" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 14, 2019

အိုင်စီဂျေက ထုတ်ပြန်လိုက်တဲ့ မြန်မာဂမ်ဘီယာ နှစ်နိုင်ငံ တောင်း ဆိုချက်တွေက ဘာတွေလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
13 ဒီဇင်ဘာ 2019
အမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့ မြန်မာဘက်က တောင်းဆိုထား

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက ကြားနာမှုသုံးရက်တာအပြီးမှာ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီး အဲဒီမှာ ဂမ်ဘီယာက တောင်းဆိုတဲ့အချက် ၆ ချက်နဲ့ မြန်မာနိုင်ငံက တောင်းဆိုတဲ့အချက် ၂ ချက်တို့ကို ဖော်ပြထားပါတယ်။

  • ဂမ်ဘီယာကတောင်းဆိုတဲ့အချက်တွေက ဘာတွေလဲ
ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေအနေနဲ့ အင်မတန်မှအရေးကြီးတဲ့အတွက် လတ်တ လော အနေနဲ့ အောက်ဖော်ပြပါ လတ်တလောစီမံဆောင်ရွက်ချက်တွေကို ထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံပါတယ်ဆိုပြီး ခြောက်ချက်ကို တင်ပြခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒါတွေကတော့
ဂမ်ဘီယာက မြန်မာကို ကြားဖြတ်စီမံချက် ချမှတ်ပေးဖို့ အိုင်စီဂျေကို တင်ပြထားပါတယ်။
 

  (၁)  လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်လို့ ယူဆနိုင်တဲ့၊ ဂျီနိုဆိုက်လို့ ဦးတည်သွားစေနိုင်တဲ့ အရာအားလုံးကို မြန် မာ အစိုးရက ရပ်တန့်ပေးဖို့နဲ့ ရိုဟင်ဂျာတွေ ကို ဥပဒေမဲ့သတ်ဖြတ်တာ၊ ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက် တာ၊ အဓမ္မပြုကျင့်တာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ အိုးအိမ်တွေ နဲ့ရပ်ရွာတွေကို မီးရှို့ တာ၊ တိရစ္ဆာန်တွေနဲ့ မြေ ယာတွေကို မီးရှို့ဖျက်ဆီးတာ၊ အသက်ရှင်နေထိုင်ရေးအတွက် လိုအပ် တဲ့ အရာတွေကိုဖျက်ဆီးတာကို မလုပ်ဖို့  

(၂) မြန်မာစစ်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ တခြား လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကမဆို ဂျနိုဆိုက်ကို ထပ်မကျူး လွန်ဖို့၊ ဂျီနိုဆိုက်ကျူးလွန်ဖို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဖို့၊ ဂျီနိုဆိုက်ဖြစ်ရန်လှုံ့ဆော်တာ၊ ဂျီနိုဆိုက်မှာပါဝင်ပတ် သက်ခြင်းမရှိဖို့၊ ဥပဒေမဲ့စီရင်ခြင်းမပြုလုပ်ဖို့၊

(၃) မြန်မာက သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့၊ သက်သေခံပစ္စည်းတွေကို တခြားသူများ ကြည့်ရှုခွင့်၊ လေ့လာခွင့်မရအောင် မပြုလုပ်ဖို့

(၄) မြန်မာနဲ့ဂမ်ဘီယာတို့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်တဲ့ဆောင်ရွက်ချက်တွေကိုမှမပြုလုပ်ဖို့နဲ့ အခြေအနေကို ပိုဆိုးလာမယ့်ကိစ္စရပ်တွေကိုတွေ မပြုမလုပ်ဖို့

(၅) ကြားဖြတ်စီမံချက်တွေကို ချမှတ်ခဲ့လို့ရှိရင် လေးလအတွင်း နှစ်ဖက်နိုင်ငံက လုပ်ဆောင်ချက်တွေကို အစီရင် ခံ စာတင်ပြဖို့

(၆) မြန်မာဟာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် Fact-finding Mission နဲ့ တခြားကုလ အဖွဲ့ အစည်းတွေအားလုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေဖြစ်ပါတယ်။

  • မြန်မာဘက်က ဘာတွေတောင်းဆိုထားလဲ

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၂ ရက်က သူ့ရဲ့အပြီး သတ်လျှောက်လဲချက်မှာ အချက်နှစ်ချက် ကို တောင်းဆိုခဲ့ပါတယ်။ ဒီနှစ်ချက်ကို အိုင်စီဂျေတရားရုံးက အခုလို ထုတ်ပြန်ထားပါတယ်။

မြန်မာဘက်ကတောင်းဆိုတာကတော့

(၁) အမှုကို စာရင်းကနေ လုံးဝပယ်ဖျက်ဖို့နဲ့

(၂) မပယ်ဖျက်ပေးနိုင်ရင် ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့အမိန့်ကို မထုတ်ပေးဖို့ စတဲ့နှစ်ချက်ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေဥက္ကဋ္ဌတရားသူကြီးက ဒီဇင်ဘာ ၁၂ ရက် ကြားနာမှုတွေအပြီးမှာ တရားရုံး ဆုံးဖြတ်ချက်ကို လူထု တက်ရောက် နားထောင်နိုင်တဲ့တရားခွင်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ကြားနာမယ့်ရက်ကို သင့်တော်တဲ့အချိန်မှာ ကြေညာမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလိုကြားနာမှုအပြီးမှာ မြန်မာနိုင်ငံဘက်က လျှောက်လဲချက်တွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာက ပြင်းထန်တဲ့တုံ့ပြန်မှုတွေ ရှိလာခဲ့ပါတယ်။

အိုင်စီဂျေတရားရုံးရှေ့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုတွေရောကန့်ကွက်ဆန္ဒပြမှုတွေပါ ရှိခဲ့


ဒါပေမဲ့ အိုင်စီဂျေတရားသူကြီးတွေက နိုင်ငံတွေကို ကိုယ်စားပြုပြီး တရားစီရင်တာမဟုတ်တဲ့အတွက် တရားစီရင်ဆုံးဖြတ်တဲ့နေရာမှာ အဲဒီလို တုံ့ပြန်မှု တွေကို ထည့်သွင်းဆုံးဖြတ်ဖို့မရှိဘူးလို့ ဥပဒေပညာရှင် ပါမောက္ခ ဒေါက်တာမြင့်ဇံက ဘီဘီစီကိုပြောပါတယ်။ တုံ့ပြန်မှုဆိုတဲ့နေရာမှာ အခုလို တစ်ဖက်က ပြင်းထန်တဲ့တုံ့ပြန် မှုတွေရော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြပွဲတွေပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဘယ် တရားရုံးမှာပဲ ဖြစ်ဖြစ် တရား သူကြီးက ပြစ်မှု မြောက်တယ် မမြောက်ဘူး ဆိုတာကို Innocent until proven guilty (အပြစ်ရှိကြောင်း သက်သေ မပြနိုင်သရွေ့ အပြစ်မရှိဘူး) ဆိုတဲ့ အခြေခံနဲ့ စဉ်းစားရပြီး ပြစ် မှုကျူးလွန်ကြောင်းကို သံသယ လုံးဝမရှိတဲ့ အနေအထား Beyond reasonable doubt အထိ စွပ်စွဲသူဘက်က သက်သေပြနိုင်ဖို့ လိုတဲ့ အတွက် အခု အမှုမှာ ဂမ်ဘီယာဘက်က စွပ်စွဲချက် တွေက သံသယ ကင်းစေတဲ့ အထိ တင်ပြနိုင်ခဲ့မှုအပိုင်း အားနည်းချက်တွေ ရှိနေတယ်လို့ ဥပဒေ ပညာရှင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် က တော့ သုံးသပ်ပါတယ်။

သုံးရက်တာကြားနာပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်ရဲ့ တရားသူကြီးတွေကို မေးမြန်းချက်အရ ဒီအမှုဟာ လာမယ့်နှစ်ဇန်နဝါရီလဆန်းလောက်မှာ အဆုံးအဖြတ်ထွက်လာနိုင် ဖွယ်ရှိ တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ နယ်သာလန် အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီနဲ့လည်း တွေ့ဆုံပြီး မြန်မာကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ပတ်သက်လို့ ဆွေးနွေးဖွယ်ရှိ တယ်လို့ နယ်သာလန်တိုင်းမ်သတင်းက ဖော်ပြထားပါတယ်။

လတ်တလောမှာ မြန်မာကိုတရားစွဲထားတဲ့ ဂမ်ဘီယာကိုထောက်ခံဖို့ နယ်သာလန်နဲ့ကနေဒါနှစ်နိုင်ငံ ပူးတွဲပြီး ဒီဇင်ဘာ ၉ ရက်မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */