" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 8, 2020

မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်သစ် တာဝန်စတင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 မေ၊ 2020 

ျြမြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန် လွှတ်တော် အမတ်ဟောင်း Thomas H. Andrews (ဓာတ်ပုံ - UNHCR's Screen Shot)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အမေရိကန်လွှတ်တော် အမတ်ဟောင်း Thomas H. Andrews ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားပါတယ်။

SEE ALSO:

ပါမောက္ခ ယန်ဟီးလီ တာဝန်ထမ်းဆောင်မှု နောက်ဆုံးနေ့ နှုတ်ဆက်စကား

မကြာခင်က တာဝန်သက်တမ်းပြီးဆုံးသွားတဲ့ ပါမောက္ခ Yanghee Lee ရဲ့ နေရာမှာ သူ့ကို တာဝန်ပေးလိုက် တာပါ။ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ Maine ပြည်နယ်ကိုယ်စားပြုအမတ်အဖြစ် ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းခဲ့သူ Thomas H. Andrews ဟာ Andrews Strategic Services ဆိုတဲ့ ဝါရှင်တန်မြို့တော်အခြေစိုက် အတိုင်ပင်ခံလုပ် ငန်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး ဆောင် ရွက်တဲ့ National Democratic Institute (NDI) အဖွဲ့အစည်းအတွက် Cambodia, Indonesia, Algeria, Croatia, Serbia, Ukraine နဲ့ Yemen နိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများက လွှတ်တော်အမတ်တွေ၊ NGO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အ လုပ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ ကုလသ မဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma” နိုဘယ်ငြိမ်းရေးဆုရှင်များရဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့မြန်မာပြည်သူများအရေး စုပေါင်းလှုပ်ရှားမှုအဖွဲ့မှာ ၂၀၀၁ ခုနှစ်က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဝေး ရောက်ညွှန့်ပေါင်းအစိုးရ NCGUB နဲ့ Euro-Burma Network ကွန်ယက်အဖွဲ့တွေအတွက်လည်း အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူး ပါ တယ်။

Win Without War နဲ့ United to End Genocide စတဲ့ NGO အဖွဲ့တွေမှာလည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့ သူဖြစ်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့က တာဝန်သက်တမ်းပြီးဆုံးသွားတဲ့ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee ရဲ့နေ ရာမှာ အထူးကိုယ်စားလှယ်သစ်အဖြစ် Thomas H. Andrews တာဝန် စတင်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */