" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 29, 2019

ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကုလအဆိုကို မြန်မာအစိုးရ အပြင်းအထန် ကန့်ကွက်

B B C
ဘီဘီစီ မြန်မာပိုင်း
2019-12-29
  ရိုဟင်ဂျာတွေဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတယ်လို့ ကုလက ပြောပါတယ်။

 ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ရှုတ်ချကြောင်း အဆိုတစ်ရပ်ကို မြန်မာအစိုးရကိုယ်စားလှယ်က အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

ကုလဌာနချုပ်မှာ ဒီဇင်ဘာ ၂၇ ရက်က ကျင်းပတဲ့ ၅၂ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ တတိယကော် မတီ အဲဒီအဆိုမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး မြန်မာအစိုးရကန့်ကွက်ပေမယ့်အဆိုကိုမဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အဆိုကို မဲမခွဲခင်မှာ မြန်မာအစိုးရရပ် တည် ချက်ကို ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရှုပ်ထွေးတဲ့ရခိုင်ကိစ္စကို လွဲမွားစွာ ပုံဖော်ထားပြီး ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် လက်တွေ့ကျတဲ့နည်း လမ်းမဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ပြည်သူတွေ ကြိုးစားဆောင်ရွက်နေတာကို အသိအမှတ်မပြုဘဲ မြေပြင်အခြေအနေတွေကို မသိ ကျိုးကျွံပြုထားတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ဒီအဆိုမူကြမ်းဟာ ဒေသတွင်း မတူညီတဲ့အသိုက်အဝန်းတွေကြား အနိုင့်အထက်ပြုမှုနဲ့ ယုံကြည်မှု ကို ပျက်ပြားစေဖို့ အားပေးအားမြှောက်ပြု တယ်လို့ သူက ဆက်ပြောပါတယ်။

ရိုဟင်ဂျာတွေက တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ခွင့်အပါအဝင် အချက် ၃ ချက်တောင်းဆိုပြီး မြန်မာအစိုးရကတော့ နိုင်ငံသားဖြစ်ခွင့်ဥပဒေအတိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသရဲ့ထိရှလွယ်တဲ့ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေကိုပါ ဆုတ် ယုတ်ပျက်ပြားစေတဲ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာကြား သဘောထားပိုမိုကွဲလွဲစေ တဲ့အဆိုမူကြမ်းလို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ဒေသကအသိုက်အဝန်းတွေကြား ဆင်းရဲမှု၊ မလုံခြုံမှု၊ မလိုမုန်းတီးမှု၊ ယုံကြည်မှု ကင်းမဲ့မှုနဲ့ အကြောက်တရားလွှမ်းမိုးမှုတွေကို ကုစားဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒါပေမဲ့လည်း အဆိုကို ညီလာခံက မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲများတဲ့အတွက် အဆိုအတည် ဖြစ် ခဲ့ပါတယ်။
မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂစင်မြင့်မှာ မကြာခဏ ဆွေးနွေးမှုတွေရှိပြီး အဆို တွေကိုမဲခွဲဆုံးဖြတ်အတည်ပြုတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေကို ကာယကံရှင်နိုင်ငံက လိုက်ပါအ ကောင် အထည်ဖော်ဖို့မဖော်ဖို့အတွက် ဥပဒေအရ သတ်မှတ်ချက်မရှိပေမယ့် နိုင်ငံရေးနဲ့ သံတမန်အရေး အရ သက်ဆိုင်ရာနိုင်ငံကို ဖိအားပေးတဲ့သဘောဖြစ်ပါတယ်။

လက်ရှိမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး တရားရုံးအဆုံးအဖြတ်ကို နှစ်ဖက် စောင့်နေရချိန်ဖြစ်ပါတယ်။

ဒါကြောင့်ဒီအဆိုဟာ တရားသူကြီးတွေထည့်သွင်းစဉ်းစားမယ့်အချက်တစ်ချက်ဖြစ်လာမှာကိုလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */