" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

Friday, November 8, 2019

IORA ဝင်ဖို့ မြန်မာလျှောက်ထားမှု ဘင်္ဂလားကန့်ကွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2019 
IORA အမှတ်တံဆိပ်
 
 အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံ ပါဝင်တဲ့ IORA အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ပါ တယ်။

Thursday, November 7, 2019

မြန်မာအရေး အိုင်စီစီသို့ လွှဲပြောင်းပေးရန် ကုလအဖွဲ့ဝင် နိုင်ငံအချို့ တောင်းဆိုချက်ကို ပြင်းထန်စွာကန့်ကွက် ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းပြောကြား

7Day Daily News
By ထက်အာကာကျော်
Tuesday, November 5, 2019
ကုလသမဂ္ဂအထွေထွေညီလာခံ (၂၆)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ရှင်းလင်းနေစဉ် (ဓာတ်ပုံ −    MOFA)
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာအရေးကိစ္စ ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင် ရာ တရားရုံး (ICC) သို့ လွှဲပြောင်း ပေးရန် တောင်းဆိုမှုများကို မြန် မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးဟောက်ဒို ဆွမ်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

Thursday, October 31, 2019

ဘက်မလိုက် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောစကားကို မြန်မာ ကန့်ကွက်

ဧရာဝတီ
 By ဧရာဝတီ
30 October 2019
ကော့စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတခုအတွင်း ရိက္ခာတန်းစီနေကြစဉ် / Reuter
 
ရခိုင်ပြည်နယ်ပြဿနာကို လူမျိုးစုသုတ်သင်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဘာကူးတွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု (NAM) ဝန်ကြီးအဆင့်အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောကြားခဲ့ခြင်း ကို နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ကန့်ကွက်လိုက်သည်။

Saturday, October 26, 2019

ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင် ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂ လားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၏ သုံးနှုန်းပြောကြားချက်ကို မြန်မာကန့်ကွက်

ELEVEN
26 October 2019
မင်းနိုင်စိုး
Politics
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေမှုကို တွေ့ရစဉ် (Photo: MOFA)

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း သို့မဟုတ် လူမျိုးသုဉ်းသတ် ဖြတ် ခြင်းဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ သုံးနှုန်းပြောကြားချက်အား ပြင်းပြင်းထန်ထန်ကန့် ကွက် ကြောင်း  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေး ဖိနှိပ်မှုပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ ထို့ပြင် သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံ ဖော်နေကြသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေ ခြင်းလည်း မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

Thursday, October 24, 2019

NLD အစိုးရလက်ထက် မြန်မာနဲ့ ကုလ ဆက်ဆံရေး (တိုက်ရိုက်လေလှိုင်းဆွေးနွေးပွဲ)

ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
23 အောက်တိုဘာ၊ 2019
သားညွန့်ဦး
နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီသီတင်းပတ်ထဲ မြန်မာအရေးနဲ့ပတ်သက်လို့ ဆွေးနွေးစရာတွေ ရှိနေပါတယ်။ ထူးခြားမှုကတော့ တချိန်က ဒီမိုကရေစီရေးပြောနေတဲ့ NLD ပါတီ အခု အစိုးရဖြစ်ချိန်မှာ ၊ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ မျက်နှာစာမှာ အတော် ဝေဖန်ခံနေရတာပါ။ ဒါကြောင့် အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂဆက်ဆံရေးကို သုံးသပ် ဝေဖန်ထားပါတယ်။
မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာနိုင်အောင်နဲ့ နိုင်ငံရေးစာရေးဆရာ သတင်းစာဆရာ ဦးသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။


Link : Here

Saturday, October 19, 2019

မြန်မာကို ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ဂျာမဏီကို ဘင်္ဂလား ဒေ့ရှ် တိုက်တွန်း

VOA  
19 အောက်တိုဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးအတွက် ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန်ကြီးက ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းလိုက်ပါတယ်။

“သူတို့ကိုပြန်ခေါ်မယ်လို့ မြန်မာနိုင်ငံက ကတိပေးထားတာ နှစ်နှစ်နီးပါးရှိပါပြီ။ အကြောင်းမလှစွာဘဲ ဒီကနေ့ အချိန်ထိ ရိုဟင်ဂျာတယောက်ကိုမှ သူတို့နိုင်ငံကို ပြန်မခေါ်သေးပါဘူး။ သူတို့လူတွေကို ပြန်ခေါ်ရေး မြန်မာ  နိုင်ငံအပေါ် ဖိအားပေးဖို့ ဝန်ကြီးကို ကျနော်တို့ ပန်ကြားချင်ပါတယ်။”

Wednesday, September 11, 2019

IIMM ကုလစုံစမ်းစစ်ဆေးရေးယန္တရား မြန်မာအစိုးရလက်မ ခံပယ်ချ

VOA
ဗွီအိုအေမြန်မာပိုင်း
11 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
 ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း
IIMM မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား အဖွဲ့ ရဲ့ လုပ်ငန်းစဉ်တွေဟာမြန်မာနိုင်ငံရဲ့ အချုပ် အခြာ အာဏာကို ဝင်ရောက်စွက်ဖက်နေတဲ့ အတွက် မြန်မာအစိုးရက လုံးဝလက်မခံတဲ့ အပြင် နိုင်ငံတကာခုံရုံးတရားစီရင်မှုကိုလည်း လက်သင့်ခံ မှာမဟုတ်ဘူးလို့ စက်တင်ဘာလ (၁၀)ရက်နေ့က ပြုလုပ်တဲ့ ဂျီနီဗာလူ့အခွင့် အရေးကောင်စီ ညီလာခံမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Monday, September 9, 2019

နိုင်ငံတကာဖွဲ့စည်းလုပ်ဆောင်မှုတွေ မြန်မာပူးပေါင်းဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း
09 စက်တင်ဘာ၊ 2019
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet
 
မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အနေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (UNFFM) ရဲ့ အားကောင်းလှတဲ့ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်တဲ့အနေနဲ့ ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရေး မှုခင်း ဖြစ်ရပ်တွေကို စုဆောင်းသွားတော့မှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသ မ ဂ္ဂမဟာမင်းကြီး Michelle Bachelet က ပြောပြီး မြန်မာအစိုးရကိုလည်း အခုလို တိုက်တွန်းသွားပါတယ်။

Wednesday, August 7, 2019

စစ်တပ်စီးပွားရေးကို ပိတ်ဆို့ရေး အကြံပြုချက် မြန်မာ နိုင်ငံခြားရေးရုံး ဆန့်ကျင်

B B C
ဘီဘီစီ မြန်မာပိုင်း
6 ဩဂုတ် 2019
မြန်မာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ၊ စစ်တပ်ကို ကူညီထောက်ပံ့နေတဲ့ မြန်မာပြည်တွင်းက စီးပွားရေး ကုမ္ပဏီကြီးတွေ အပေါ် ပိတ်ဆို့ အရေးယူဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အ ချက်အလက် ရှာဖွေရေး မစ်ရှင် FFM ရဲ့ အစီရင်ခံစာကို မြန်မာ နိုင်ငံခြားရေးရုံးက အသိအမှတ်မပြု ကြောင်း ကြေညာ ထုတ်ပြန် ပါတယ်။

Wednesday, July 31, 2019

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ၊ အကြီးအကဲ၏ ပြော ကြား ချက်အပေါ် ကန့်ကွက်

 နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၃၁-၇-၂၀၁၉ ရက်၊

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ၃၁-၇-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၅၀၀)နာရီ အချိန်တွင် နေ ပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

Wednesday, May 22, 2019

ဒုက္ခသည်တွေနဲ့လူမှုအဖွဲ့တွေ တင်ပြချက် မြန်မာ အစိုးရနဲ့ ဆွေးနွေးမယ်လို့ မဟာမင်းကြီးပြော

RFA 
လြတ္လပ္တဲ့ အာရွအသံ   
2019-05-22
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ကို စစ်တွေမြို့မှာ ၂၀၁၉ မေ ၂၂ ရက်နေ့က တွေ့ရစဉ်
                                                                        Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ လုံခြုံတဲ့ အမိုးအကာရရှိရေးကိစ္စ အပါအဝင် လူသားချင်း စာ နာမှုဆိုင်ရာ အထောက်အပံ့တွေ အပြည့်အဝ ရရှိရေးအတွက် ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့ တွေနဲ့ ဒုက္ခ သည်တွေရဲ့ တင်ပြချက်ကို မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာမဟာမင်းကြီး Mr.Filippo Grandi က သူရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောခဲ့ပါ တယ်။

Tuesday, April 30, 2019

မြန်မာကိုစစ်လက်နက်ရောင်းချမူဒဏ်ခတ်တဲ့ EUသက်တမ်း တိုးမှု အပေါ်အမြင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2019
မသိင်္ဂီထိုက်
ဥရောပ သမဂ္ဂ EU က လက်နက်ရောင်းချခွင့် အပါအဝင် မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ၁ နှစ်ထပ်ပြီး သက် တမ်းတိုးလိုက်ပါတယ်။ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ရုရှား လက်နက် စက်ရုံတွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ် အပြီး ရက်ပိုင်း အတွင်းမှာ ဘဲ ဥရောပ သမ ဂ္ဂက စစ်လက်နက်ဆိုင်ရာ ဒဏ်ခတ်မှုကို တနှစ်သက်တမ်း ထပ်တိုးလိုက်တာပါ။ EU ရဲ့ မြန်မာ အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်မှုက မြန်မာ စစ်တပ်ကို အထိနာစေပါ့မလားဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Sunday, March 24, 2019

မြန်မာ့လူ့အခွင့်အရေး စိုးရိမ်ကြောင်း ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

VOA
ကိုအောင်လွင်ဦး
မြန်မာပိုင်း၊ 23 March'2019
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (မတ်၊ ၂၂၊ ၂၀၁၉)
 မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မဲခွဲအတည်ပြုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုး aဖာက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ် စား လှယ် တာဝန်ကိုလည်း ဆက်လက်သက်တမ်းတိုးဖို့ မနေ့တုန်းကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြ ပေးမှာ ဖြစ်ပါတယ်။

Thursday, March 21, 2019

ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာ ကန့်ကွက်

B  B  C 
ဘီဘီစီ မြန်မာပိုင်း
2019 March'21 
 
ဓာတ်ပုံ မူပိုင် Reuters

ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်း ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာဟာ တဖက်သတ် ဖော်ပြထားချက်တွေ ဖြစ်တယ်လို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထောက်ပြ ပြောကြားလိုက်ပါ တယ်။

Monday, March 4, 2019

ရိုဟင်ဂျာအတွက် Safe Zone နောက်ဆုံးမှာ တရုတ်သဘောတူ လိုက်ပြီ (ပူးတွဲ ကန့်ကွက်စာများ)

ရိုဟင်ဂျာများမိမိဌာနေသို့ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် လုံခြုံဘေးကင်းရာဇုံ နယ်မြေကို ရခိုင်ပြည်နယ် အတွင်းထူထောင်ရေးအတွက် တရုတ်က နောက်ဆုံးတွင်သဘောတူညီလိုက်သည်။

မြန်မာပြည်အတွင်း safe zone ထူထောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အစဉ်တစိုက်တောင်းဆို ခဲ့ပြီး မြန်မာအစိုးရကမူ safe zone ကိုနိုင်ငံတကာကအုပ်ချုပ်မည်ဖြစ်သည့်အတွက် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကိုထိခိုက်စေသည်ဆိုကာအစဉ်တစိုက်ကန့်ကွက်ခဲ့သည်။

အိုင်စီစီရှေ့နေချုပ် မစ္စဖာတူ ဘန်ဆူဒါ သည် ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ လာရောက်မည်ဟူသည့် သ တင်း နှင့်အတူ တရုတ်၏မြန်မာအပေါ် သစ္စာဖောက်မည်ဟူသည့်သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Safe Zone မှာ တရုတ်နှင့်ကုလား ခြယ်လှယ်မှာစိုး

 ရခိုင်မြောက်ပိုင်းတွင်ထူထောင်မည့် safe zone အားတရုတ်၊အိန္ဒိယ နှင့် အာဆီယံတို့ကို မအုပ်ချုပ်စေလို
ဘဲ ယူအက်စ်၊ကနေဒါ၊အီးယူနှင့် အာဆီယံတို့သာကြီးကြပ် စေလိုကြောင်းဆန္ဒပြု သံများပေါ်ထွက်လာသည




Saturday, March 2, 2019

ဒုက္ခသည်ပြန်လာရေး ဘင်္ဂလား-မြန်မာ သဘောတူ ညီချက် လိုက်နာဖို့လို

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်၊
02 မတ်၊ 2019
လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း

ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကို အပြစ်ပုံချနေတာကများပြီး အဲ ဒီအစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ဖို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂နိုင်ငံ သဘောတူညီ ချက်တွေ အတိုင်း တိကျစွာလုပ်ဆောင်ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက် ပါ တယ်။ 

Wednesday, February 27, 2019

လူ့အခွင့်အရေးဝေဖန်ခံရမှု မြန်မာအစိုးရ ကုလမှာ ကာကွယ်ပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်၊
 27 ဖေဖော်ဝါရီ၊ 2019
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်

 ရိုဟင်ဂျာ မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး စနစ်နဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ ကို ပယ်ချကြောင်းနဲ့ ဒီကိစ္စကို မြန်မာနိုင်ငံ အနေနဲ့ တာဝန်ယူ ဖြေရှင်းနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အ ကြိမ် (၄၀) မြောက် အစည်းအဝေး အတွင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်း စဉ်ကို ဦးစားပေး ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်း ပဋိပက္ခတွေ ဖြေရှင်းဖို့ အတွက် ဖွံ့ဖြိုးရေးက အရေးကြီးတယ်လို့လည်း ထောက်ပြသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Sunday, February 24, 2019

မြန်မာ့လူ့အခွင့်အရေး EU လေ့လာအကဲခတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဖေဖော်ဝါရီ၊ 2019
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် အကဲ ဖြတ်တဲ့ EU ဥရောပသမဂ္ဂအဖွဲ့တွေရဲ့ မြန်မာပြည် ခရီးစဉ် ပြီးဆုံး သွားပါပြီ။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ မြန်မာ ပြည်ကို သွားရောက်လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ ဥရောပ သမဂ္ဂရဲ့ ပြည် ပရေးရာဌာနက အဆင့်မြင့်အရာရှိတွေရဲ့ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဥရောပကိုပြန်ရောက်လာပါပြီ။

Wednesday, February 20, 2019

ကရင်ဒုက္ခသည် ၁၀၀ ကျော် နေရပ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
မအေးအေးမာ ၊20 ဖေဖော်ဝါရီ၊ 2019

ဖေေဝေါရီလ ၂၀ရက်နေက နေရပ်ပြန်တဲ့ဒုက္ခသည်များ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနကြတဲ့ ဒုက္ခသည်တွေထဲက ၁၀၀ ကျော်ဟာ ဒီရက်ပိုင်းအတွင်း မှာပဲ နေရပ်ကို ပြန်နေကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက် နေရပ်ရင်း ပြန်ချင်ရင် ပြန်နိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင် ဌာနတွေ ဖွင့်လှစ်ထားပြီး နေရပ်ပြန်ချင်သူတွေ စာရင်းပေး သွင်းနိုင် တယ်လို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာပဲ ဒီရက်ပိုင်း ပြန်ဖို့စာရင်းပေးသူ ၅၀၀ ကျော် ရှိခဲ့ တယ်လို့ ကရင်ဒုက္ခသည် ကော် မတီက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေး မာက သတင်းပေးပို့ထားပါတယ်။

Monday, February 11, 2019

ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှု တားဆီးရေး ကုလ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၁ ဖေဖော်ဝါရီ၊ ၂၀၁၉ 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာပက်တန် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ (MOI)
 
 ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ဖြေရှင်းရေး နဲ့ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ ကတိပြု ထားတာတွေကို အခိုင်အမာဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စား လှယ်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကာ ကွယ်ရေး ဆိုင်ရာ ဥပဒေကြမ်းကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ အမြန်ဆုံးအတည်ပြုပေးဖို့ကိုလည်း သူမက တိုက်တွန်းလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */