" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 2, 2020

ဂျီနိုဆိုက်နှင့် မြန်မာကို တွဲအမြင်မခံရစေရန် အတိုင်ပင်ခံ ကိုယ်တိုင် ထွက်ရှင်းရဟု သမ္မတရုံး ပြော

ဧရာဝတီ
သီဟလွင်
1 February 2020
ICJ တရားရုံးတွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Reuter

ရခိုင်အရေးကြောင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာမှုကို ရင်ဆိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ် တိုင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ထွက်ရှင်းရခြင်း တပ်မတော် ကို ကာ ကွယ်ပေးခြင်း မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။
ဦးဇော်ဌေးက“ICJ မှာဆွဲတာက တပ်မတော်ကို ဆွဲတာ မဟုတ်ဘူး။ ဒီ NLD အစိုးရကို ဆွဲတာလည်း မဟုတ် ဘူး။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံကို ဆွဲတာဖြစ်တဲ့အတွက် အဲဒါကို ကာကွယ်တာ ဖြစ် တယ်”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံ၏ အမှုကို နိုင်ငံတကာမှ အထူး အလေးထား စောင့် ကြည့် မှုများ ရှိနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်း ချက် များကြောင့် နိုင်ငံတကာ၏ သဘောထားမှာ တဖြည်းဖြည်းခြင်း ပျော့ပျောင်းလာကြောင်းလည်း ဦးဇော်ဌေး က အထက်ပါ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။

အစိုးရ၏ ဖြေရှင်းမှုမှာ ယေဘုယျအားဖြင့် မှန်ကန်ကြောင်း၊ ICJ ၏ ကြားဖြတ် အမိန့်ချမှတ်မှုမှာ အမှားအမှန် ဆုံး ဖြတ်ခြင်းမျိုး မဟုတ်ပဲ ဂျီနိုဆိုက် မဖြစ်စေရေး ကာကွယ်ပေးရန်အတွက် လုပ်ဆောင်ချက်များအား ၄ လအတွင်း အစီအရင်ခံစာ တောင်းဆိုသည့် အချက်အား အစိုးရက လုပ်ပေးရန် တာဝန်ဝတ္တရားရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ဒီကိစ္စက အစိုးရကို အရေးယူတာလည်း မဟုတ်ဘူး။ တပ်မတော်ကို အရေးယူတာလည်း မဟုတ်ဘူး။နိုင်ငံအနေ နဲ့ စွပ်စွဲတာပါ။ နိုင်ငံအနေနဲ့ တုန့်ပြန်ဖို့ပဲ လိုပါတယ်”ဟု ၎င်းက ပြောသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ဂျီနိုဆိုက် (လူမျိုးပြုန်းတီးစေမှု) ပြုလုပ်သည့် စွပ်စွဲချက်အား ICJ က အချက် ၄ ချက်ပါဝင်သော ကြားဖြတ်အမိန့်တခုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့သည်။

အဆိုပါအချက် ၄ ချက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူမျိုးပြုန်းတီးစေမှု တားဆီးရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင်ပြဌာန်းထားသည့် အပိုဒ်အချို့မှ အချက်အလက်များ အပါအဝင် သက်သေ အထောက်အထားများ မဖျက်ဆီးရန်နှင့်လေးလအတွင်း အစီရင်ခံစာ တင်ရမည့် အချက်အလက်များ ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် လူမျိုးတခုအပေါ် ဆက်လက် ကျူးလွန်မှုများ ဆက်မဖြစ်ပေါ်စေရန်နှင့် တပ်မတော် အပါအဝင် မည်သည့် လက်နက်ကိုင်အဖွဲ့ ကမှ ဂျီနိုဆိုက်ကဲ့သို့သော လုပ်ရပ်မျိုး ဆက်လက် မကျူး လွန်စေရန် အစီ အမံများ ဆောင်ရွက်ရန် အချက်တို့လည်း ပါဝင်သည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက“မြန်မာနိုင်ငံက ဒီလိုမျိုး အဆိုးရွားဆုံး ဂျီနိုဆိုက်ဆိုတဲ့ နာမည် ကြီး နဲ့ တွဲ သိသွားဖို့ ဆိုတာက . . . နောက်လာမယ့် သားစဉ်မြေးဆက် အကုန်လုံး ဒုက္ခရောက်မယ်။ နိုင်ငံရဲ့သမိုင်းလည်း တော်တော်လည်း ဆိုးရွားသွားမယ် အနေထားဖြစ်တယ်”ဟု ပြောသည်။

အစိုးရ၏ ကိုယ်တွယ်မှုမှာ အရေးကြီးကြောင်း၊ ကြားဖြတ်အမိန့်နှင့် ပတ်သက်ပြီးအစိုးရကနိုင်ငံနှင့်ပြည်သူအကျိုး ကို ရှေးရှု လုပ်ဆောင် ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်မှသာလျှင် ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေး ကောင်းမွန် လာ ပြီး ဖြည်လျော့မှုများ ရှိလာမည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။

“လုပ်သင့် လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်ဖို့ လိုတယ်။ တပ်မတော်မှာ တာဝန်ရှိတယ်ဆိုရင် တပ်မ တော်ကို ပြတ်ပြတ်သားသား ပြောဖို့ဆိုဖို့ အချိန်တန်ပြီလို့ မြင်တယ်”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်၍“တိုင်းပြည်မှာ ခေတ်အဆက်ဆက်က တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်နဲ့ အခက်အခဲ အကြပ်အ တည်း စိန်ခေါ်မှုတွေကိုတွေကို ရှေ့ထွက်ပြီး ဖြေရှင်းတဲ့ ခေါင်းဆောင် တော်တော်ရှားတယ်။ ဒေါ်အောင်ဆန်းစု ကြည်က ဖြေရှင်းဖို့ ထွက်လာတာက ကြိုဆိုရမယ့်ကိစ္စ ထောက်ခံရမယ့်ကိစ္စ”ဟု ပြောသည်။

လွပ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အစီရင်ခံစာနှင့် ပတ်သက်၍လည်း တပ်မတော်နှင့်လုံခြုံ ရေး တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် ပြစ်မှုများကို စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအရသွားမည် ဖြစ် ကြောင်းနှင့် အရပ်သား များအပေါ် ARSA အဖွဲ့ မှ အကြမ်းဖက်မှုမျိုး ကိစ္စရပ်များကိုမူ အရပ်ဖက် တရားစီ ရင်ရေး အတိုင်း ၂ ပိုင်းခွဲကာ ဆောင် ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ပြောဆိုခဲ့သည်။

အစိုးရက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ပေးပို့ထားသော (ICOE) အစီအရင်ခံစာနှင့်ပတ်သက်၍ တပ် မတော်မှ အသေးစိတ်လေ့လာနေပြီး ယင်းအစီအရင်ခံစာပါ အကြောင်းအရာများနှင့်ပတ်သက်၍ တပ် မတော်က ခုံရုံးတင်စစ်ဆေးမည့်ရက်ကို အတိအကျမပြောနိုင်သေးကြောင်း ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ICOE ၏ အစီအရင်ခံစာတွင် နောက်ဆက်တွဲ ၃၁ ချက်အပါအဝင် စုစုပေါင်း စာမျက်နှာ ၄၅၀ ကျော်ပါရှိ သလို အကြံပြုချက် ၂၂ ချက်အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေရုပ်ရုံး တိုမှလည်း လိုအပ် သည့် ရာဇဝတ် မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် အကြံပြုချက်များလည်း ပါဝင်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို ARSA အဖွဲ့ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်း ကျော် အိမ် နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် များ ထွက်ပေါ်လာ ခဲ့သည်။

ယင်းစွပ်စွဲချက်များကို အကြောင်းပြု၍ ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က တပ်မတော်ကို အ ရေးယူ ရန် တိုက်တွန်းမှုများ ရှိနေပြီး နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ထား သလို နိုင်ငံ တကာ ရာဇဝတ်ခုံရုံး (ICC) ဖြင့်လည်း အရေးယူရန် ကြိုးပမ်းမှုများ ရှိနေသည်။

တပ်မတော် တာဝန်ရှိသူများကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၁၇ တို့တွင် ဖြစ်ပွားခဲ့သည့် အ ကြမ်း ဖက် ပဋိပက္ခများကို တပ်မတော်မှ စတင်ခဲ့ခြင်း မဟုတ်သလို ဌာနတိုင်းရင်းသားများကလည်းစတင်ခဲ့ခြင်းမဟုတ် ကြောင်း၊ တိုင်းရင်းသား မဟုတ်သူ အခြားသူများက စတင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ဘက်က အမြဲပြော ဆိုလေ့ ရှိသည်။

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */