" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 28, 2019

မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆုံးဖြတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-28

■ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေ အပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်း တီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့လည်း ညီလာခံက တိုက် တွန်းလိုက်ပါတယ်။

အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံထဲက ၁၃၄ နိုင်ငံက ထောက်ခံခဲ့ပြီး ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၈ မဲ ရခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေဟာ ဥပဒေအကြောင်းအရ အရေးယူနိုင်ဖွယ်မရှိပေမယ့်လည်း နိုင်ငံတကာ ဆက်ဆံ aရးမှာ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဟောက်ဒိုစွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားပေးဖို့ ဆောင်ရွက်တာသာဖြစ်တယ်လို့ ပြောခဲ့ကြောင်း The Guardian သတင်းဌာန က ရေးသားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်က ရှုတ်ထွေးတဲ့ အခြေအနေတွေကို အဖြေရှာဖို့ ကြိုးပမ်းရာမရောက်ဘဲ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းနေတဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ် မပြုတဲ့ သဘောဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောကြားခဲ့တယ်လို့ The Guardian က ရေးသား ထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ရဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် အသုံးစာရိတ် လျာထားမှုမှာလည်း မြန်မာနိုင်ငံနဲ့ ဆီးရီးယားနိုင် ငံတွေ အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက်ပါ ထည့်သွင်းရေးဆွဲ ထား ပြီး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ လျာထားကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပထမဆုံးအကြိမ် အသုံးစားရိတ် ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၉ ခုနှစ်အတွက် လျာထား ချက်ဟာ ၂.၉ ဘီလီယံသာရှိခဲ့ပါတယ်။

~~~~~~~~~~~~~

Photo: UN Web TV
(၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင် ရာ ကော်မတီ အစည်းအဝေးကို တွေ့ရစဉ်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */