" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ယာဉ်တန်း. Show all posts
Showing posts with label စစ်ယာဉ်တန်း. Show all posts

Saturday, February 8, 2020

ရခိုင် ပြည်နယ် မြို့တော် စစ်တွေ အနီးမှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ တပ်မတော် အတည်ပြု


B B C
ဘီဘီစီ မြန်မာပိုင်း
 2020.02.08
 စစ်ယာဉ်တန်း မိုင်းဆွဲ ခံရမှုက မြို့တော် စစ်တွေနဲ့ တစ်မိုင်သာသာ ဝန်းကျင် မှာ ဖြစ်ခဲ့


ရခိုင်ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်၊ အစိုးရရုံးစိုက်ရာနေရာလည်းဖြစ်တဲ့ စစ်တွေမြို့ရဲ့ တစ်ဖက်ကမ်း ကျေးတောပိုက်ဆိပ်ကျေးရွာနဲ့ ရွှေမင်းဂံ ကြားမှာ ဖေဖော်ဝါရီ ၈ ရက် စနေနေ့မနက်ပိုင်း ၁၁ နာရီလောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပြီး ဒါဟာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရတာလို့ တပ်မတော်ဘက်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

Thursday, November 14, 2019

ကျောက်တော်မှာ စစ်ယာဉ်တန်း မိုင်းခွဲခံရလို့ တပ်ရင်းမှူး ကျဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
14 နိုဝင်္ဘာ 2019

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်က ကျောက်တော်က တပ်ရင်းမှူး တစ်ဦး မိုင်းခွဲ တိုက်ခိုက်ခံရပြီး ကျဆုံးသွားတယ်လို့ ရခိုင်က ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။

မိုင်းခွဲခံရတဲ့နေရာဟာ ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာထိပ် တံတားအနီးမှာ ဖြစ်ပြီး တပ်ရင်းမှူး အပါ အဝင် စစ်သည် အနည်းဆုံး သုံးယောက်လည်း ကျဆုံးသွားတယ်လို့ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */