" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 6, 2020

လုံခြုံရေးကောင်စီမှာ မြန်မာဘက်ကရပ်ခဲ့တဲ့ တရုတ်နဲ့ ဗီယက်နမ်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
2020.02.05

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး။
Photo: AFP

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေ ဆောင်ရွက်ဖို့ အမိန့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

အဲဒီအစည်းအဝေးမှာ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်ရာ ရောက်စေနိုင်မဲ့လုပ်ရပ်တွေကို ဟန့် တားနိုင်အောင် မြန်မာအစိုးရကို တိုက်တွန်းဖို့ ကြေညာချက်ထုတ်ရေးအတွက် ဆွေးနွေးကြရာမှာ မြန်မာနဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံတွေက ကန့်ကွက် ခဲ့ကြပါတယ်။

ICJ ဆုံးဖြတ်ချက် မြန်မာလိုက်နာရေး လုံခြုံရေးကောင်စီမှာ သဘောတူညီချက်မရတဲ့အပေါ် HRW လူ့အ ခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှုး Phil Robertson က...
“ ဒါကမြန်မာအတွက် ICJ ဆုံးဖြတ်ချက်အပေါ် ဘာမှ သက်ရောက်မှုမရှိပါဘူး။ မြန်မာအနေနဲ့ ICJ က ဆုံး ဖြတ်ချက်တွေကို လိုက်နာပြီး လုပ်ဆောင်ရမယ့်ကိစ္စ အပြောင်းအလဲ မရှိနိုင်ပါဘူး။ တရုတ်က မြန်မာဘက် က ရပ်တည်လို့ မြန်မာအစိုးရအနိုင်ရပြီလို့လည်း ထင်လို့မရပါဘူး" လို့ပြောပါတယ်။

ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကလည်း မနေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာ့အရေး သဘောတူညီချက်မရခဲ့တာနဲ့ ပတ်သက်ပြီး ....

“ ICJ ရဲ့ Provisional Measures ဆိုတဲ့ ဆောင်ရွက်ချက်တွေဟာ အကောင်းဘက်ကနေ ရှုမြင်ရင် တိုင်းပြည် ရဲ့ ပုံရိပ်ကိုအဖတ်ဆည်ဖို့အတွက် အခွင့်အရေးတခုလေ။ ပြည်တွင်းမှာ မှားယွင်းနေတဲ့ ကိစ္စတခုကို ပြန်လည် ပြီးတည့်မတ်အောင် မှန်ကန်အောင်လုပ်နိုင်တဲ့အခွင့်အရေးတခုလေ၊ ကုလသမဂ္ဂမှာ ထောက်ခံတာ ကန့် ကွက် တာတွေကတော့ သံခင်းတမန်ခင်းအရ တရုတ်တို့ ရုရှားတို့က အမြဲတမ်း အနောက်တိုင်းနိုင်ငံတွေနဲ့ ဆန့်ကျင်တဲ့သဘောရှိတယ်လေ။ မြန်မာနဲ့ မဟာမိတ်ကိုလည်း ပြချင်တဲ့သဘောရှိတာပေါ့” လို့ရှုမြင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကတော့ ....

“ ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်ထားတဲ့ ကြားဖြတ်ဆောင်ရွက်ချက်တွေဟာ ကျနော်တို့ နဂိုထဲက ဆောင် ရွက်ပြီးသားဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ အထူးတလည်ဆောင်ရွက်ရမှာမဟုတ်ပါဘူး။ ကျနော်တို့ ဒီဟာ ကို လေးလ တခါ ခြောက်လ နေတခါ အစီရင်ခံရမှာပဲ ထူးခြားတာရှိပါတယ်။ အခုလို မိတ်ဆွေနိုင်ငံတွေက ကုလသမဂ္ဂအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်သုံး ဆောင်ရွက်မှာကို ကန့်ကွက်ပေးတဲ့အတွက် မြန်မာနိုင်ငံအဖို့ ပြည် တွင်းမှာ အခြေအ နေတွေကောင်းလာအောင် ကျနော်တို့ ပြင်ဆင်ဖို့ အချိန် ပိုရှိပါတယ်။ ကျနော်တို့ ကြိုဆို ပါတယ်” လို့ RFA ကို ပြောပါတယ်။

တပ်တော်အငြိမ်းစားအရာရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ...

“ တပ်မတော်က ဒါနဲ့ပတ်သက်ပြီး အရေးယူမယ်ပြောပြီးပြီ။ အရင်ကလဲ ကျူးလွန်တဲ့သူတွေ၊ ကျူးလွန် တယ် လို့ သိတဲ့သူတွေကို အရေးယူခဲ့တယ် ။ ခုလည်း လုပ်နေတယ်။ ဒါကြောင့် ဒီ ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒီ့ထက်ပိုအရေးယူစရာမရှိပါဘူး” လို့ပြောပါတယ်။

ICJ က မြန်မာအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်စီမံချက်ကို မြန်မာအစိုးရဆောင်ရွက်ဖို့ တိုက်တွန်းရေး ကုလ သမ ဂ္ဂလုံခြုံရေးကောင်စီက မနေ့ကဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ မရခဲ့တာနဲ့ ပတ်သက်ပြီး အမြင်သ ဘော ထားတွေ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */