အဲဒီလို အကောင်ထည်မဖော်ဘူး ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆီကို မှတ်ချက်ပေးဖို့ အကူ အညီတောင်းခံနိုင်ပါတယ်။

၇။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍက ဘာလဲ။
 
ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံဘက်က ဒီအမှုကို ဖြေရှင်းတဲ့ အဖွဲ့ကို ဦးဆောင်ပြီး တရားရုံးမှာ ရင် ဆိုင်မှာပါ။

အများပြည်သူ နားထောင်နိုင်တဲ့ တရားရုံးမှာ အစိုးရ ကိုယ်စား ခုခံချေပတာ လုပ်နိုင်မှာပါ။

ဒီလို ဖြေရှင်းတဲ့အခါ အစိုးရကို ကိုယ်စားပြုတဲ့အဖွဲ့ကို အထောက်အကူပေးဖို့ နဲ့ အဲဒီအဖွဲ့ကို ကိုယ်စားပြုပြီး ခုခံချေပမယ့် ဥပဒေ အကြံပေးတွေ၊ ရှေ့နေတွေက ဆောင်ရွက်ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */