" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 24, 2020

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှုအတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
နိုင်ငံတကာတရားရုံး (ICJ).

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့ မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။
ICJ ပို့မယ့် မြန်မာအစီရင်ခံစာ ဘာတွေပါသင့်သလဲ 
 
မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့ ICJ ရဲ့ ကြားဖြတ် စီမံ ချက် ၄ ချက်ကို ဘယ်အတိုင်းအတာထိ အကောင်အထည် ဖော်ထားသ လဲ ဆိုတာနဲ့ ပတ်သက်လို့ တင်ပြရ မယ့် အစီရင်ခံစာကို မေလ ၂၃ ရက် စနေ နေ့မှာ တင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်း အေးက ဗွီအိုအေကို ပြောပါ တယ်။

"ဒီကနေ့ ၂၃ အပြီးသတ်တင်တာပါ။ ကျနော်က အဲဒီကိစ္စ ပြောခွင့်မရှိပါဘူး။ ကောင်းတာကတော့ ICJ ရဲ့ ထုတ် ပြန်ချက်တွေကိုပဲ စောင့်ကြည့်တာ ကောင်းပါတယ်။ ကျနော်သိသလောက်ကတော့ တချို့ဟာတွေက ICJ က Confidential ထားတာရှိတယ်။ အဲဒီလို လျှို့ဝှက်ထိန်းသိမ်းထားတာကို သူက ထုတ်ပြန်လိုက်တဲ့ အချိန်ဆိုရင် သိလာရမယ်။ ဒါတွေက လုပ်ထုံးလုပ်နည်းတွေ ကြောင့်လည်း ပါပါတယ်။ ကျနော် မပြောသေး ဘူး ဆိုတာက လေ။"

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင် ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ တရားစွဲခဲ့ပြီး ဒီဇင်ဘာလ အပြန်အလှန် ကြားနာမှုတွေအပြီးမှာ မြန်မာနိုင် ငံဘက်က ကြားဖြတ်စီမံချက် ၄ ချက်ကို လိုက်နာဆောင်ရွက်ရမယ်လို့ ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်မှာ ICJ က ချမှတ်ခဲ့တာပါ။

ဇန်နဝါရီကနေ မေလ ၄ လတာ ကာလအတွင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က အပြု သ ဘောဆောင်တဲ့ လုပ်ဆောင်ချက်တချို့ ရှိခဲ့ပေမယ့် တကယ်တမ်း ပြဿနာပြေလည်ရေးအတွက် လုံ လောက် မှု မရှိသေးဘူးလို့ မြန်မာနိုင်ငံပေါ် တရားစွဲထားတဲ့ ဂမ်ဘီယာ တရားရေးအဖွဲ့မှာ အကြံပေးအဖြစ် လည်း ပါဝင်တဲ့ Arakan Rohingay Union (ARU) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝါကာအူဒင်က ပြောပါတယ်။

"မြန်မာအစိုးရက နည်းနည်းပါးပါးလုပ်ရုံနဲ့ မလုံလောက်ပါဘူး၊ အများကြီး လုပ်စရာ ရှိပါတယ်။ ဒီပြဿနာ တွေ ဘာဖြစ်လို့ဖြစ်တာလဲ ရခိုင်ပြည်မှာ။ ပြဿနာက အကြီးကြီး Genocide (လူမျိုးတုံးသတ်ဖြတ်မှု) ပါ။ ကျ နော် ထင်တယ် သူတို့က ဝန်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က အမုန်းစကား မပြန့်ပွားအောင် လုပ် နေပါ တယ်။ နောက်ပြီး ရခိုင်တွေ ကျူးကျော်တာကို တားဆီးဖို့ မောင်းထုတ်ဖို့အတွက် လုပ်နေပါတယ်။ ပြီး တော့ ကျ နော်တို့က ကျောက်ဖြူမှာ IDP နဲ့ပတ်သက်လို့ ဘာညာလုပ်နေပါတယ်။ ပြီးတော့ မြန်မာအစိုးရက ICJ ကို လိုက် နာမယ်ဆိုတဲ့အကြောင်း၊ ICJ နဲ့ ပူးပေါင်းပြီးတော့ လိုက်နာဖို့အတွက် လုပ်နေပါတယ်ဆိုတာ ဥပမာပေးပြီးတော့ အဲဒီအစီရင်ခံစာကို ရေးမယ်ထင်ပါတယ်။"
 
ICJ က ဇန်နဝါရီလကတည်းက အမိန့်ချခဲ့တာဖြစ်ပေမယ့်မြန်မာအစိုးရ က ချက်ချင်း အကောင်ထည်ဖော် လုပ်တာမျိုးမရှိဘဲ ၂လလောက်ကြာ မှ သမ္မတရုံးရဲ့ အမိန့်တချို့ ထွက်လာတာလို့ ဒေါက်တာ ဝါကာအူဒင်က ထောက်ပြပါတယ်။ အဲဒီလို ကာလအ တွင်း မှာ အစိုးရတပ်က မောင်တောမှာရှိတဲ့ တရားရုံးဆိုင်ရာ သက်သေ ခံ အထောက်ထားတချို့ကို ဖျက်ဆီးပစ် ခဲ့တယ်လို့ ဒေါက်တာ ဝါကာအူဒင်က စွပ်စွဲ ပြောဆိုပါတယ်။

"ဧပြီလ ၈ ရက်နေ့မှာ သမ္မတရုံးက ကြေညာချက် ထုတ်ပါတယ်။ အထောက်အထားတွေကို စောင့်ရှောက် ဖို့အ တွက် လိုက်နာဖို့အတွက်။ ဒါပေမယ့် ICJ ရဲ့ ကြားဖြတ်ဆုံးဖြတ်ချက် ပေးတာက ဇန်နဝါရီလ ၂၃ ရက် နေ့၊ အဲဒါ ၂ လခွဲကြာမှ အဲဒီအမိန့်ထုတ်တော့ တော်တော် နောက်ကျသွားပါပြီ။ အဲဒီအတွင်းမှာ မြန်မာတပ်မ တော် က အများ ကြီး ဖျက်ဆီးလိုက်တယ်။”

ICJ က ကြားဖြတ်အမိန့် ထုတ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံက လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် (ICOE) က လည်း ဖေဖော်ဝါရီလထဲမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၂၀၁၇ စစ်တပ်ရဲ့ နယ်မြေရှင်း လင်းရေး ဖြစ်စဉ်အတွင်း ချွတ်ပြင်ရွာနဲ့ မောင်နုရွာတွေမှာ လူရာဂဏန်း အသတ်ခံရတယ်လို့ ဖော်ပြခဲ့ပါ တယ်။ အဲဒီကိစ္စကို တာဝန်ယူ စစ်ဆေးသွားမယ်လို့ ဖေဖော်ဝါရီ လကုန်ပိုင်း တပ်မတော်ဘက်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ICJ အစီရင်ခံစာအတွက် အစိုးရညွှန်ကြားချက်အတိုင်း ဆောင် ရွက်နေ - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

ဒီအတောတွင်း ICJ အမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက် သွားမှာဖြစ် ကြောင်း တပ်မတော်က သတင်းစာရှင်း လင်းပွဲတွေမှာ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက လည်း ရိုဟင်ဂျာ ၈၀၀ လောက်ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတဲ့ ဒုက္ခသည် တွေ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ဖို့ UNHCR/UNDP ကုလသမဂ္ဂ အဖွဲ့ တွေနဲ့ လက်တွဲဆောင်ရွက်ရေး နောက်ထပ် သက်တမ်းတနှစ် တိုးထားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက် ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ICJ တရားရုံးက ချမှတ်ထားတဲ့ မြန်မာအစိုးရ လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်စီမံချက် ၄ ချက်ထဲမှာ တော့ ၁၊ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့၊ ၂၊ မြန်မာ့တပ်မတော်နဲ့ လက်နက် ကိုင်တပ် ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှု မလုပ်ဖို့၊ ၃၊ သက်သေအထောက်အထားတွေ မပျောက်ပျက် အောင် ထိန်းသိမ်း ထားဖို့၊ ၄၊ အမိန့်ချမှတ်တဲ့ နေ့ကစပြီး ၄ လအတွင်း မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်း ဖို့နဲ့ အဲဒီနောက်ပိုင်း ဒီအမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ၆ လတခါ အစီရင်ခံစာ တင်သွင်းရေး ဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */