" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 23, 2024

ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်းများမှ နေရပ်စွန့်ခွာ တိုက်ပွဲရှောင် အိမ်ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့

ပေါ်ပြူလာဂျာနယ်
Popular Journal
April 23, 2024 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်း (၃) ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာအိမ် ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြော င်း န.စ.က. သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ (၂၂) ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့ရှိ အမှတ် (၁)အခြေ ခံပညာ အထက် တန်းကျောင်း၌ ပြုလုပ်ရာ နယ်မြေခံ တပ်နယ်မှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ တာ ဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စုအတွက် ဆန်အိတ် ၁၀၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဧပြီလ (၁၇) ရက်က ဖြစ်ပွားခဲ့သည့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရမှုကြောင့် ဘူးသီးတောင် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေကြရခြင်းဖြစ်ပြီး အဆိုပါဖြစ် စဉ်ပေါ်အခြေခံကာ လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးပုံဖော်မှုများ ရှိနေခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးဘက်မှ ထုတ်ပြန်ရာတွင် အိမ်ခြေ (၅၀) မီးလောင်ဆုံးရုံးခဲ့ကြောင်းသာ ပြောဆိုထားသော်လည်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် သတင်းဌာနများ၏ ဖော်ပြချက်တွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရုံးခန်းအပါအ ဝင် အိမ်ခြေ (၂၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဖော် ပြကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */